လီဗာပူးနဲ့ ချဲလ်ဆီးတို့ကို ကျော်ကာ မထင်မှတ်ဘဲ top 4 ဝင်သွားနိုင်တဲ့ အသင်းကို ပြောပြလိုက်တဲ့ ဂရေမီဆူးနက်

ဂရေမီဆူးနက်က ဒီရာသီ ပရီးမီးယားလိဂ်မှာ Top 6 ကလပ်တွေရဲ့ ရပ်တည်မှုဟာ အပြောင်းအလဲတွေ ဖြစ်သွားလိမ့်မယ်လို့ သုံးသပ်လိုက်ပြီး လီဗာပူး နဲ့ ချဲလ်ဆီး တို့ဟာ ချန်ပီယံလိဂ်နဲ့ လွဲချော်သွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ဆိုသွားပါတယ်။ ချဲလ်ဆီး နဲ့ လီဗာပူး တို့ဟာ လက်ရှိမှာ top 4 ပြင်ပကို ရောက်နေကြပြီး ဂရေဟမ်ပေါ်တာရဲ့ နောက်ဆုံး ၂ ပွဲဆက် သရေကျကာ အဆင့်ငါး နေရာကို ရောက်သွားပြီး တန်းဆင်းဇုန်က ဖောရက်စ်ကို ရှုံးခဲ့တဲ့ လီဗာပူး ကလည်း ဒီရာသီမှာ နိုင်ပွဲ ၄ ပွဲသာ ရထားကာ အဆင့် ၈ နေရာကို ရောက်နေပါတယ်။

အာဆင်နယ်ဟာ ဇယားထိပ်မှာ ဒုတိ‌ယနေရာက မန်စီးတီးကို ၂ မှတ်အသာနဲ့ ဦးဆောင်နေကာ နယူးကာဆယ် ကတော့ တတိယနေရာ စပါးကို အနိုင်ယူကာ top 4 ထဲ ဝင်လာခဲ့ပါတယ်။ ဆူးနက်ကတော့ အက်ဒီဟောင်း လက်ထက်မှာ ပုံစံကောင်း ပြသလျက် ရှိနေတဲ့ နယူးကာဆယ်ရဲ့ ‌ခြေစွမ်းကို နှစ်သက်နေပြီး the Magpies တို့ဟာ ချဲလ်ဆီးနဲ့ လီဗာပူး တို့ကို ကျော်ကာ top 4 ဝင်အောင် လုပ်နိုင်စွမ်း ရှိနေတယ်လို့ ယုံကြည်နေပါတယ်။

ဆူးနက်က “အက်ဒီဟောင်းဟာ စိန့်ဂျိမ်းပက်မှာ အကောင်းဆုံး လုပ်ပြထားတယ်လို့ ကျွန်တော် ထင်ပါတယ်။ နယူးကာဆယ် နည်းပြရာထူးဟာ ဘယ်လောက်တောင် ခက်ခဲပြီး အသင်းသားတွေ အားလုံး ကိုယ့်ဘက်ပါအောင် စည်းရုံးနိုင်ဖို့ ဘယ်လောက်တောင် ခက်ခဲစွာ လုပ်ကိုင်ရသလဲဆိုတာ ကျွန်တော် သိပါတယ်။ သူတို့ လီဗာပူးရဲ့ ကွင်းကို လာရောက် ကစားခဲ့တဲ့ ပွဲကို ကျွန်တော် မှတ်မိနေပါတယ်။ အန်ဖီးဟာ တကယ့်ကို အားပေးမှု ပြင်းထန်တဲ့ နေရာ ဖြစ်ကာ ပြိုင်ဘက်‌တွေအတွက် ကစားရတာ ခက်ခဲ့ပါတယ်။ သူတို့ဟာ လီဗာပူးကို သူတို့ရဲ့ game plan အတိုင်း အကောင်းဆုံး ရင်ဆိုင် ကစားသွားခဲ့ပါတယ်။ သူတို့ဟာ အဲဒီပွဲမှာ တအားကောင်းခဲ့ပါတယ်။

တနင်္ဂ‌နွေနေ့တုန်းကလည်း သူတို့ဟာ စပါးကွင်းကို သွားရောက်ကာ အကြောက်အလန့် မရှိကစားခဲ့ပြီး သူတို့ ကြည့်ရတာ ‘Come on! မင်းတို့ ကစားနိုင်တာ ဒါအကုန်ပဲလား?’ ဆိုပြီး ပြော‌ကစား နေသလိုပါပဲ။ သူတို့ဟာ aggressive ဖြစ်ကာ ‌ခြေစွမ်းအသာနဲ့ ကစားခဲ့တာ ဖြစ်ပြီး နယူးကာဆယ်ကို ကြည့်ရတာ စပါးထက်တောင် ကြံ့ခိုင်မှုကောင်း‌နေသလို ပါပဲ။

နယူးကာဆယ်ဟာ အခုဆိုရင် တကယ့်ကို on fire ဖြစ်နေပြီး ဒီအချိန် ဘယ်သူမှ မရင်ဆိုင်ချင်တဲ့ အသင်း ဖြစ်‌ေနပါတယ်။ အယ်မီရွမ်ကို ကြည့်လိုက်ပါ။ သူဟာ ပရီးမီးယားလိဂ်မှာ ဂိုးတစ်ဂိုး ရဖို့ ရုန်းကန်ခဲ့ရတဲ့သူပါ။ အခုဆိုရင် သူဟာ ၃ ပွဲဆက် ဂိုးသွင်းထားကာ ဒီပြိုင်ပွဲကို သူ့ရဲ့အိမ်လို ခံစားမိနေပါပြီ။”

Top 4 ကို ပုံမှန် ရယူနေကြ အသင်းတွေရဲ့ နေရာမှာ နယူးကာဆယ်တို့ ဝင်ရောက် အစားထိုး နိုင်စွမ်း ရှိနေသလားလို့ မေးခဲ့ရာမှာ ဆူးနက်က “ပရီးမီးယားလိဂ် top 4 ရဲ့ normal order ကတော့ ပြောင်းလဲနိုင်ပါတယ်။ ခင်ဗျား အနေနဲ့ ချဲလ်ဆီးက ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ဖို့ အန္တရာယ် ရှိနေတယ်။ လီဗာပူးကလည်း top 4 နဲ့ လွဲချော်ဖို့ အန္တရာယ် ရှိနေတယ်လို့ ပြောနိုင်ပါတယ်။ ဒါဟာ နယူးကာဆယ် အတွက် အခွင့်အလမ်း ပွင့်လာတာပါ။ သူတို့ဟာ ဒဏ်ရာပြသာနာတွေလည်း သိပ်ပြီး မရှိတဲ့အသင်းပါ။ သူတို့ ရာသီကုန်မှာ top 4 ကို အေးအေးဆေးဆေး ဝင်သွားနိုင်ပါတယ်။” လို့ ဆိုသွားပါတယ်။

SM