လီဗာပူးရဲ့ ဒီရာသီ အဝေးကွင်း form ၊ ကလော့ နဲ့ ကစားသမား တစ်ချို့ကို အပြင်းအထန် ဝေဖန်လိုက်တဲ့ အဘွန်လဟော်

 

TalkSport ရဲ့ pundit ဖြစ်သူ ဂါဘီအဘွန်လာဟောဟာ ဒီရာသီ လီဗာပူးရဲ့ အဝေးကွင်း ညံ့ဖျင်းနေမှု နဲ့ နော့တင်ဟမ်ဖောရက်စ်နဲ့ ပွဲမှာ the Reds တို့ရဲ့ ဆိုးရွားတဲ့ ကစားပုံနဲ့ ပက်သက်ပြီး ယာဂန်ကလော့ကို ဝေဖန်မှုလုပ်သွားခဲ့ပါတယ်။ လီဗာပူးဟာ စနေနေ့က ဖောရက်စ်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီး တစ်လုံးတည်းသော ဂိုးကို ကစားသမားဟောင်း အဝိုနီယီက ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် လီဗာပူး အနေနဲ့ ဒီရာသီ top 4 ၀င်ခွင့်ရဖို့တောင် အတော်လေး ရုန်းကန်နေမယ့်ပုံ ဖြစ်နေပြီး အဘွန်လာဟောက သူ့ကို ဝေဖန်မှု လုပ်ထားခဲ့တဲ့ ကလော့ကို အခါအခွင့်သင့်တုန်းမှာ အပြင်းအထန် ပြန်လည် ဝေဖန်မှု လုပ်ခဲ့ပါတယ်။

ဗီလာတိုက်စစ်မှုးဟောင်း အဘွန်လာဟောက “လီဗာပူးနဲ့ ပက်သက်ပြီး ဘယ်ကနေ စတင်သွားရမလဲ? ပထမဦးဆုံး အနေနဲ့ ကယ်ဗယ်ဟိုဟာ ပရီးမီးယားလိဂ် အရည်အသွေးရှိတဲ့ ကစားသမား ပုံစံမျိုး မပေါက်ပါဘူး။ သူဟာ ဒီပြိုင်ပွဲနဲ့ အသင့် မဖြစ်တဲ့ပုံပါပဲ။ သူ နောက်တစ်ရာသီလောက် အငှားထွက်ခွာဖို့ လိုအပ်ပါတယ်။ သူဟာ ရုန်းကန်နေရပြီး ပွဲအပေါ်မှာ ဘာသက်ရောက်မှုမှ မရှိဘဲ ပျောက်ဆုံးနေခဲ့ပါတယ်။ အယ်လီယော့ ကတော့ ကစားပုံ ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ကာတစ်ဂျုံးက ရုန်းကန် ခဲ့ရပါတယ်။ သူတို့ဟာ အရည်အသွေးရှိတဲ့ လူငယ် ကစားသမားတွေပါ။ ဒါပေမယ့် ဒီအချိန်မှာ လီဗာပူး ကစားသမား အားလုံး ခြေစွမ်းမြှင့်တင်ဖို့ လိုအပ်နေပါတယ်။

ဖာဘင်ညိုကတော့ ခြေကုန်သွားပါပြီ။ သူ့ရဲ့ တာတိုပြေးလွှားမှု ဆိုတာက အခုချိန်မှာ လမ်းလျှောက်နေသလိုပါပဲ။ လီဗာပူးဟာ ပြသနာတွေ အများကြီး ရှိနေပါတယ်။ ဖာမီနိုဟာ ခြေစွမ်း မတည်ငြိမ်ပါဘူး။ မိုဆာလား ကလည်း ဖောရက်စ်နဲ့ပွဲမှာ ညံ့ခဲ့ပါတယ်။ ဂျိုးဂိုးမက်ဇ် ကတော့ ၂ ပွဲလောက် ကောင်းကောင်း ကစားနိုင်ခဲ့ကာ အားလုံးက သူ ကမ္ဘာ့ဖလားသွားခွင့် ရနိုင်တယ်လို့ ပြောနေကြပါတယ်။ ဒါပေမယ့် ဖောရက်စ်နဲ့ပွဲမှာ သူ့ရဲ့ ကစားပုံက အတော့်ကို ဆိုးရွားလှပါတယ်။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူးဟာ ဒီရာသီမှာ အဝေးကွင်း ရလဒ်တွေ ဆိုးရွားနေခဲ့ပြီး ပရီးမီးယားလိဂ်မှာ ကစားခဲ့တဲ့ အဝေးကွင်း ငါးပွဲစလုံး နိုင်ပွဲ လုံး၀ မရှိခဲ့ပါဘူး။

