ခြေခေါက်တဲ့ အာဆင်နယ် ၊ ရှုံးပွဲမရှိသေးတဲ့ နာပိုလီ ၊ ဒုတိယအကောင်းဆုံး ဘာစီလိုနာ တို့နဲ့ . . . နံနက်ခင်း အားကစားသတင်းများ

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ အဆင့် ၁ နေရာက အာဆင်နယ် အသင်းဟာ အဝေးကွင်းမှာ ဆောက်သမ်တန် အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ ပါတယ် ။

အာဆင်နယ် အတွက် ဂရန်းနစ် ရှာကာ က ဦးဆောင်ဂိုး သွင်းပေးခဲ့ ပေမယ့် ဒုတိယပိုင်းမှာ ဆောက်သမ်တန် က ပြန်လည် ချေပ သွားခဲ့တာပါ ။

ဒီသရေ ပွဲကြောင့် အာဆင်နယ်တို့ မန်စီးတီး ကို ၄ မှတ်မဖြတ်နိုင် တော့ဘဲ ဂွာဒီယိုလာ ရဲ့ အသင်းဟာ ၂ မှတ် အကွာကို ရောက်ရှိ လာခဲ့ ပါပြီ ။

နောက်ထပ် ပွဲစဉ်မှာတော့ နယူးကာဆယ် ဟာ တော့တင်ဟမ် ဟော့စပါး အသင်းကို အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင် ကစားပြီး အဆင့် ၄ နေရာအထိ တက်လှမ်း လာနိုင်ခဲ့ ပါတယ် ။

နယူးကာဆယ် ဟာ ဝီလ်ဆင် ၊ အယ်မီရွန် တို့ရဲ့ ဂိုးတွေနဲ့ ပထမပိုင်းကို ဦးဆောင်ထားခဲ့ပြီး ဒုတိယပိုင်း မှာတော့ ဟယ်ရီကိန်း က စပါး အတွက် တဂိုးပြန်လည် ချေပခဲ့ ပါတယ် ။

စပိန် လာလီဂါ မှာတော့ ဘာစီလိုနာ ဟာ ဘီဘာအို အသင်းကို ၄-၀ နဲ့ အနိုင် ကစားခဲ့ ပါတယ် ။

ဒီပွဲမှာလည်း လီဝန်ဒေါ့စကီး ဂိုးသွင်းခဲ့ပြန်ပြီး ဒမ်ဘီလီ ၊ ဆာဂျီရောဘတ်တို ၊ ဖာရန်တောရက်စ် တို့လည်း ၁ ဂိုးစီ သွင်းယူပေးခဲ့ ကြပါတယ် ။

အက်သလက်တီကို မက်ဒရစ် ကတော့ ဘက်တစ် ကို အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင် ကစားခဲ့ပြီး ဂရစ်ဇ်မန်း ဟာ ထောင့်ကန်ဘော ကနေ တိုက်ရိုက် ကန်သွင်းပြီး ဂိုးရယူပေးခဲ့ ပါတယ် ။

အီတလီ စီးရီးအေ မှာတော့ နာပိုလီ ကို လိုက်ပြီ ဖိအားပေး နေတဲ့ အတ္တလန်တာ ဟာ မနေ့ညက လာဇီယို ကို ရှုံးနိမ့် သွားခဲ့ ပါတယ် ။

ဒါဟာ အတ္တလန်တာ အတွက် အခု ရာသီစီးရီးအေ မှာ ပထမဆုံး ရှုံးနိမ့်မှုလည်း ဖြစ်လာစေခဲ့ ပါတယ် ။

နာပိုလီ ကတော့ ရိုးမား ကို အဝေးကွင်းမှာ ဗစ်တာ အိုဆီမန် ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ယူကာ အဆင့် ၁ နေရာရော ရှုံးပွဲ မရှိသေးမှု ကိုပါ ဆက်လက် ထိန်းထားနိုင်ခဲ့ ပါတယ် ။

လက်ရှိ မှာတော့ နာပိုလီ က ၂၉ မှတ်နဲ့ ဦးဆောင်နေကာ အေစီမီလန် က ၂၆ မှတ် ၊ လာဇီယို နဲ့ အတ္တလန်တာ တို့က ၂၄ မှတ်စီ နဲ့ အစဉ်လိုက် ရပ်တည်နေကြပါတယ် ။

လက်စတာ ကနေ ပြင်သစ် ကို ပြောင်းရွှေ့ ကစားနေတဲ့ ဒိန်းမတ် ဂိုးသမားကြီး ကက်စပါ ရှမိုက်ကယ် ကတော့ နိုက်စ် အသင်း ပရိသတ်တွေ နဲ့ အဆင်မပြေ ဖြစ်လို့ နေပါတယ် ။

နိုက်စ် ပရိသတ်တွေ ဟာ သူတို့ရဲ့ ဝါရင့် ဂိုးသမားကြီး အပေါ် နှစ်သက်မှု မရှိဘဲ ဒီတပတ် ကစားခဲ့တဲ့ ပွဲမှာလည်း အော်ဟစ် လှောင်ပြောင်ခဲ့ ကြတယ်လို့ သိရပါတယ် ။

ဘရန့်ဖိုဒ့် နည်းပြ သောမတ်စ် ဖရန့် ကတော့ သူဟာ လက်ရှိ အသင်းမှာ မပြီးပြတ်သေးတဲ့ ကိစ္စတွေ ရှိနေပြီး ဗီလာ နည်းပြ ရာထူး အတွက် ကမ်းလှမ်းလာခဲ့လျင်လည်း ငြင်းပယ် သွားမှာပါလို့ ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။

ဒေါ့မွန် မှာ ပုံစံကောင်းတွေရ ဂိုးတွေသွင်း နေတဲ့ လူငယ် တိုက်စစ် ကြယ်ပွင့်လေး ယူဆိုဖာ မူကိုကို ကို လီဗာပူး ၊ PSG ၊ ဘာစီလိုနာ ၊ ရီးရဲမက်ဒရစ် အပါအဝင် ဥရောပ ထိပ်သီး ကလပ်တွေက စောင့်ကြည့် နေကြတယ်လို့လည်း သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကတော့ မေဂျာလိဂ် ကလပ် ချီကာဂို ဖိုင်းယား မှာ ကစားနေတဲ့ ကိုလံဘီယာ ရှေ့တန်းလူငယ်လေး ဂျွန် ဒူရန် ကို စောင့်ကြည့် အကဲခတ် နေတယ်လို့ ကြားသိရ ပါတယ် ။

အီတလီ စီးရီးဘီ ကလပ် ဘီနီဘန်တို ကို ကိုင်တွယ် နေတဲ့ နည်းပြ ဖေဘီယို ကန်နာဗာရို ဟာ အသင်းသစ် နဲ့ ၄ ပွဲသာ ကစားအပြီးမှာ ရာထူးကနေ နှုတ်ထွက်ခွင့်ပြုဖို့ တောင်းဆိုခဲ့ ပါတယ် ။ ဒါပေမယ့် ဘီနီဘန်တို ဥက္ကဌ က ဒီတောင်းဆိုမှု ကို ငြင်းဆန်ခဲ့တယ်လို့ သိရှိရ ပါတယ် ခင်ဗျာ . . . . . ။

SPORTS MYANMAR