ထူးဆန်းတဲ့ အကြောင်းရင်းတွေနဲ့ ပွဲတွေများစွာ လွဲချော်နေတဲ့ လီဗာပူးစတားကို ဝေဖန်လိုက်တဲ့ ဂလင်းဂျွန်ဆင်

လီဗာပူး နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်က တီယာဂိုအယ်ကန်တာရာရဲ့ ဒဏ်ရာ ပြသနာ မှတ်တမ်း အပေါ် ဝေဖန်သွားခဲ့ပြီး သူ့ရဲ့ အသင်းဟောင်း အနေနဲ့ ထူးဆန်တဲ့ အကြောင်းရင်းတွေနဲ့ ကလပ်အတွက် ပွဲပေါင်းများစွာ လွဲချော်လျက် ရှိနေတဲ့ ကစားသမား အပေါ် တအား မှီခိုနေရတဲ့ အပေါ် ညီးတွားသွားခဲ့ပါတယ်။

စပိန်လက်ရွေးစင်ဟာ ယာဂန်ကလော့ရဲ့ ကွင်းလယ်မှာ အရေးပါတဲ့ ကစားသမား အဖြစ် တည်ဆောက်နိုင်ခဲ့ကာ ပြီးခဲ့တဲ့ ရာသီက ဖလားလေးလုံး အိမ်မက်မက်နိုင်တဲ့ အသင်း အတွက် အဓိက အခန်းကဏ္ဍကနေ ပါ၀င်ပေးခဲ့ပါတယ်။ တီယာဂိုဟာ ပရီးမီးယားလိဂ် ကစားဟန်နဲ့ အံ၀င်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ ပြောဆိုမှုတွေကို နှုတ်ဆိတ်စေခဲ့သူ ဖြစ်ပေမယ့်လည်း ၎င်းရဲ့ ဒဏ်ရာ ပြသနာ မှတ်တမ်းကတော့ ဆက်လက် ဆိုးရွားနေဆဲ ဖြစ်ကာ ဒီရာသီမှာ ဒဏ်ရာ ပြသနာတွေ ရထားခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ စနေနေ့က နော့တင်ဟမ်ဖောရက်စ်နဲ့ ပွဲစဉ်ကို ear infection နဲ့ လွဲချော်ခဲ့သူ ဖြစ်ပြီး ဂျွန်ဆင်က တီယာဂို အနေနဲ့ အမြဲတမ်း အသင်းရဲ့ ပွဲထွက် လူစာရင်းကနေ လွဲချော် မနေသင့်ဘူးလို့ ယုံကြည်နေပါတယ်။

ဂျွန်ဆင်က “ဒါဟာ လီဗာပူးရဲ့ ပြသနာတွေထဲက တစ်ခုပါ။ သူဟာ ကစားတဲ့ အချိန်တိုင်း အရမ်းကို ကောင်းတဲ့သူ ဖြစ်ကာ သူ့ကို အပတ်တိုင်း ၀င်ကစားနိ်ုင်ဖို့ ဆုတောင်းနေရပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အပတ်တိုင်း ပွဲတိုင်း ကြံ့ခိုင်မှု ပြည့်ဝနေသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ကွင်းထဲမှာ သိပ်ပြီး ပြေးလွှားဆော့ကစားရတဲ့သူ မဟုတ်ဘဲ ဘောလုံး အရည်အသွေးနဲ့ ကစားကွက်ကို ထိန်းချုပ်တဲ့သူ ဖြစ်လို့ပါ။ ဒါ့ကြောင့် ကြွက်သားဒဏ်ရာတွေ သူ သိပ်အများကြီး မရသင့်ပါဘူး။

တီယာဂိုဟာ လီဗာပူးမှာ ထူးဆန်းတဲ့ ဒဏ်ရာ ပြသနာ တစ်ချို့လည်း ရခဲ့ကာ ထူးဆန်းတဲ့ အကြောင်းရင်းတွေနဲ့ ပွဲတွေ လွဲချော်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးမှာ သူ့နေရာကို အစားထိုးနိုင်မယ့်သူ မဟုတ်ပါဘူး။ သူ ၀င်ကစားနိုင်ဖို့ လိုအပ်ပါတယ်။” လို့ ပြောသွားပါတယ်။

ဆက်လက်ပြီး ဂျွန်ဆင်က မန်စီးတီးနဲ့ ပွဲစဉ်မှာ ကလပ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူကာ ခြေစွမ်းပြခဲ့တဲ့ မိုဆာလား အနေနဲ့ ၀က်ဟမ်း ဖောရက်စ် တို့နဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းဆိုးရွားခဲ့တဲ့ အပေါ် ဝေဖန်မှုလည်း လုပ်ခဲ့ပါတယ်။

ဂျွန်ဆင်က “အကယ်၍ ကစားသမား တစ်ဦးဟာ ပွဲတစ်ပွဲမှာ ဘောလုံးပေးပို့မှု ၄ ကြိမ်သာ အောင်မြင်မှု ရခဲ့မယ်ဆိုရင် ဒါဟာ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ပဲ သက်ဆိုင်သွားပါပြီ။

ကစားကွက် အရလည်း ဘောလုံးတွေ ခဏခဏ ပျက်နေလို့ မရပါဘူး။ ဖောရက်စ်နဲ့ ပွဲမှာ အားလုံးဟာ ပုံမှန်ခြေစွမ်းအောက်ကို ရောက်နေခဲ့ပြီး ဆာလား အပါအ၀င် အဓ်ိက ကစားသမားတော်တော်များများဟာ တစ်ပြိုင်နက်တည်း လိုလို ခြေစွမ်းကျဆင်းနေကြပါတယ်။ အသင်းရဲ့ အဓိက ကစားသမား ၂ ဦး ၃ ဦးလောက် ပုံစံကောင်း ပျောက်နေတယ် ဆိုရင် ကျန်တသင်းလုံး ပြသနာ တက်တာပါပဲ။” လို့ သုံးသပ်လိုက်ပါတယ်။

SM