အဲရစ် တန်ဟတ် လက်အောက် ယုံကြည်မှုတွေ မြင့်တက်လာခဲ့တဲ့ အခိုက်အတန့်ကို ထုတ်ပြောလိုက်တဲ့ အဲရစ်ဆင်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ခရစ္စတီယံ အဲရစ်ဆင် ကတော့ ရာသီ အစမှာ ရလဒ် တွေ ဆိုးရွားခဲ့တဲ့နောက် သူတို့တွေဟာ ယုံကြည်ချက် တိုးမြင့်လာခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

လက်ရှိ အချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား အဆင့် 5 နေရာမှာ ရပ်တည်နေပြီး ယူရို ပါလိဂ် ပြိုင်ပွဲမှာလည်း နောက် တစ်ဆင့် တက်ရောက်နိုင်ဖို့ ရမှတ် တစ်မှတ် ရှာဖွေရန်ပဲ လိုအပ်နေပါတော့တယ် ။

အခြားတဖက်မှာတော့ ဒီရာသီ ယူနိုက်တက်တို့ ပြိုင်ပွဲစုံ 15 ပွဲ ကစားထားခဲ့ရာမှာ 9 ပွဲနိုင် ၊ 2 ပွဲ သရေ ၊ 4 ပွဲရှုံး ရလဒ််ကို ရယူထားနိုင်ခဲ့ပါတယ် ။ ဒါတွေဟာ ယူနိုက်တက်တို့ ရာသီ အစမှာ ဘရိုက်တန် ၊ ဘရန့်ဖို့ဒ် တို့ကို 2 ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့နောက် ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက်တို့ တော့တင်ဟမ် ၊ လီဗာပူး ၊ အာဆင်နယ် အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ပြီး အနိုင် ရရှိခဲ့ကာ ချဲလ်ဆီး ကို သရေ ၊ မန်စီးတီး ကိုသာ ရှုံးထားခဲ့တာပဲ ဖြစ််ပါတယ် ။ အခုတော့ အဲရစ်ဆင် က အသင်းနဲ့ ပတ်သက်လို့ အပေါင်း လက္ခဏာဆောင်တဲ့ မှတ်ချက်တွေ ပေးခဲ့ပြီပဲ ဖြစ်ပါတယ် ။

” ကျွန်တော်နဲ့ ကစားသမားတွေဟာ ရာသီအစမှာ ဘာတွေ လုပ်နေကြတာလဲဆိုတာကို သိမြင်ခဲ့ကြပြီး နောက််ပိုင်း 1- 0 ဆိုတဲ့ ရလဒ် နဲ့ နိုင်ပွဲ တွေက ကျွန်တော်တို့ကို ယုံကြည်မှုတွေ တဖြေးဖြေး မြင့်တက်လာစေခဲ့ပါတယ် ။ ကျွန်တော်တို့ ကစားပုံ တိုးတက်လာခဲ့ပြီး အရှိန်အဟုန် တစ်ခု ရရှိနိုင်ခဲ့ကြပါတယ် ”

” အဲ့တာတွေက ဘရန့်ဖို့ဒ် အသင်းကို 4 – 0 နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ဖြစ်ပွားလာခဲ့ရတာပါ ။ အဲ့ဒီနောက် ကျွန်တော်တို့ ယုံကြည်မှုတွေ မြင့်တက်လာခဲ့ပြီး နည်းပြ လုပ်စေချင်တဲ့ အရာတွေကို လုပ်ပြနိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ ကွင်းထဲမှာတော့ ကျွန်တော်တို့ ကိုယ်တိုင် ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ရတာပေါ့ဗျာ ”

” ကျွန်တော်နဲ့ အသင်းသားတွေဟာ တိုးတက်လာခဲ့ကြတယ်လို့ ခံစားနေခဲ့ရပါတယ် ။ ဒါကို ခင်ဗျားတို့လည်းသိကြလိမ့်မယ်လို့ ထင်ပါတယ် ။ ကျွန်တော်တို့ရဲ့ ကစားပုံတွေ တိုးတက်လာခဲ့တာကို ခင်ဗျားတို့ မြင်တွေ့နေခဲ့ကြရမှာပဲလေ ”

” ဒါဟာ ကျွန်တော်တို့ ယုံကြည်ချက်တွေ ပိုမို ကောင်းမွန်လာခဲ့လို့ ဖြစ်ခဲ့ရတာပါ ။ ကျွန်တော်တို့ ဒီထက် ပိုကောင်းဖို့ လုပ်စရာ အများကြီး ရှိနေပါသေးတယ် ။ ကျွန်တော်တို့ ရှေ့ဆက် ပြောင်းလဲဖို့ လိုအပ်ပါသေးတယ် ။ အားလုံးကို ခြုံကြည့်လိုက်ရင် ကျွန်တော်တို့ မှန်ကန်တဲ့ လမ်းကြောင်း အပေါ်ကို ရောက်နေကြပါပြီ ”

” ကျွန်တော်တို့ ကစားသမား အချင်းချင်းလည်း အချိတ််အဆက်မိနေပြီလို့ ခံစားနေခဲ့ရပါတယ် ။ ကျွန်တော်တို့ တစ်ဦးကို တစ်ဦး ပိုမိုသိကျွမ်းလာခဲ့ပြီလို့လည်း ခံစားနေခဲ့ရပါတယ် ။ ဒါဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး ကစား သမားကောင်းတွေလည်း အများကြီး ရှိနေတယ်လေ ” လို့ အဲရစ်ဆင် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar