ပေါ့ဂ်ဘာရဲ့ ယူနိုက်တက် ကစားသမား ဘဝအပေါ် မှတ်ချက််ပေးလိုက်တဲ့ အေးဂျင့် အသစ် ပီမန်တာ

မန်ချက်စတာ ယူနိုက်တက် အသင်းကို ဟိုဆေး မော်ရင်ဟို ကိုင်တွယ်နေခဲ့စဥ်တုန်းက ဂျူဗင်တပ် အသင်းမှာ ပုံစံကောင်းတွေ ပြသနိုင်ခဲ့တဲ့ ပေါလ် ပေါ့ဂ်ဘာ ကို ကလပ် စံချိန််တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် 89 သန်းနဲ့ ခေါ်ယူ ခဲ့ပါတယ် ။

အဲ့ဒီနောက် 2017 မှာ ပေါ့ဂ်ဘာဟာ ဇလာတန် အီဗရာဟီမိုဗစ် တို့နဲ့ အတူ တွဲဖက် ကစားပေးရင်း ယူရို ပါလိဂ် နဲ့ လိဂ် ဖလား တို့ကို ရယူသွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အဲ့ဒီနောက််မှာတော့ သူရဲ့ စွမ်းဆောင်ရည်တွေဟာ အနိမ့်အမြင့် အတက်အကျ များခဲ့ရပါတယ် ။

နောက်ပိုင်းမှာတော့ သူဟာ အသင်းအတွက် ပုံစံကောင်း မပြနိုင်ပဲ နိုင်ငံ့ လက်ရွေးစင် အသင်းအတွက် ကစားခဲ့တဲ့ အချိန်တိုင်း ကမ္ဘာ့ အဆင့် ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပါတယ်် ။ အဲ့ဒီနောက်မှာတော့ သူဟာ ကလပ် အသင်းနဲ့ ပတ်သက််လို့ မထိတထိ စကားတွေလည်း ပြောခဲ့ပါတယ် ။

ဒါ့ကြောင့် ယခင် နည်းပြတွေက သူ့ကို အသင်းမှာ ဆက်လက်် ထားရှိလိုခဲ့ကြပေမဲ့ ယူနိုက်တက် နည်းပြသစ် ဖြစ််လာခဲ့တဲ့ အဲရစ် တန်ဟတ် ကတော့ သူ့ကို စားချုပ် သက််တမ်းတိုးမြှင့်ဖို့ တွေးတောင်မတွေးပဲ အလွတ်ပြောင်းရွှေ့ကြေး နဲ့ ထွက်ခွာခွင့်ပေးခဲ့ပါတယ် ။

အခုတော့ ရွိုင်အိုလာ မရှိတဲ့နောက် သူ့ရဲ့ အေးဂျင့် ဖြစ််လာခဲ့တဲ့ ရာဖယ်လာ ပီမန်တာ က ပေါ့ဂ်ဘာ ရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝ အပေါ် သူ့ရဲ့ အတွေးအမြင်တွေနဲ့ မှတ်ချက်ပေးစကား ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ပေါလ် ဘာဖြစ်ခဲ့သလဲ ? ကျွန်မလည်း သူနဲ့ ပတ်သက်လို့ ဘာဖြစ်ခဲ့သလဲ ဆိုတာပဲ ပြောချင်တာပါ ။ သူ့အတွက်ပဲ မဟုတ်ပါဘူး။ သူ​က မန်ချက်စတာမှာ ကျရှုံးခဲ့တာလား ဒါမှမဟုတ် မန်ချက်စတာကြောင့် သူ ကျရှုံးသွားခဲ့ရတာလား ၊ ဒါမှမဟုတ် သူတို့ နှစ်ဖက်လုံး ကျရှုံးခဲ့တာလား ဆိုပြီးတော့ မေးချင်နေတာပါ ”

” ပေါလ် ဟာ မန်ချက်စတာ ယူနိုက်တက်ကို ရောက်သွားခဲ့တဲ့နောက် ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့ပါတယ် ။ ပေါလ် ဟာ ဒဏ်ရာရတဲ့ အချိန်ကလွဲရင် အချိန်တိုင်းဆိုသလို ယူနိုက်တက် အတွက် ပွဲထွက်ကစားပေးခဲ့ပါတယ် ။ သူဒဏ််ရာရတဲ့ အချိန်က ခြားနားတာပေါ့ဗျာ ”

” အနောက်ကို ပြန်ကြည့်ရင် ဒါက ကောင်းမွန်တဲ့ ပြန်လည််ပူးပေါင်းမှုလား? အဲ့တုန်းက ပေါ့ဂ်ဘာဟာ နှလုံးသားနဲ့ ဆုံးဖြတ်ပြီး ယူနိုက်တက်ဆီ ပြန်လာခဲ့တာပါ ။ အဲ့တုန်းက သူဟာ အိမ်ပြန်နေတယ်ဆိုတဲ့ ခံစားချက် ပိုင်ဆိုင်ခဲ့ပါတယ်် ။ ဒါ့ကြောင့် အဲ့တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲလို့ ထင်မိပါတယ် ”

” အခု ပေါဂ်ဘာ ဘာတွေ ကြုံတွေ့နေခဲ့ရသလဲဆိုတာကို ကျွန်တော်တို့ အားလုံးသိကြပါတယ် ။ သူ့ကလေးတွေ အထဲဲမှာ ရှိနေချိန် သူ့ရဲ့အိမ် ဖောက်ထွင််းခံရပါတယ် ။ သူ့ရဲ့ လူနေမှုဘဝမှာ ကြုံနေခဲ့ရတာ အများကြီးပါပဲ ။ ဒီလိုလူဆီက ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည် ရနိုင်ဖို့ မလွယ်ကူလှပါဘူး ”

” အဲ့ဒီတုန်းက ပိုကောင်းတဲ့ မျှော်လင့်ချက်တွေ ထားခဲ့ဖူးကြမလား ? သေချာတာပေါ့ ၊ ထားခဲ့ကြမှာပါပဲ ။ ဒါပေမဲ့ တာဝန်ယူမှုရှိတဲ့ အလုပ်တစ်ခုမှာ တာဝန်ခံမှုလည်း ရှိရမှာပါပဲ ။ ဒါ့ကြောင့် ကျွန်တော်တို့ မျှော်လင့်ထားသလို ဖြစ်မလာတဲ့ ကိစ္စမှာ ပေါ့ဂ်ဘာကိုချည်း အပြစ်တင်လို့ ရမယ်လို့ မထင်ပါဘူး ”

” လူတစ်ယောက် အကောင်းဆုံး စွမ်းဆောင်ရည် ပြသနေချိန်မှာ ဘယ်လောက်အထိ လုပ်ပြနိုင်သလဲဆိုတာက အရေးကြီးလှပါတယ် ။ ဘောလုံးဆိုတာ တစ်ယောက်ထဲ ကစားလို့ ရတာမှ မဟုတ်ပဲလေ ” လို့ ပီမန်တာ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar