အင်္ဂလန်ကို စိတ်ဝင်စားတယ်ဆိုတဲ့ ကမ္ဘာ့အလှဆုံး ဘောလုံးမယ် မာကိုဗစ်

ကမ္ဘာ့အလှဆုံး အမျိုးသမီး ဘောလုံး ကစားသမားလို့ သတ်မှတ် ခံထားရသူဟာ အင်္ဂလန် မြေပေါ်ကို လာရောက် ကစားဖို့ စိတ်ကူး နေတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အသက် ၂၂ နှစ်သာ ရှိသေးတဲ့ ခရိုအေးရှား ဘောလုံးမယ် အန်နာ မာရီယာ မာကိုဗစ် ဟာ မကြာခင်က အင်တာဗျူး တခုမှာ အင်္ဂလိပ် ကလပ်တွေ အပေါ် စိတ်ဝင်စားမှု ရှိကြောင်းနဲ့ အမျိုးသမီး စူပါလိဂ် ( WSL ) ကို ပါဝင် ကစားလိုကြောင်း ထုတ်ဖော် ပြောဆို ခဲ့တာပဲ ဖြစ်ပါတယ် ။

လက်ရှိ ဆွစ်ဇာလန် ကလပ် ဂရပ်စ်ဟော့ပါ အသင်းမှာ ကစားနေတဲ့ တိုက်စစ်မှူးလေး ဟာ ဂျာမန် အမျိုးသမီး ကလပ်တွေ ဆီက စိတ်ဝင်စားမှု ကို ရရှိထား ပါတယ် ။

ဒါပေမယ့် မာကိုဗစ် ကတော့ အင်္ဂလန် ကို ပိုပြီး စိတ်ဝင်စားနေတယ် လို့ ကြားသိရ ပါတယ် ။

 

“နောက်ပိုင်းမှာ အင်္ဂလန် ကို သွားဖို့ကို ကျွန်မ စိတ်အဝင်စား ဆုံးပါပဲ ။ အခုချိန် မှာတော့ အပြင် ထွက်ဖို့ အဆင်သင့် မဖြစ်နေ သေးပါဘူး ။ ဘာလို့လည်း ဆိုတော့ ဒီကလပ် က ကျွန်မ ကို အများကြီး သင်ပြ ပေးခဲ့ပြီး ဒီမှာ နေရတာကိုလည်း အရမ်း သက်တောင့်သက်သာ ရှိတယ်လို့ ခံစားမိ လို့ပါ” လို့ မာရီယာ မာကိုဗစ် က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး မာကိုဗစ် က အမျိုးသား နဲ့ အမျိုးသမီး ဘောလုံး ပွဲတွေ ရဲ့ အကြား ကွာခြားပုံ နဲ့ လိင်ပိုင်း ဆိုင်ရာ ထိပါး ပြောဆို ခံရမှုတွေကိုလည်း အဆိုပါ အင်တာဗျူးမှာ ထည့်သွင်း ပြောဆိုခဲ့ ပါတယ် ။

ကမ္ဘာ့ အလှဆုံး ၊ ကမ္ဘာ့ စွဲဆောင်မှု အရှိဆုံး ဘောလုံးမယ် တယောက် ဖြစ်ရတဲ့ ဘဝက တကယ်မလွယ်ပါဘူး ။ ဒါကို မာကိုဗစ် တယောက် ကောင်းကောင်း အတွေ့အကြုံ ရှိနေမှာပါ ။

“အမျိုးသားတွေ နဲ့ အမျိုးသမီး ( အသင်းတွေ ၊ ပွဲတွေ ) ကြာမှာ အဓိက ဘာကွာသွားလဲ ဆိုတော့ လူတွေ ရဲ့ လိင်ပိုင်းဆိုင်ရာ ပြောဆိုမှု ကို မခံရနိုင်တာပါပဲ ။ ကျွန်မ ဘီကနီ ဝတ်ထားတဲ့ ပုံနဲ့ အာလင်း ဟာလန်း အတွင်းခံ ဝငတ်ထားတဲ့ ပုံ ၂ ခုကို လိုင်းပေါ် တပြိုင်တည်း တင်လိုက်ကြည့်ပါလား ၊ သူ ( ဟာလန်း ) ကျွန်မ လောက် ပြောဆို ခံရမှာ မဟုတ်တာ သေချာပေါက် လောင်းရဲပါတယ်”

“ကျွန်မတို့ အမျိုးသမီး ဘောလုံးသမားတွေ က တယောက်လက်ကို တယောက်တွဲပြီး ညီညီညွတ်ညွတ် ရပ်တည် ကြပါတယ် ။ ကျွန်မ ဖြစ်စေချင်တာက အမျိုးသားတွေ ကိုလည်း ကျွန်မတို့ တွေနဲ့ အတူ လက်တွဲပြီး မားမားမတ်မတ် ရပ်တည်စေချင် တာပါ”

“ယောက်ျားတွေ ဟာ ဂုဏ်ယူစရာ ကောင်းတဲ့ လူသားတွေ အဖြစ် သတ်မှတ်ခံ ကြရပါတယ် ။ ဒါပေမယ့် ကျွန်မ ကတော့ သူတို့အနေနဲ့ အမျိုးသမီးတွေ နဲ့ အတူတူ ရပ်တည်ပေးနိုင်မှု ကိုပါ ထည့်တွက်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်” လို့ မာကိုဗစ် က ပြောဆို သွားခဲ့ ပါတယ် ။

ကမ္ဘာ့ အလှဆုံး ဘောလုံးမယ် က သူမရဲ့ အဓိက ရည်ရွယ်ချက် ဟာ ကျားမ တန်းတူညီမျှမှု ဖြစ်တယ်လိ့ုလည်း ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR