တော်မီးနေး ၊ ကာဆီမီရို တို့ကြောင့် စတမ်းဖို့ဒ် ဘရစ်ချ် မှာ 1 – 1 ဖြစ်ခဲ့တဲ့ ပွဲမှ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် 5 ချက်

မနေ့ညကတော့ စတမ်းဖို့ဒ် ဘရစ်ချ် ကွင်းထဲမှာ ပရီးမီးယားလိဂ် ထိပ်သီး အသင်း နှစ်သင်း ဖြစ်ကြတဲ့ ချဲလ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ရင်ဆိုင် ကစားခဲ့ကြပြီး ပွဲပြီးချိန်မှာတော့ တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်သွားခဲ့ရပါတယ် ။

ဒီပွဲမှာတော့ ပထမပိုင်းအတွင်း ယူနိုက်တက်တို့ ဖိအားပေး ကစားနိုင်ခဲ့ကြပြန်ပါတယ် ။ ဒါပေမဲ့ ကစားသမားတွေရဲ့ အခွင့်အရေး အသုံးမချနိုင်မှု ၊ ကီပါ လက်စွမ်းကောင်းတွေ ပြသမှုကြောင့် ဂိုးမသွင်းနိုင်ပဲ ဖြစ်ခဲ့ရပါတယ် ။

ဒုတိယပိုင်းမှာတော့ ချဲလ်ဆီး ဖက်မှ ကိုဗာဆစ် ဝင်လာပြီးချိန် ပွဲစဥ်က အပြန်အလှန် ဖြစ်သွားခဲ့ရပါတယ် ။ ဒါပေမဲဲ့ ဂိုးတွေရဖို့တော့ အခက်တွေ့နေကြဆဲ ဖြစ်ခဲ့ရပါတယ်် ။ အဲ့ဒီနောက် ပွဲချိန် 86 မိနစ်မှာ တော်မီနေး က ဂိုးဧရိိယာထဲ ဘရိုဂျာကို လှဲခဲ့တဲ့ အတွက် ပင်နယ်တီ ပေးခဲ့ရပါတယ် ။

အဆိုပါ ပင်နယ်တီကို ဂျော်ဂျင်ဟို က ဂိုးအဖြစ် ပြောင်းလဲဲနိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် ပွဲချိန်ပြီးဆုံးပြီး နာကျင်ချိန်ပို 6 မိနစ် ရရှိခဲ့ရာ 4 မိနစ်မှာ ကာဆီမီရို က ခြေပဂိုး ပြန်လည််သွင်းယူပေးနိုင်ခဲ့တာကြောင့် 1 – 1 ဖြစ်ခဲ့ရပါတယ် ။ အဆိုပါ ပွဲစဥ်မှ ပြောစရာဖြစ်ခဲ့ရတဲ့ အချက် 6 ချက်ကို ဖော်ပြပေးလိုက်ပါတယ် ။

(1) ပေါ်တာရဲ့ မှန်ကန်တဲ့ ပြောင်းလဲမှု

ဒီပွဲမှာတော့ ဂရေဟမ် ပေါ်တာရဲ့ ရက်စက်မှုက အလုပ်ဖြစ််သွားခဲ့ရပါတယ် ။ တဖက်သတ် ဖြစ်ခဲ့ရတဲ့ ဒီပွဲစဥ်မှာ သူဟာ ကူကူရယ်လာကို ပွဲချိန် 36 မိနစ်မှာပဲ လူစားလဲခဲ့ပြီး ကိုဗာဆစ်ကို ထည့်သွင်း အသုံးပြုသွားခဲ့ပါတယ် ။

အဲ့ဒီနောက်မှာ ချဲလ်ဆီး အသင်းဟာ ယူနိုက်တက်ကို ပြန််လည် တုန့်ပြန် ကစားနိုင်ခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှု ၊ အခွင့်အရေး ဖန်တီးမှုတွေလည်း လုပ်ဆောင်သွားနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် အဲရစ်ဆင်လည်း အကောင်းဆုံး ခြေစွမ််း မပြနိုင်ဖြစ်ခဲ့ရပါတယ် ။

(2) ခြေတစ်ဖက်ပဲ ကျွမ်ကျွမ်းကျင်ကျင် သုံးတတ်တဲ့ အန်တိုနီ

သင်ဟာ ယူနိုက်တက် ပရိသတ်ဆိုရင် ပထမပိုင်း ကစားပုံကို ပိုပြီး နှစ်ခြိုက်ခဲ့မှာပါ ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန််အတွင်း ယူနိုက်တက်တို့ရဲ့ ကစားပုံ ပိုကောင်းပြီး အခွင့်အရေးတွေ ဖန်တီး ၊ ခြိမ်းခြောက်မှုတွေ များစွာ လုပ်နိုင်ခဲ့လို့ပါပဲ ။

ဒါပေမဲ့ ဒီပွဲမှာ အန်တိုနီရဲ့ ညာခြေ အသုံးပြုနိုင်မှု စွမ်းရည််ဟာ ညံ့နေတာကို မြင်တွေ့ခဲ့ရပြန်ပါတယ် ။ ဒီပွဲမှာ သူဟာ အခွင့်အရေးကောင်း ရရှိခဲ့ပေမဲ့ ညာခြေကို ကောင်းစွာ အသုံးမပြုနိုင်တာကြောင့် ဂိုးဘေးကနေ ဘောလုံးထွက်ခဲ့ရပါတယ် ။

