ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ခွာလာခဲ့ရတဲ့နောက် အမှန်တရားတစ်ခုကို ရိုးသားပွင့်လင်းစွာ ဝန်ခံလိုက်တဲ့ ဘာကာ ကြယ်ပွင့်လေး ပီဒရီ

စပိန် ထိပ်သီး ဘာစီလိုနာ အသင်းဟာ ဒီနေ့ နံနက် နူးကမ့် ကွင်းထဲမှာ ဘိုင်ယန် မြူးနစ် အသင်းကို 0 – 3 ဆိုတဲ့ ရလဒ်် နဲ့ ဂိုးပြတ် ရှုံးနိမ့်သွားခဲ့တဲ့နောက် ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ခွာပြီး ယူရိုပါလိဂ် ပြိုင်ပွဲဆီ သွားရောက်ဖို့ အခြေ အနေဖန်လာခဲ့ပါပြီ ။

ဘာစီလိုနာ အသင်းဟာ ချန်ပီယံလိဂ် ပွဲစဥ် 5 ပွဲ ကစားခဲ့ရာမှာ ဗစ်တိုးရီးယား ပလာဇန် အသင်း တစ်သင်းထဲကိုပဲ အနိုင် ကစားနိုင်ခဲ့ပြီး အင်တာ မီလန် ကို တစ်ပွဲ သရေ ၊ တစ်ပွဲ ရှုံး ၊ ဘိုင်ယန် မြူးနစ် အသင်းကို နှစ်ပွဲလုံး ရှုံးပြီး ရမှတ် 4 မှတ်ပဲ စုဆောင်းထားနိုင်ခဲ့ပါတယ် ။

အဆိုပါ ပွဲစဥ်အပြီးမှာတော့ ဘာစီလိုနာ နည်းပြ ဇာဗီ က သူတို့ဟာ ဘိုင်ယန်ကို ယှဥ်ပြိုင်ဖို့ အားမတန်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါသေးတယ် ။

အခုတော့ ဘာကာ ကြယ်ပွင့် ကစား သမားလေး ပီဒရီ က သူတို့ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ စိန််ခေါ်မှု လုပ်နိုင်စွမ်း မရှိကြောင်း ဝန်ခံခဲ့လိုက်ပါတယ် ။

” ဟုတ်ပါတယ် ၊ ဒါဟာ ကျရှုံးမှု တစ်ခုပါပဲ ။ ဘာစီလိုနာ ဟာ ဒီပြိုင်ပွဲမှထွက်ခွာဖို့ ထိုက်တန်ခဲ့ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်မှာဆက်ကစားဖို့ ထိုက်တန်မှု မရှိကြတော့လို့ပါပဲ ။ ကျွန်တော်တို့ဟာ ဆက််လက် တိုးတက်နိုင်သေးတဲ့ လူငယ် အသင်း တစ်သင်းပါ ”

” ကျွန်တော်တို့ဟာ ခမ်းနားတဲ့ ခေါ်ယူမှု အချို့ လုပ်ဆောင််ခဲ့ကြပါတယ် ။ ဒါပေမဲ့ အဲ့တာက ကျွန်တော်တို့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဆက်လက် ယှဥ်ပြိုင်နိုင်ဖို့ လုံလောက်မှု မရှိစေခဲ့ပါဘူး ။ ဒါဟာ တကယ့်ကို စိတ်မကျေနပ် ဖြစ်ချင်စရာ ဖြစ်ခဲ့ရပါတယ် ”

” ဒီပွဲမှာ ကျွန်တော်တို့ လိုအပ်ချက်တွေ အများကြီး ရှိခဲ့ကြပါတယ် ။ ဒီအတွက် မိမိကိုယ်ကိုပဲ အပြစ်တင်ရပါလိမ့်မယ် ။ မြူးနစ် က ဒီထက် ပိုကောင်းတဲ့ ရလဒ် နဲ့ ထိုက်တန််ခဲ့တာ မှန်လှပါတယ် ။ ဒါပေမဲ့ မီလန် မှာ ကျွန်တော်တို့ ပိုကောင်းတဲ့ အခိုက်အတန့်တွေ ပိုင်ဆိုင်ခဲ့ပါသေးတယ် ”

” ဒါပေမဲ့ ဒီနေ့ ပွဲစဥ်က စွမ်းဆောင်ရည်တွေကို ကြည့်ရှုလိုက်တဲ့နောက်တော့ ကျွန်တော်တို့ဟာ ဒီပြိုင်ပွဲမှာ ဆက်နေဖို့ မထိုက်တန်တော့ဘူးဆိုတာကို သိခဲ့လိုက်ရပါတယ် ။ ကျွန်တော်တို့ဟာ ဒီပြိုင်ပွဲမှာ ဆက်လက် ယှဥ်ပြိုင်နိုင်စွမ်း မရှိကြတော့ပါဘူး ”

” ကျွန်တော်တို့ ဘောလုံးကိုင် ကစားတဲ့ အခါမှာ ပိုပြီး တည််ငြိမ်ဖို့ လိုအပ်ခဲ့ပါတယ် ။ ဒီနေရာမှာ ကျွန်တော်တို့ တိုးတက််ဖို့ လိုနေတာ အသေအချာပါပဲ ။ အဲ့တာက လွဲရင် ဘိုင််ယန် ဟာ အခြားသော နေရာတွေမှာ ကျွန်တော်တို့ထက် သိသိသာသာ ပိုကောင်းခဲ့ပါတယ် ”

” သူတို့ဟာ ရုပ်ပိုင်းဆိုင်ရာ ပိုပြီး ကြံ့ခိုင်ခဲ့ကြသလို ဘောလုံံး ယှဥ်လုရာမှာလည်း ပိုကောင်းခဲ့ကြပါတယ် ။ ဒီပြိုင်ပွဲမှာ အဲ့တာတွေ လုပ်ပြနိုင်မှ စိန်ခေါ်မှုတွေ လုပ်နိုင်မှာလေ ” လို့ ပီဒရီ က ဝန်ခံ စကား ပြောကြား သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar