ချဲလ်ဆီးနဲ့ သရေရလဒ်အပေါ် မှတ်ချက်ပေးရင်း ရော်နယ်ဒိုနဲ့ ပတ်သက်လို့ အဝတ်လဲခန်းထဲ ဘာတွေ တွေးနေကြသလဲဆိုတာ ပြောပြလိုက်တဲ့ ဘရူနို

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က သူနဲ့ အသင်းဖော်တွေဟာ ခရစ္စတီယာနို ရော်နယ်ဒို နဲ့ ပတ်သက်လို့ ဘာတွေ တွေးတောနေကြလဲ ဆိုတာကို ထုတ်ပြောသွားကြဖို့ မရှိကြောင်း ပြောပြသွားခဲ့လိုက်ပါတယ် ။

ရော်နယ်ဒိုဟာ ကြာသပတေးနံနက်တုန်းက ယူနိုက်တက်တို့ တော့တင်ဟမ် ဟော့ စပါး အသင်းကို 2-0 ဆိုတဲ့ ရလဒ်် နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဥ်မှာ လူစားဝင် ကစားဖို့ ငြင်းဆန်ခဲ့တာကြောင့် အဲ့ဒီနောက် ကာရင်တန် လေ့ကျင့်ရေးကွင်းထဲမှာ မိမိဘာသာ လေ့ကျင့်နေခဲ့ရပါတယ် ။

ဒါ့အပြင် ယူနိုက်တက်တို့ ချဲလ်ဆီး အသင်းနဲ့ တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲစဥ်မှာလည်း သူဟာ အသင်းရဲ့ ပွဲထွက် ကစားသမားသာမက အရန်လူ စာရင်းထဲပါ ပါဝင်ခွင့် မရရှိခဲ့ပါဘူး ။ ဒါ့ကြောင့် ယူနိုက်တက် အသင်းအတွင်း ဘာဖြစ်နေသလဲဆိုတာ သိလိုသူ များခဲ့ကြပါတယ် ။

အဆိုပါ ပွဲစဥ်မှာတော့ ယူနိုက်တက်ဖက်မှ ရော်နယ်ဒို မပါဝင်ခဲ့ပေမဲ့ တိုက်စစ်မှာ ဆန်ချို ၊ ရပ်ရှ်ဖို့ ၊ အန်တိုနီ နဲ့ ဘရူနို တို့ ပါဝင်ခဲ့ကြ ပါတယ် ။ ဒါ့အပြင် ဒီပွဲမှာ ယူနိုက်တက်် အသင်းဟာ ပြိုင်ဖက်ကောင်းကို ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲစဥ်ကိုလည်း လွှမ်းမိုးထားနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ တော်မီနေးကြောင့် ပင်နယ်တီ ပေးခဲ့ရတာက ယူနိုက်တက် တို့ကို နောက်မှလိုက်ကစားဖို့ အကြောင်းဖန်စေခဲ့လိုက်ပါတယ် ။ သို့သော်လည်း နာကျင်ချိန်ပိုမိနစ်မှာ ယူနိုက်တက်ဖက်မှ ကာဆီမီရို မှ ဂိုးပြန်လည် သွင်းယူခဲ့တာက ယူနိုက်တက် တို့ကို တစ်မှတ်ရစေခဲ့ပါတယ် ။

” ပထမပိုင်းမှာ ကျွန်တော်တို့ရဲ့ ကစားပုံ အရမ်းကောင်းခဲ့တယ်လို့ ထင်မိပါတယ် ။ ဒါပေမဲ့ ကူကူရယ်လာ ထွက်ပြီး ကိုဗာဆစ် ဝင်လာတဲ့ သူတို့ရဲ့ နည်းစနစ်ပိုင်း ပြောင််းလဲမှုက ကျွန်တော်တို့ကို အခက်အခဲ ဖြစ်သွားစေခဲ့တာလည်း ထင်ရှားခဲ့ပါတယ် ”

” ကျွန်တော်တို့ ကွင်းလယ်မှာ ပြသနာ အနည်းငယ် ရှိခဲ့ကြပေမဲ့ ကျွန်တော်တို့ နေရာယူနိုင်ခဲ့ပြီး အခွင့်အရေးတွေ ဖန်တီးသွားနိုင်ခဲ့ကြပါတယ် ။ အမှန်တော့ ကျွန်တော်တို့ 2 – 0 နဲ့တောင် ဦးဆောင်နိုင်ခဲ့သင့်တာပါ ။ ဒါပေမဲ့ သူတို့က ပင်နယ်တီမှတဆင့် ကျွန်တော်တို့ကို ဦးဆောင်သွားခဲ့ကြပါတယ် ”

” ဒါပေမဲ့ ကျွန်တော်တို့ဖက်ကလည်း ယုံကြည်မှုရှိကြောင််း ပြသသွားနိုင်ခဲ့ကြပါတယ် ။ ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင်ခဲ့ကြပြီး အသင်းသားတိုင်းရဲ့ စိတ်ဓါတ်ကလဲ အံ့ဖွယ် ဖြစ်ခဲ့ရပါတယ် ။ ကျွန်တော်တို့ လိုချင်တာ ဒီလို ရလဒ်တော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ တစ်မှတ်ရတာလည်း ကောင်းပါတယ်လေ ”

” ကျွန်တော်တို့ အခွင့်ကောင်း ရကတည်းက ဂိုးတွေရယူနိုင်ခဲ့သင့်တာပါ ။ ကျွန်တော်တို့ လွဲချော်ခဲ့ကြပါတယ် ။ ဒါဟာ ကိစ္စတော့ မရှိပါဘူး ။ ကျွန်တော့်အတွက် အရေးကြီးတာက 1 – 0 ဖြစ်ပြီးချိန် ကျွန်တော်တို့ရဲ့တုန့်ပြန်မှုပါ ။ ဒါဟာ တကယ့်ကို ကောင်းခဲ့ပါတယ် ”

” ဒီချိန်မှာ ကျွန်တော်တို့ ရော်နယ်ဒို အကြောင်း မပြောနိုင်သေးပါဘူး ။ ဒါကို အတွင်းပိုင်းမှာပဲ ထားရပါ့မယ် ။ ကျွန်တော်တို့ ဒီကိစ္စကို အတွင်းပိုင်းမှာပဲ ကိုင်တွယ် ဖြေရှင်းရပါ့မယ် ။ ကျွန်တော်တို့ ဘာတွေးနေသလဲ ၊ ဘာဖြစ်ချင်သလဲ ၊ ဘာဖြစ်စေလိုသလဲဆိုတာ ဘယ်သူမှ သိဖို့ မလိုသေးပါဘူး ”

” ကျွန်တော်တို့ ကိုယ်တိုင်လည်း အချို့အရာတွေ မသိကြပါဘူး ။ လက်ရှိ အချိန်မှာ ခရစ္စတီယာနို အပါအဝင် ကျွန်တော်တို့ အားလုံးအတွက် အရေးကြီးတာက အသင််း အနိုင်ရရှိရေးပါပဲ ” လို့ ဘရူနို ဖာနန်ဒက်စ်က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar