ရော်နယ်ဒို အပေါ် အဲရစ် တန်ဟတ် ရဲ့ ပြုမူ ​ဆက်ဆံပုံကို ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်လိုက်တဲ့ ဆောင်းနက်စ်

လီဗာပူး အသင်းရဲ့ အသင်း ခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်သူ ဂရေမီ ဆောင်းနက်စ်က ရော်နယ်ဒိုကို ပဏာမ ကစားသမား ရွေးချယ်မှု စာရင်းထဲတောင် မထည့်သွင်းပဲ လေ့ကျင့်ရေးကွင်းမှာ တစ်ဦးထဲ လေ့ကျင့်စေတဲ့ ယူနိုက်တက် နည်းပြ တန်ဟတ် အပေါ် ပေါက်ကွဲ သွားခဲ့လိုက်ပါတယ် ။

ကစားသမား ဘဝအတွင်း Ballon D’ Or ဆု 5 လုံး အထိ ရယူ ဆွတ်ခူးထားနိုင်ခဲ့ပြီးပြီ ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ယူနိုက်တက်တို့ တော့တင်ဟမ် ဟော့ စပါး အသင််းကို 2 – 0 ဆိုတဲ့ ရလဒ် နဲ့ နိုင်ခဲ့တဲ့ ပွဲစဥ်မှာ လူစားဝင်ပြီး ကစားပေးဖို့ ငြင်းဆန်ခဲ့တဲ့နောက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ် ။

 

အဲ့ဒီနောက် သူဟာ ကာရင်တန် လေ့ကျင့်ရေးကွင်းထဲမှာ တစ်ဦးတည်း လေ့ကျင့်ဖို့ အပြစ်ဒဏ် ပေးခံခဲ့ရသလို ချဲလ်ဆီး နဲ့ တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲစဥ်မှာလည်း ပွဲထွက်ခွင့် မရခဲ့သလို လူစားဝင် ကစား သမား စာရင်းထဲတောင် မပါဝင်နိုင်ခဲ့ပါဘူး ။

ဒါ့ကြောင့် စပါးနဲ့ ပွဲစဥ်မှာ ပွဲမပြီးခင် ကွင်းထဲမှ အဝတ်လဲဲခန်းထဲ သူထွက်သွားတဲ့ ပုံစံနဲ့ ချဲလ်ဆီး ပွဲစဥ်မှာ မပါဝင််နိုင်ခဲ့ခြင်းတွေက သတင်းထောက်တွေနဲ့ ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး ခေါင်းကြီးပိုင်း သတင်းတွေ ဖြစ််စေနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

 

အခုတော့ လီဗာပူး ဂန္တဝင် ဆောင်းနက်စ် က နောက် 5 နှစ် ကြာတဲ့အခါ မန်ချက်စတာ ယူနိုက်တက် အသင်းမှ အဲရစ် တန်ဟတ် ထွက်ခွာသွားခဲ့ရင် သူ့အကြောင်း ဘယ်သူမှ အကြာကြီး ပြောကြမှာ မဟုတ်ပေမယ့် ရော်နယ်ဒိုဟာ ကမ္ဘာ့ အကောင်းဆုံး အဖြစ် အသိအမှတ် ပြုခံရဦးမှာ ဖြစ်ကြောင်း အစပြု ပြောဆို ဝေဖန်သွားခဲ့လိုက်ပါတယ် ။

” 5 နှစ်လောက် ကြာလို့ အဲရစ် တန်တဟ် မန်ချက်စတာ ယူနိုက်တက်မှ ထွက်ခွာသွားခဲ့ရင် ဘယ်သူကမှ သူ့ရဲ့ အကြောင််း ၊ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့တာတွေ အကြောင််း သိပ်ပြောကြမှာ မဟုတ်ပါဘူး ။ ဒါပေမဲ့ ရော်နယ်ဒို ကိုတော့ ဘောလုံး လောကရဲ့ အခမ်းနားဆုံး ကစားသမား တစ်ဦးအဖြစ် အားလုံးက အမှတ်ရနေဦးမှာပါ ”

” အခု ကိစ္စက ရော်နယ်ဒို ကို မေ့ပျောက်စေနိုင်မယ် ထင်သလား ? သူဟာ ပွဲစဥ်တွေရဲ့ အခမ်းနားဆုံး ကစားသမား တစ်ဦးပါ ။ ခင်ဗျားဖက်က သူ့ကို ခပ်လျော့လျော့ကလေး ကိုင်တွယ်ပြီး ကွင်းထဲ ဆက်ရှိစေသင့်ပါတယ် ။ အကယ်လို့ အဝတ်လဲခန်းထဲမှာ မပျော်မရွှင် ဖြစ်နေတဲ့ ရော်နယ်ဒို ရှိနေရင် ပြသနာတွေ ဖြစ်လာမယ်ဆိုတာ ခင်ဗျားလည်း သိမှာပါ ”

” အခုဟာက မန်ချက်စတာ ယူနိုက်တက် အသင်းဖက်က ကိုယ်တိုင် ဖန်တီးလိုက်တဲ့ ပြသနာပဲလို့ ကျွန်တော် ထင်ပါတယ် ။ သူတို့ ခြေထောက်ကို သူတို့ ချိန်ပစ်လိုက်တာပါ ။ ကျွန်တော်သာဆို သူ့ကို ခြားနားတဲ့ နည်းလမ်း တစ်ခုနဲ့ အသုံံးပြုဦးမှာပါ ။ သူဟာ အသင်းအတွက် တစ်စုံတခု လုပ်နိုင်သေးတယ်လို့ ကျွန်တော် ထင်နေသေးတယ်လေ ”

” မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လမ်းကြောင်း အမှန်ပေါ် သွားနေတာပါ ။ ဒါပေမဲ့ အခုဟာက မလိုအပ်ပဲ ပြသနာ ရှာခြင်းပါပဲ ။ မန်နေဂျာ ၊ အသင်း ၊ ဘောလုံး နဲ့ သက်ဆိုင်သူတွေ ချမှတ်ခဲ့တဲ့ ဒီဆုံးဖြတ်ချက်က မှားခဲ့ရတယ်လို့ ကျွန်တော် ထင်ပါတယ် ” လို့ ဆောင်းနက်စ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar