တစ်ခုခုတော့ မှားနေပါတယ်’ ယာဂန်ကလော့ရဲ့ ဆုံးဖြတ်ချက် တစ်ခုကို မေးခွန်းထုတ်သွားခဲ့တဲ့ ပေါလ်စခိုးလ်

 

ပေါလ်စခိုးလ်က ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန် ကို ပွဲထွက်ခွင့် မပေးခဲ့တဲ့ ယာဂန်ကလော့ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်သွားခဲ့ပြီး အင်္ဂလန် ကွင်းလယ်လူ ပါ၀င်ကစားတဲ့ အချိန်တိုင်းမှာ အသင်းဖော်တွေရဲ့ စွမ်းဆောင်ရည်က မြင့်တက်သွားတယ်လို့ ထောက်ပြလိုက်ပါတယ်။

ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ စနေနေ့က လီဗာပူးတို့ နော့တင်ဟမ်ဖောရက်စ်ကို အံ့အားသင့်ဖွယ် ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အရန်လူစာရင်း မှာသာ ပါ၀င်ခဲ့ပြီး အဆိုပါ ပွဲစဉ်မှာ လီဗာပူးရဲ့ ကွင်းလယ် အတွဲဖြစ်တဲ့ ကာတစ်ဂျုံး ဖာဘင်ညို နဲ့ အယ်လီယော့ တို့အတွဲဟာ စုစည်းမှု ၊ ချိတ်ဆက်ကစားမှုတွေ ကင်းမဲ့နေကာ တိုက်စစ် နဲ့ ခံစစ်ကို ကောင်းစွာ မထောက်ပံ့ ပေးနိုင်ခဲ့ပါဘူး။

လီဗာပူး ကစားသမားဟောင်း တိုင်ဝိုအဝိုနီယီရဲ့ ဒုတိယပိုင်း သွင်းဂိုးဟာ City Ground မှာ နိုင်ပွဲရဖို့ အတွက် လုံလောက်မှု ရှိသွားခဲ့ပြီး လီဗာပူး ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ အဝေးကွင်း ငါးပွဲ ကစားထားခဲ့ရာမှာ နိုင်ပွဲက လုံး၀ မရှိသေးပါဘူး။ ကလော့ဟာ ၆၂ မိနစ် ကျော်မှာ ချေပဂိုး ပြန်ရဖို့ အတွက် လီဗာပူး အသင်းခေါင်းဆောင်နဲ့ အလက်ဇန်းဒါးအာနိုး တို့ကို ထည့်သွင်း ကစားစေခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီလူစားလဲမှုဟာ အလုပ်မဖြစ်ခဲ့ဘဲ ကလော့ရဲ့ အသင်းဟာ အိမ်ရှင်တို့ရဲ့ low block ကို မထိုးဖောက်နိုင်ခဲ့ဘဲ set-piece တွေကနေ ရခဲ့တဲ့ အခွင့်အရေးကောင်းတွေ ကိုလည်း ကောင်းစွာ အသုံးမချနိုင်ခဲ့ပါဘူး။

ပေါလ်စခိုးလ်က “ယာဂန်ကလော့ဟာ ဖောရက်စ်နဲ့ ပွဲစဉ်မှာ ဂျော်ဒန်ဟန်ဒါဆန်ကို အရန်ခုံမှာ ထားခဲ့ပါတယ်။ ကာတစ်ဂျုံး ထက်စာရင် သူ့ကို ပွဲထွက် ကစားစေသင့်ပါတယ်။ သူဟာ အသင်းခေါင်းဆောင် ဖြစ်တဲ့ အပြင် ကတ်စမီရိုလို ကစားသမားမျိုး ဖြစ်ပြီး အသင်းဖော် အားလုံးကို အချိတ်အဆက်မိအောင် လုပ်ပေးနိုင်သူ ဖြစ်ပါတယ်။ သူ့ကြည့်ရတာ ယာဂန်ကလော့နဲ့ ဆက်ဆံရေး အဆင်မပြေတာ ဒါမှမဟုတ် ကြံ့ခိုင်မှု မပြည့်၀တာ တစ်ခုခု ဖြစ်နိုင်ပါတယ်။ အဲဒီမှာ တစ်ခုခုတော့ မှားနေသလို ပါပဲ။” လို့ ပြောလိုက်ပါတယ်။

ဟန်ဒါဆန်ဟာ လီဗာပူးတို့ မန်စီးတီးကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာလည်း အရန်ခုံ ပို့ထားခြင်းကို ခံခဲ့ရပြီး အဆိုပါ ပွဲမှာ ကလော့ဟာ ကွင်းလယ်နေရာတွေ အတွက် ဖာဘင်ညို အယ်လီယော့ နဲ့ တီယာဂို တို့ကို ရွေးချယ်ခဲ့ပြီး လီဗာပူး အသင်းခေါင်းဆောင် ကတော့ ပွဲပြီးဖို့ ၁၇ မိနစ် အလိုမှသာ ၀င်ကစားခွင့် ရခဲ့ပါတယ်။

ဖောရက်စ်နဲ့ ပွဲစဉ်မှာလည်း ear infection ကြောင့် တီယာဂို မကစားနိုင်ဖို့ သေချာသွားချိန်မှာ ကလော့ဟာ ကွင်းလယ် နေရာ အတွက် ဟန်ဒါဆန်ကို လျစ်လျူရှုကာ ဒဏ်ရာကနေ ပြန်လည် သက်သာလာခါစ ကာတစ်ဂျုံး ကို ကွင်းလယ်ဗဟိုမှာ ထားကစားသွားခဲ့ပြီး ဒါဟာ လူတော်တော်များများကို နားလည်ရ ခက်ခဲစေတဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်။

ဖောရက်စ်နဲ့ ပွဲစဉ်အပြီးမှာ ကာရေဂါကလည်း လီဗာပူး ကစားသမား ၂ ဦးရဲ့ စွမ်းဆောင်ရည် အပေါ် ဝေဖန်သွားခဲ့ပါတယ်။

ကာရေဂါက “စတီဗီကူးပါးဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်မှာ အပြောင်းအလဲ အနည်းငယ် လုပ်ခဲ့ပြီး သူ့အသင်းကို အနိုင်ယူရတာ ခက်ခဲတဲ့ အသင်း ဖြစ်အောင် ပြောင်းခဲ့ပါတယ်။ လီဗာပူးနဲ့ ပွဲမှာ သူ့ရဲ့ နည်းစနစ်တွေ တအားကို ကောင်းခဲ့ပါတယ်။ လီဗာပူး ကတော့ အတော်လေးကို ဆိုးရွားခဲ့ပါတယ်။ ဖာဘင်ညို ဘာတွေ ဖြစ်နေတာလဲ။ ဗဟိုခံစစ်မှာ ကိုနာတေး ကိုလည်း တက်နိုင်သမျှ အမြန်ဆုံး ပြန်လိုအပ်နေပါပြီ။” လို့ ဆိုခဲ့ပါတယ်။

SM