ဆက်လက်ပြီး အဘွန်လာဟောက “Mr Mentality Monster, ယာဂန်ရေ…ဒီရာသီ အဝေးကွင်း ငါးပွဲမှာ နိုင်ပွဲက မရှိသေးပါဘူး။ အန်ဖီးမှာပဲ သူ့ကစားသမားတွေကို စိတ်ဓာတ်မြှင့်တင်ပေးနိုင်တာလား? အဝေးကွင်းတွေမှာ သူ့ရဲ့ ‘Mentality Monster’ အသင်းကို ဘာမှ မလုပ်ပေးနိုင်တော့ဘူးလား? ဖောရက်စ်နဲ့ပွဲမှာ လီဗာပူးရဲ့ ခြေစွမ်းဆိုးရွားပုံက အံ့အားသင့်စရာပါ။ အလီဆွန်ကလွဲပြီး ကျန်ကစားသမား အားလုံးရဲ့ ၁၀ မှတ်မှာ ၅ မှတ်အောက်ပဲ ရနိုင်မှာ ဖြစ်ပါတယ်။” လို့ ဝေဖန်ခဲ့ပါတယ်။

လာမည့်ရာသီ လီဗာပူးရဲ့ ချန်ပီယံလိဂ် ၀င်ခွင့်နဲ့ ပက်သက်ပြီး ဗီလာ တိုက်စစ်မှုးဟောင်းက “ဒီအချိန်မှာ Top 4 နေရာအတွက် ယှဉ်ပြိုင်နေတဲ့ အသင်းတွေထဲမှာ လီဗာပူးထက် ပိုကောင်းတဲ့ အသင်းတွေကို ပြောကြည့်ရမလား? လွယ်လွယ်လေးပါ။ မန်စီးတီး အာဆင်နယ် မန်ယူနိုက်တက် စပါး ချဲလ်ဆီး နဲ့ နောက်ထပ် အသင်းတွေ ရှိနေပါတယ်။ နယူးကာဆယ်တောင် ပါပါတယ်။ ရာသီအစတုန်းက လီဗာပူးတို့ ဒီရာသီ ချန်ပီယံလိဂ်၀င်ခွင့် ရနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ပြောခဲ့ပါတယ်။ အခုလည်း ဒီအတိုင်း ဆက်လက် ယူဆနေဆဲပါ။ သူတို့ ရိန်းဂျား မန်စီးတီး နဲ့ ၀က်ဟမ်း တို့ကို နိုင်လိ်ုက်တာနဲ့ ကျွန်တော် အထင်တကြီး ဖြစ်မသွားပါဘူး။

နော့တင်ဟမ်ဖောရက်စ်နဲ့ ပွဲက ခြေစွမ်းကို ကြည့်ပြီး ပိုပြီးတော့တောင် ယူဆချက် ခိုင်မာခဲ့ပါတယ်။ သူတို့ဟာ တအား ခြေမငြိမ်ပါဘူး။ သူတို့ဟာ အစွယ်ကျိုးနေပါတယ်။ ဖောရက်စ်ဟာ သူတို့ထက် ပိုကောင်းအောင် ကစားနိုင်ခဲ့ပြီး လီဗာပူးကို ခြေစွမ်းယှဉ်နိုင်ခဲ့ပါတယ်။ စုစည်းမှုလည်း ပိုကောင်းခဲ့ပါတယ်။” လို့ ဆိုသွားပါတယ်။

SM