ဂျေးဇု နဲ့ နူနက် တို့ နှစ်ဦး မှာ ဘယ်သူက ပို ‘ဂျင်း’ သလဲ ဆိုတာ သုံးသပ် ပြလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန် က ဂျေးဇု ဟာ နူနက် ထက် အသင်းအပေါ် ပိုပြီး အကျိုးပြုနိုင်ပြီး ပိုကောင်းတဲ့ ကစားသမား ဆိုတာ ငြင်းစရာ လုံးဝ မလိုကြောင်း ပြောကြား လိုက်ပါတယ် ။

နူနက် နဲ့ ဂျေးဇု တို့နှစ်ဦးစလုံးဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အသင်းသစ်တွေဆီ ပြောင်းရွှေ့ကစားခဲ့ကြသူတွေပါ ။ ဥရုဂွေးသား နူနက်ဟာ ဘင်ဖီကာ အသင်း ကနေ လီဗာပူး အသင်း ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ နီးပါး နဲ့ ပြောင်းရွှေ့ သွားခဲ့တာ ဖြစ်ပါတယ် ။ ဂျေးဇု ကတော့ မန်စီးတီး အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်း နဲ့ ပြောင်းရွှေ့ခဲ့တာပါ ။

ဂျေးဇု ရော နူနက် ရောဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၅ ဂိုးစီ သွင်းယူထားကြပါတယ် ။ ဒါပေမယ့် ဂျေးဇု ကတော့ အာဆင်နယ် အသင်းမှာ ပုံမှန် ပွဲထွက် ကစားခွင့် ရနေသူ ဖြစ်ပြီး နူနက် ကတော့ ပွဲထွက် ကစားခွင့် ရဖို့ ရုန်းကန် နေရသလို ရာသီအစ အနီကဒ် ကြောင့်လည်း ပွဲအချို့ ပယ်ခံခဲ့ရပါတယ် ။

ဂျေးဇု ဟာ ဒီရာသီ အာဆင်နယ် အသင်းအတွက် ပွဲကစားချိန် ၁၀၇၆ မိနစ် ကစားထားပြီး နူနက် က လီဗာပူး အတွက် ပွဲ ကစားချိန် ၅၇၃ မိနစ် ကစားထားပါတယ် ။ ဖာဒီနန် က သူ့ရဲ့You Tube Channel မှာ ဂျေးဇု နဲ့ နူနက် တို့နှစ်ဦးမှာ ဘယ်သူက ပို ‘ဂျင်း’ သလဲ ဆိုတာ ခုလို သုံးသပ် ပြသွားခဲ့ပါတယ် ။

” နူနက် ကတော့ ဂျင်း အစစ်ပါပဲ ၊ ဒါပေမယ့် ကျွန်တော်တို့ က မှတ်တမ်းတွေကို ကြည့်ပြီးပဲ ပြောတတ်ကြပါတယ် ၊ သွင်းဂိုးတွေ ကို ကြည့်မယ်ဆိုရင်တော့ သူတို့ နှစ်ဦးရဲ့သွင်းဂိုး အရေအတွက်က တူတူပါပဲ ။ ဒါပေမယ့် အသင်းအပေါ် အကျိုးပြုနိုင်မှု အရ ကြည့်ကြည့်ပါ ။ ”

” ဂျေးဇု က ကလပ် အသင်း ကိုရော ကလပ် အသင်းဖော်တွေကို အထောက်အကူ ဖြစ်စေတဲ့ ကစားသမားမျိုး ဖြစ်ပါတယ် ။ ဂျေးဇု က နူနက် ထက် ပိုကောင်းတဲ့ ကစားသမား ဖြစ်တယ်ဆိုတာ ငြင်းစရာ ကို လိုမယ် မထင်ပါဘူး ။

” Top လား Flop လား မေးနေကြတော့ flop ဘက်မှာ နူနက် ကို ထားပါမယ် ။ ဂျေးဇု က အသင်းကို သွင်းဂိုးတွေထက် ပိုတဲ့ အရာတွေကို ဆောင်ယူ လာပေးသူပါ ၊ အာတေတာ ကိုယ်တိုင်ကလည်း သူ့ရဲ့ နံပါတ် ၉ ဆီ က သွင်းဂိုး အပြင် တခြား အရာတွေကိုပါ မျှော်လင့် ထားပုံပါပဲ ၊ လီဗာပူးမှာ ဖာမီနို တောက်ပနေစဉ် အချိန် တုန်းကလိုပေါ့ဗျာ ” လို့ သုံးသပ် ပြသွားခဲ့ပါတယ် ။

SM