(3) နည်းစနစ်ပိုင်းအရ တန်ဟတ်ရဲ့ တုန့်ပြန်မှု

ချဲလ်ဆီးဖက်မှ ပထမပိုင်းအတွင်း ကိုဗာဆစ်ကို လူစားဝင်ပြီး ကစားစေခဲ့တဲ့နောက် မိမိတို့ အသင်း အစပိုင်းမိနစ််တွေလောက် မထိုးဖောက်နိုင်တာကို မြင်ခဲ့တဲ့ အဲရစ် တန််ဟတ် ဟာ ဒုတိယပိုင်းမှာပဲ လူစားလဲခဲ့ပါတယ် ။ သူဟာ ဖရက်ဒ် ကို ထည့်သွင်းပြီး ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဆန်ချိုကို အနားပေးခဲ့ပါတယ် ။

အဲ့ဒီနောက် ဖရက်ဒ် ဟာ တိုက်စစ်ပိုင်း လိုက်ပါရင်းနဲ့ ချဲလ်ဆီး ခံစစ်ကို အလုပ်များသွားစေခဲ့ပါတယ် ။ ဒါ့အပြင် အဖျားဝေဒနာ သက်သာပြီး ကစားခဲ့တဲ့ ၊ ​ပွဲချိန်ကြာလေ ခြေစွမ်းမပြလေ ဖြစ်ခဲ့တဲ့ အဲရစ်ဆင်ကိုလည်း လူစားလဲခဲ့ပါတယ် ။

(4) ကွင်းထဲက ငိုကြွေးပြီး ထွက်ခွာခဲ့ရတဲ့ ဗာရန်း

ဒီပွဲမှာ ရလဒ်ထက် ယူနိုက်တက် ပရိသတ်တွေကို ပိုပြီး နာကျင်စေခဲ့တာက ရာဖေးလ် ဗာရန်း ဒဏ်ရာ ရရှိသွားခြင်းပါပဲ ။ ဘာဖြစ်လို့လဲဆိုတော့ ဗာရန်း နဲ့ မာတီနက်ဇ် တွဲကစားခဲ့တဲ့ နောက်ပိုင်းမှ အသင်းရဲ့ ရလဒ်တွေ တိုးတက်် ကောင်းမွန်လာခဲ့တာ လူတိုင်းသိလို့ပါပဲ ။

အခုတော့ ဗာရန်းဟာ ဒဏ်ရာရသွားပြန်ပါပြီ ။ ဒီဒဏ်ရာက သူ့ကို ကမ္ဘာ့ ဖလား ကစားခွင့် ပေးနိုင်မလားဆိုတာ မရေရာတဲ့ အတွက် ဗာရန်းဟာ ကွင်းထဲက ငိုကြွေးပြီးထွက်ခဲ့ရပါတယ် ။ သူ့ရဲ့ ဒဏ်ရာကိုတော့ စစ်ဆေးရဦးမယ်လို့ တန်ဟတ် က ပြောခဲ့ပါတယ် ။

(5) မိုက်မဲသူ တော်မီနေး

အဲရစ် တန်ဟတ်ရဲ့ လက်အောက်မှာ တစ်စထက်တစ်စ ပိုကောင်းတဲ့ ခြေစွမ်းတွေ ပြနိုင်ခဲ့တဲ့ မက် တော်မီနေးဟာ ဒီပွဲမှာ လူစားဝင် ကစားခွင့်သာ ရရှိခဲ့ပြီး လူစားဝင်ပြီး မကြာမီမှာပဲ ပင်နယ်တီပါ ပေးခဲ့ရပြန်ပါတယ် ။ ဒီအဖြစ်အပျက််မှာ သူ ဥာဏ်နည်းတာကို မြင်ခဲ့ရပါတယ် ။

တကယ်တော့ ဘရိုဂျာ က သူ့ရဲ့ မျက်နှာကို အရင် ပြစ််ဒဏ် ကျူးလွန်ခဲ့တာပါ ။ အဲ့ဒီထဲက သူ့အနေနဲ့ ပြစ်ဒဏ်ဘောရအောင် လုပ်ခဲ့သင့်ပါတယ် ။ ဒါ့အပြင် လှဲချလိုက်ဖို့ အခွင့်သာသွားတဲ့ ဘရိုဂျာကို လွှတ်မထားပဲ ဆက်လက် ဖက်ထားခဲ့တာက ပင်နယ်တီပေးရဖို့ ဖြစ်သွားခဲ့ပါတယ် ။

(6) တစ်မှတ်ရှာပေးတဲ့ ကာဆီမီရို

ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အနိမ့်ဆုံး သရေ တစ်မှတ်နဲ့ ထိုက်တန်ခဲ့ပါတယ် ။ ဒါပေမဲ့ ပွဲချိန် ပြီးခါနီးအထိ တစ်ဂိုး ရှုံးနေခဲ့ချိန်မှာ ယူနိုက်တက် ရဲ့ အနေအထားက အမှတ်ဆုံးရှုံးပြီလို့ ထင်ခဲ့ရပါတယ် ။

ဒါပေမဲ့ ကစားသမားတွေဟာ ပွဲချိန်ပြီးလို့ နာကျင်ချိန်ပို အထိ အကောင်းဆုံး ကြိုးစားရင်း 4 မိနစ်မှာ ကာဆီမီရို က ခြေပဂိုး ပြန်လည် သွင်းယူသွားနိုင်ခဲ့ပါတယ် ။

ဒီဂိုးအပြီး ကာဆာ ရဲ့ အောင်ပွဲခံပုံက ယူနိုက်တက် ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်သွားနိုင်ခဲ့ပါတယ် ။

#Sports_Myanmar