ဒီရာသီ ယူနိုက်တက်တို့ အမှတ်ပေး ဖလား ဆွတ်ခူးနိုင်စွမ်း ရှိသေးတယ်လို့ ပြောဆိုရှင်းပြလိုက်တဲ့ လူးဝစ် ဆာဟာ

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင််း ဖြစ်သူ လူးဝစ် ဆာဟာ က ဒီရာသီ အမှတ်ပေး ဖလား ဆွတ်ခူးနိုင်ရေးအတွက် အသင်းဟောင်းမှာ အချိန်ရှိသေးကြောင်း နည်းပြ အဲရစ် တန်ဟတ် ဆီ မက်ဆေ့ ပို့ဆောင် သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဲရစ်တန်ဟတ် ရဲ့လက်အောက်မှာ ပရီးမီးယားလိဂ် ပွဲစဥ် 11 ပွဲ ကစားပြီးချိန် ရမှတ် 20 ထိ စုဆောင်းထားနိုင်ခဲ့ပါတယ် ။ ဒါ့အပြင်် အမှတ်ပေး ဇယားမှာ အဆင့် 4 အောက် တစ်မှတ် အကွာ အဆင့် 6 နေရာမှာ ရပ်တည်နေခဲ့ပါတယ် ။

အခြားတဖက်မှာတော့ မန်ချက်စတာယူနိုက်တက် အသင််းဟာ ယူရို ပါလိဂ် ပြိုင်ပွဲသာ ကစားရတဲ့ အတွက် ချန်ပီယံံလိဂ် ပြိုင်ပွဲမှာလို ပြိုင်ဖက််ကောင်းတွေနဲ့ ရင်ဆိုင်ရမှာလည်း မဟုတ်ပါဘူး ။ ဒါ့အပြင် အမှတ်ပေး ဖလား ပြိုင်ပွဲမှာလည်း ယူနိုက်တက်တို့ဟာ အဓိက ပြိုင်ဖက်တွေနဲ့ ရင်ဆိုင််ခဲ့ပြီးပြီပဲ ဖြစ်ပါတယ် ။

အဆိုပါ ပွဲစဥ် 5 ပွဲမှာတော့ ယူနိုက်တက်တို့ဟာ 3 ပွဲနိုင် ၊ 1 ပွဲသရေ ၊ 1 ပွဲရှုံး ရလဒ် နဲ့ ရမှတ် 10 မှတ် အထိ စုဆောင််းထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ အခြားတဖက်မှာတော့ သူတို့ဟာ အမှတ်ပေး ဇယားကို ဦးဆောင်နေခဲ့တဲ့ အာဆင််နယ် အသင်းနဲ့ 8 မှတ် အကွာမှာ ရှိနေကြပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် 2004 မှ 2008 အထိ ကစားပေးထားခဲ့ဖူးတဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ လူးဝစ် ဆာဟာ က သူ့ရဲ့ အသင်းဟောင်းဟာ ဆုဖလား ဆွတ်ခူးနိုင်ဖို့ အချိန်ရှိသေးတယ်လို့ ယုံကြည််သေးကြောင်း ဖွင့်ပြောသွားခဲ့လိုက်ပါတယ် ။

” သူတို့ ဒီရာသီ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်ဖို့ အချိန်် ရှိနေပါသေးတယ် ။ ဒီနှစ်က တကယ့်ကို စပါယ်ရှယ် နှစ်ပါ ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ရှိနေလို့လေ ။ အဲ့ဒီကနေ ကစားသမား အချို့ဟာ ပင်ပန််းနွယ်နယ်ပြီး ပြန်လာကြပါလိမ့်မယ် ”

” ပြီးတော့ ဒီဇင်ဘာ နဲ့ ဇန်နဝါရီလ ဆိုတာက အမှတ်ပေး ဖလား ဆွတ်ခူးရေး လမ်းကြောင်းမှာ အမြဲတမ်း အရေးပါတဲ့ လတွေ ဖြစ်ခဲ့ဖူးတယ်လေ ။ ဒါကြောင့် ဘာတွေဆက်ပြီး ဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့တွေ ဆက်လက် စောင့်ကြည့်ကြရတာပေါ့ဗျာ ”

” ပြိုင်ပွဲမှာ ရှိနေတဲ့ အသင်းတိုင်းက ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကိုင်တွယ်နိုင်ဖို့ ကြိုးစားကြရမှာပါပဲ ။ အခုအချိန်မှာ ရမှတ် 8 မှတ်လောက် ကွာခြားနေတာမျိုးက ရှေ့ဆက်လို့ ပေါက်ကွဲအား အပြည့်နဲ့ ကစားပြနိုင်ဦးမယ်ဆိုရင် အခွင့်အရေးတွေ ဖြစ်စေမှာ အသေအချာပါပဲ ”

” လူတိုင်းက မန်ချက်စတာ ယူနိုက်တက်ဟာ ထိပ်သီး 4 သင်း စာရင်းဝင်နိုင်ဖို့ ကြိုးစားနေတာလို့ တွေးတောကြပါလိမ့်မယ် ။ ဒါပေမဲ့ သူတို့ အနေနဲ့ အစဥ်မပြတ် ဆာလောင််နေဖို့ လိုအပ်နေပါလိမ့်မယ် ။ သူတို့ဟာ တော့တင်ဟမ် ၊ ချဲလ်ဆီး နဲ့ ပွဲတွေမှာ အပေါင်း လက္ခဏာဆောင်ကျဥ်းခဲ့ကြတယ်လေ ”

” ခင်ဗျားအနေနဲ့ အခုလို အချိန်မှာ 8-9 ပွဲလောက် ရှုံးပွဲမရှိအောင် ကစားပြဖို့ ကြိုးစားရပါ့မယ် ။ ပြီးရင် အထက်ပိုင်းက အသင်းတွေကို ဖိအားပေးရင်း သူတို့နဲ့ ထိပ်တိုက် တွေ့ဆုံတဲ့ အခါမှာ ရလဒ်ကောင်းရယူဖို့ ကြိုးစားရပါဦးမယ် ” လို့ ဆာဟာ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar