ဟယ်ရီကိန်း အတွက် ဘယ်အသင်းက အပြီးပြည့်စုံဆုံး ဖြစ်မလဲဆိုတာ ပြောပြလိုက်တဲ့ ဒါးရင်းဘန့်

 

တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်သူ ဒါးရင်းဘန့် က လက်ရှိ အသင်းမှာ တိုက်စစ််မှူး ဟယ်ရီ ကိန်း အတွက် ပြိုင်ဖက် မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့တာက အကောင်းဆုံး ဖြစ််စေနိုင်လိမ့်မယ်လို့ ပြောခဲ့လိုက်ပါတယ် ။

ဟယ်ရီကိန်းဟာ မကြာမီမှာပဲ အသက် 30 အနားရောက်ဖို့ နီးကပ်နေပြီပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ကစားသမား ဘဝကို တော့တင်ဟမ် ဟော့ စပါး အသင်းမှာပဲ မြှုပ်နှံထားခဲ့တဲ့ ဟယ်ရီ ကိန်း ဟာ အခုထက်ထိ အသင်းနဲ့ ဆုဖလား တစ်လုံးမှ ဆွတ်ခူးနိုင်ခြင်း မရှိခဲ့သေးပါဘူး ။

အခြားတဖက်မှာတော့ နှစ်စဥ်နှစ်တိုင်း ဆုဖလားတွေကို ဆွတ်ခူးနေခဲ့တဲ့ မန်စီးတီး အသင်းဟာ ပြီးခဲ့တဲ့နွေတုန်းက ဒေါ့မွန် အသင်းမှ တိုက်စစ်မှူး အားလင်း ဟာလန်းကို ခေါ်ယူခဲ့တဲ့အတွက် နောက်ထပ် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ တွေးတောဖွယ် ရှိမနေပါဘူး ။

ဒါ့အပြင် အာဆင်နယ် ၊ လီဗာပူး အသင်းတို့ မှာလည်း ဂါဘရီယယ် ဂျေဇု နဲ့ ဒါဝင် နူးနက်ဇ် ၊ ဖာမီနို တို့ ရှိနေကြပါသေးတယ် ။ ဒီလို အနေအထား တစ်ရပ်မှာ ဟယ်ရီကိန််း အနေနဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့တာ အကောင်းဆုံး ဖြစ်နိုင်လိမ့်မယ်လို့ ဒါးရင်းဘန့် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

” သူ ဘယ်သွားမလဲ? စီးတီး ကတော့ လူမလိုတော့ပါဘူး ။ ယူနိုက်တက်က ပြီးပြည့်စုံနေပါလိမ့်မယ် ။ သူတို့တွေက အထောင် တိုက်စစ်မှူး တစ်ဦးကို လိုအပ်နေခဲ့တာလေ။ ဒါ့ကြောင့် သူ့ဆီ ပြောင်းတာက အဓိပ္ပါယ် ရှိစေပါလိမ့်မယ် ” လို့ ဒါးရင်းဘန့် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

ဘယ်လိုပဲ ဖြစ်ပါစေ ၊ ဒါဟာ လက်တွေမှာ ဖြစ်လာနိုင်ဖို့ ခက်ခဲကြောင်းလည်း ဒါးရင်းဘန့်က ပြောခဲ့လိုက်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ဟယ်ရီကိန်း ဟာ ငယ်မွေးခြံပေါက်် ကလပ်မှ မထွက်ခွာလိုသလို သူ့ရဲ့ ပြောင်းရွှေ့ကြေးကလည်း များနေမှာမို့လို့ပဲ ဖြစ်ပါတယ် ။

” သူ ထွက်လိမ့်မယ်လို့တော့ ကျွန်တော် မယုံကြည်ပါဘူး ။ ပထမ တစ်ချက်က ဟယ်ရီ ဟာ ဒီဘောလုံး အသင်းကို ချစ်သလို ဒုတိယ အချက်က သူ့ကို ခေါ်ယူဖို့ အသင်းတစ်သင်းဖက်က ငွေတွေ အများကြီး စိုက်ထုတ်ရမှာ မို့လို့ပဲ ဖြစ််ပါတယ် ”

” ကိန်းအတွက် ငွေပေးရတာက တန်တယ်လို့ သူတို့ သိကြမှာပါ ။ ဒါပေမဲ့ စပါးကလည်း သူဟာ လူတွေထင်တာထက် ပိုပြီး စျေးကြီးသူလို့ တွေးတောထားကြသူတွေပါ ။ စပါး လိုချင်တဲ့ ငွေကို မပေးနိုင်ရင် သူတို့ရဲ့ ကစားသမား ကို ရနိုင်မှာ မဟုတ်ဘူးလေ ”

” ဒန်နီဟယ် လီဗိုင်းကလည်း သူ့ကို ပေါင် သန်း 60 လောက််နဲ့ ရောင်းထုတ်မယ့်သူမျိုး မဟုတ်ဘူးလေ ။ သူဟာ အသင််း နဲ့ စာချုပ် သက်တမ်း 2 ပါတ်ပဲ ကျန်ရင်တောင် လီဗိုင်းက သူ့အတွက် ပေါင်သန်း 100 လောက် တောင်းသွားမှာပါ ” လို့ ဒါးရင်းဘန့် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar