ဒေါ့မွန် နဲ့ ပွဲမှာ အခြေအနေ သုံးရပ်​ကြောင့် ဟာလန်း ကို လူစားလဲလိုက်ရတာ ဖြစ်တယ်လို့ ဖွင့်ဟလာတဲ့ ဂွာဒီယိုလာ

မန်ချက်စတာစီးတီး အသင်း နည်းပြ ဂွာဒီယိုလာ က မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်(၅) မှာ တိုက်စစ်မှူး အာလင် ဟာလန်း ကို စောစောစီးစီး လူစားလဲ ခဲ့တဲ့ အကြောင်းအရင်းကို ရှင်းပြ သွားခဲ့ပါတယ် ။

မာရက်ဇ် ရဲ့ ပင်နယ်တီ မဝင်မှုကြောင့် ဂိုးမရှိ သရေ နဲ့ ပွဲပြီးဆုံး သွားခဲ့တဲ့ ဒေါမွန် အသင်း နဲ့ မန်စီးတီး အသင်းပွဲမှာ ဟာလန်း ဟာ ပထမပိုင်း ၄၅ မိနစ် အပြီးမှာပဲ လူစားလဲ ခံလိုက်ရတာပါ ။ ဒေါ့မွန် အသင်း နဲ့ သရေကျသွားခဲ့ပေမယ့် မန်စီးတီး အသင်းဟာ အုပ်စု ပထမ အဖြစ်နဲ့ နောက်တစ်ဆင့် တက်သွားခဲ့ပြီ ဖြစ်ပါတယ် ။

မန်စီးတီး အသင်း ပရိသတ်တွေကတော့ ဒေါ့မွန် အသင်း နဲ့ ပွဲ ပထမပိုင်း အပြီးမှာ ဟာလန်း ကို လူစားလဲလိုက်တာကြောင့် ဒဏ်ရာ ပြဿနာများ ရှိသွားတာလား ဆိုပြီး စိုးရိမ်စိတ် ရှိနေကြပါတယ် ။ နည်းပြ ဂွာဒီယိုလာကတော့ ဟာလန်း ကို လူစားလဲ လိုက်တာ နဲ့ ပတ်သက်ပြီး ခုလို ရှင်းပြ သွားခဲ့ပါတယ် ။

” အခြေ အနေ သုံးရပ်ကြောင့်ပါ ၊ ပထမတစ်ခုက ဟာလန်း အရမ်း ပွဲပန်း နေတာကို ကျွန်တော် သတိထားမိတာကြောင့်ပါ ၊ ဒုတိယတစ်ခုကတော့ သူလည်း ကန်ဆယ်လို လိုပဲ အဖျား အနည်းပဲ ရှိနေပါတယ် ၊တတိယ တစ်ခုက သူ့ခြေထောက်မှာ အသေးစား ဒဏ်ရာ တစ်ခု ရသွားတာကြောင့်ပါပဲ ။ ”

လာမယ့် အပတ် လက်စတာ စီးတီး နဲ့ ပွဲမှာရော ဟာလန်း ပါဝင် ကစားနိုင်ပါ့မလား ဆိုတဲ့ မေးခွန်းကိုလည်း ဂွာဒီယိုလာ က ” အခု လောလောဆယ်မှာတော့ ကျွန်တော် မသိပါဘူး ၊ ပထမပိုင်းတုန်းက စိုးရိမ်မှု အနည်းငယ် ရှိခဲ့ပေမယ့် ပွဲအပြီးမှာ သူ လမ်းလျှောက်နေတဲ့ပုံ ကြည့်ရသလောက် အဆင်ပြေမယ့်ပုံပေါ် ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အသက် ၂၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နော်ဝေး လက်ရွေးစင် တိုက်စစ်မှူး အာလင် ဟာလန်း ဟာ ပရီးမီးယားလိဂ် ၁၁ ပွဲ ကစား ၁၇ ဂိုး သွင်းယူ ထားပြီး ၊ ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း လေးပွဲ ကစား ၅ ဂိုး သွင်းယူ ထားပါတယ် ။

ဒေါ့မွန် နဲ့ ပွဲမှာ ဂွာဒီယိုလာ ဟာ ပထမပိုင်းအပြီး ဟာလန်း ကိုသာမက ကန်ဆယ်လို ကိုပါ အကန်ဂျီ နဲ့ လူစား ခဲ့တာ ဖြစ်ပါတယ် ။ ဂွာဒီယိုလာ ကတော့ ကန်ဆယ်လိုလည်း ကစားရတာ သိပ်အဆင်မပြေ ဖြစ်နေတာကြောင့် လူစားလဲ လိုက်ရတာ ဖြစ်တယ်လို့ အတည်ပြု သွားခဲ့ပါတယ် ။

SM