အိုင်ယက်ကို နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ဆိုးရွားတဲ့ လွဲချော်မှု ဖြစ်ခဲ့တဲ့ ဒါ၀င်နူးနက်နဲ့ ပက်သက်ပြီး ခန့်မှန်းမှု လုပ်ခဲ့တဲ့ ရီယိုဖာဒီနန်

 

ရီယိုဖာဒီနန်က မနေ့ညက အိုင်ယက်ကို အမ်စတာဒမ်မှာ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်ရဲ့ ပထမပိုင်း ပြီးခါနီးမှာ ဆိုးရွားတဲ့ လွဲချော်မှု ဖြစ်ခဲ့တဲ့ ဒါ၀င်နူးနက်ဟာ လီဗာပူး အတွက် အကျိုးပြုနိုင်မယ့် တိုက်စစ်မှုး ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။

လီဗာပူးဟာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် သရေတစ်မှတ် လိုအပ်ပေမယ့်လည်း နယ်သာလန် ချန်ပီယံကို ဆာလား နူးနက် အယ်လီယော့ တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ယူကာ နောက်တဆင့်ကို တက်သွားခဲ့ပါတယ်။

 

ဒဏ်ရာ ကနေ ပြန်လာခဲ့တဲ့ နူးနက်ဟာ ဆာလားရဲ့ အဖွင့်ဂိုး ပြီးနောက် သိပ်မကြာခင်မှာ ၆ ကိုက်စည်း အတွင်း အကောင်းဆုံး အခွင့်အရေး ရခဲ့ပေမယ့်လည်း ၎င်းရဲ့ ကန်ချက် အံ့ဖွယ် တိုင်ထိထွက် သွားခဲ့ပါတယ်။

ဒါပေမယ့် ဥရုဂွေး တိုက်စစ်မှုးဟာ ဒုတိယပိုင်း အစမှာ ရောဘတ်ဆန်ရဲ့ ထောင့်ကန်ဘောကနေ ခေါင်းတိုက် သွင်းယူကာ ဒါကို ပြန်လည် ချေပခဲ့ပါတယ်။ အယ်လီယော့ဟာ ဆာလားရဲ့ ဖန်တီးမှုကနေ ဂိုးသွင်းယူကာ ပွဲကို စောစောစီးစီး ဖြတ်ခဲ့ပါတယ်။

အိုင်ယက်ကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာ နူးနက်ရဲ့ ကစားပုံ အပေါ် ဖာဒီနန်က “အဆိုး အကောင်းတွေ ရှိခဲ့ပါတယ်။ သူနဲ့ ပက်သက်ပြီး ခေါင်းကုတ်ခဲ့ရတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကောင်းတာက သူဟာ အမြဲတမ်း နေရာကောင်းမှာ ရှိနေအောင် ကြိုးစားကာ ဘယ်တော့မှာ စိတ်ဓာတ်မကျဘဲ အပြင်းအထန် အားထုတ်ပါတယ်။ သူဟာ ပြိုင်ဘက်တွေနဲ့ တိုက်ခိုက်သွားဖို့ အမြဲ အလို ရှိပါတယ်။ ဒါဟာ ကောင်းတဲ့ အရာတွေပါ။ ဒီလိုလူမျိုးကို ကိုယ့်အသင်းမှာ လိုချင်ပါတယ်။

သူဟာ ဂိုးသွင်းတာ တိကျသပ်ရပ်တဲ့ တိုက်စစ်မှုးတော့ ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူဟာ အနာဂတ်မှာ အသင်းအတွက် အကျိုးပြုနိုင်မယ့် တိုက်စစ်မှုးတော့ ဖြစ်လာပါလိမ့်မယ်။ ဒီကလပ် အတွက် ဂိုးတွေ သွင်းယူပေမယ့် effective striker မျိုးပေါ့။ နောက်ခံလူ တစ်ဦး အနေနဲ့ သူ့ကို ရင်ဆိုင် ကစားရတာဟာ ခက်ခဲပါတယ်။ သူဟာ နောက်ခံလူတွေကို ခက်ခဲတဲ့နေ့တွေ ပေးနိုင်ပါလိမ့်မယ်။” လို့ ခန့်မှန်းသွားပါတယ်။

အန်ဒီရောဘတ်ဆန်က နူးနက်ဟာ အိုင်ယက်နဲ့ ပွဲစဉ်က ပထမပိုင်း လွဲချော်မှု အတွက် အ၀တ်လဲခန်းထဲမှာ ဒေါသထွက်နေခဲ့တယ်လို့ ထုတ်ဖော်သွားပါတယ်။

ရောဘတ်ဆန်က “ပထမပိုင်းအပြီးမှာ ဒါ၀င်ဟာ အခွင့်အရေး လွဲချော်ခဲ့တဲ့ သူ့ကိုယ်သူ ဒေါသထွက်ကာ စိတ်ပျက်နေခဲ့ပါတယ်။ အ၀တ်လဲခန်းထဲမှာ ကျွန်တော်ဟာ သူ့ဘေးမှာ ထိုင်တာပါ။ ကျွန်တော် သူ့ကို အားပေးစကား ပြောခဲ့ပေမယ့် ဒါကို သူနားလည်မလားဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ဒါပေမယ့် သူဟာ အသင်းအတွက် ဒုတိယမြောက်ဂိုး ရယူပေးခဲ့ပါတယ်။

၃-၀ နဲ့ ဦးဆောင်နိုင်မှုဟာ အမြဲတမ်း အန္တရာယ် ရှိပေမယ့် အမြဲတမ်း ကောင်းတဲ့ အရာလည်း ဖြစ်ပါတယ်။ အဲဒီနောက် ဟာဗေးက အရမ်းကောင်းတဲ့ ဂိုးကို သွင်းယူခဲ့ကာ နောက်ပိုင်းမှာ ကျွန်တေ်ာတို့ ပွဲကို ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။” လို့ ဆိုသွားပါတယ်။

SM