ကာဆီမီရို ကို စနောက်လိုက်တဲ့ အန်တိုနီ ၊ သူ့အတွက် ဦးစားပေး တာဝန်က ဘာလဲဆိုတာ ထုတ်ပြောလိုက်တဲ့ ကာဆီမီရို

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ အန်တိုနီက အိုးလ် ထရပ်ဖို့ဒ် ရောက််ကတည်းက ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ ဘရာဇီး လက်ရွေးစင် အသင်းဖော် ကာဆီမီရိုကို နာမည်ပြောင် ပေးထားကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေတုန််းက ဘရာဇီးသား နှစ်ဦး ခေါ်ယူခဲ့ပြီး ကာဆီမီရို အတွက် ပေါင် 60 သန်း ပေးခဲ့ရသလို အန်တိုနီ အတွက် ပေါင် 85 သန်း အထိ ပေးချေခဲ့ရပါတယ် ။ အခုတော့ သူတို့ နှစ်ဦးလုံးဟာ မန်ချက်စတာမှာ အထိုင်ကျနေကြပါပြီ ။

သူတို့ နှစ်ဦးလုံးဟာ အဲရစ် တန်ဟတ်ရဲ့ လက်အောက်မှာ ပွဲထွက် ကစားခွင့်တွေ ရရှိနေကြပါပြီ ။ ဘယ်လိုပဲ ဖြစ်ပါစေ ၊ သူတို့ နှစ်ဦး ခင်မင်တာ အခုမှ မဟုတ်ပါဘူး ။ ဘရာဇီး လက်ရွေးစင် အသင်းအတွက် ကစားကတည်းက ဖြစ်ပါတယ် ။

အခုတော့ အန်တိုနီ က ချဲလ်ဆီး နဲ့ ပွဲစဥ်မှာ ဂိုးသွင်းယူပြီး ခပ်ကြမ်းကြမ်း အောင်ပွဲခံခဲ့တဲ့ လက်ရွေးစင် နဲ့ ကလပ်် အသင်းဖော်ကို ကွင်းထဲ အလေးအနက်ထား ကစားသူ ဖြစ်ကြောင်း ၊ သူဟာ ကွင်းလယ်စောင့်ရှောက်ပေးတတ်တဲ့ အစောင့်ခွေးလို လူစားဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ်် ။

” သူဟာ ကျွန်တော်တို့ ကွင်းလယ်ကို စောင့်ရှောက်ပေးတဲ့ အစောင့်ခွေးပဲလို့ ကျွန်တော် အမြဲလိုပြောဖြစ်ပါတယ် ။ သူဟာ အဓိပ္ပါယ် မရှိတာတွေကို မလုပ်တတ်ပါဘူး ။ သူဟာ တကယ့်ကို အလေးအနက်ထား ကစားသူ တစ်ဦးပါ ။ သူ့ရဲ့ သွင်းဂိုးက ကျွန်တော်တို့ တိုက်စစ် ကစားသမားတွေ အောင်ပွဲခံဖို့ အတွက်ပဲဆိုတာ ကျွန်တော်တို့ သိထားကြပါတယ် ” လို့ အန်တိုနီ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ ချဲလ်ဆီး နဲ့ ပွဲစဥ်မှာ သရေ တစ်မှတ် ရရှိစေခဲ့တဲ့ ဂိုးကို သွင်းယူထားနိုင်ခဲ့တဲ့ ကာဆီမီရိုက သူ့အတွက် ဦးစားပေးဟာ တိုက်စစ်လိုက်ဖို့ထက် ခံစစ်လုံအောင် ၊ အသင်းကို ဟန်ချက်ညီအောင် လုပ်ဆောင်ရေးသာ ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” သွင်းဂိုးတွေဆိုတာက သဘာဝကျကျ ရောက်လာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ကျွန်တော့်ရဲ့ အလုပ်က ဘာလဲဆိုတာ လူတိုင်းသိကြပါတယ် ။ ကျွန်တော့်ရဲ့ အလုပ််က ခံစစ် ကစားဖို့ ၊ အသင်းဖော်တွေကို ကူညီပေးဖို့ပါပဲ ။ ပြီးရင် ခံစစ်ကနေ ဘောလုံးလုယူပြီး တိုက်စစ်ဆင်နိုင်အောင် လုပ်ဆောင်ဖို့ပါပဲ ”

” ပထမဆုံး အနေနဲ့ ကျွန်တော် ခံစစ် ကစားတယ် ။ ပြီးရင် အသင်းရဲ့ ဟန်ချက်ထိန်းပေးမယ် ။ ကျွန်တော် ဘောလုံံး လုယူမယ် ၊ ပြီးရင် ခံစစ် ကစားရင်းနဲ့ အသင်းရဲ့ ဟန််ချက်ကို ထိန်းပေးမယ် ။ ဒါ ကျွန်တော့် အလုပ်ပါပဲ ။ ကျွန််တော့် ဘယ်မှာ ဂိုးသွင်းသွင်း ၊ ကောင်းပါတယ် ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အလုပ်က ခံစစ် ကစားဖို့ပါ ” လို့ ကာဆီမီရို က ပြောလိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar