အဲရစ် တန်တဟ် ရဲ့ နည်းပြ ဘဝ အချိန်တိုလေး အပေါ် မှတ်ချက်ပေးလိုက်တဲ့ မိုက်ကယ် အိုဝင်

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်သူ မိုက်ကယ် အိုဝင် က အိုးလ် ထရပ်ဖို့ဒ် မှာ နည်းပြ ဘဝ စတင်ရုံပဲ ရှိသေးတဲ့ အဲရစ် တန်ဟတ် ရဲ့ လုပ်ရည််ကိုင်ရည် အပေါ် အထင်ကြီးမိတယ်လို့ ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

အဲရစ် တန်ဟတ် ဆိုတာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မကုန််ဆုံးမီတုန်းက ယူနိုက်တက် နည်းပြ ဖြစ်လာခဲ့ပြီး ရောက််လာခဲ့တဲ့နောက်မှာတော့ စည်းကမ်းတွေတင်းကျပ်ခဲ့သလို သူ မှန်တယ် ထင်တဲ့ အရာတွေကိုလည်း စိတ်ရှိသလို လုပ််ဆောင်ခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာသီ အဖွင့်ပွဲစဥ် နှစ်ပွဲမှာ ရှုံးပွဲတွေ ကြုံတွေ့ခဲ့တဲ့နောက် တန်ဟတ် က အဂ််လန်သားတွေဖြစ်ကြတဲ့ လုခ်ရှော ၊ ဟယ်ရီ မက်ဂွားယား တို့ကို ပွဲထွက်ကစားခွင့် မပေးတော့ပဲ အရန်ခုံဆီ ပို့ဆောင် သွားခဲ့လိုက်ပါတယ် ။

ဒါ့အပြင် ရာသီကြို ပွဲစဥ်တွေမှာ မပါဝင်နိုင်ခဲ့တဲ့ ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦးဖြစ်သူ ခရစ္စတီဟာနို ရော်နယ်ဒို လို ကစားသမားမျိုးကိုလည်း ပွဲထွက် ကစား သမား စာရင်းမှ ချန်လှပ်ပြီး အရန်ခုံပေါ် ပို့ဆောင်ခဲ့တာက တကယ့်ကို ကြီးမားတဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ရပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားဟန်ဟာ ယခင်ကထက် ပိုမိုကြည့်ကောင်းလာခဲ့ပြီ ဖြစ်သလိို ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ မိုက်ကယ် အိုဝင် ကလည်း နည်းပြသစ်ရဲ့ လုပ်ပုံကိုင်ပုံ နဲ့ တင်းကျပ်မှုတွေကို အထင်ကြီးမိကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ဟုတ်တာပေါ့ ၊ ကျွန်တော် အထင်ကြီးမိပါတယ် ။ သူဟာ စည်းကမ်းတွေ ၊ စည်းမျဥ်းတွေ တင်းကျပ်တယ်လို့ လူတွေ ပြောကြမယ်ဆိုတာ ကျွန်တော် ရှင်းရှင်းလင်းလင််းလေး သိထားပါတယ် ။ ပြီးတော့ သူ ကစားစေလိုတဲ့ ပုံစံ တစ်ခုကိုလည်း ပုံဖော်နေပါတယ် ”

” ဒါဟာ သူ့ရဲ့ အနာဂတ်မှာ ဆက်လက် ကစားစေချင်တဲ့ ကစားကွက်ပဲလို့ ကျွန်တော်တော့ မထင်မိပါဘူး ။ ဒါပေမဲ့ ရလဒ်ကောင်း ရရှိအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို သူ ကောင်းကောင်း သိပါတယ် ။ ဒါ့ကြောင့် သူနဲ့ ပတ်သက််လို့ ကျွန်တော် အတန်အသင့် အထင်ကြီးမိပါတယ် ”

” မန်ချက်စတာ ယူနိုက်တက် အသင်း အောင်မြင်မှု မရခင် ၊ စိန်ခေါ်မှုတွေ လုပ်နိုင်ခြင်း မရှိသေးခင် သူတို့ကို အကဲဲဖြတ်လို့ မဖြစ်သေးပါဘူး ။ ဒါပေမဲ့ သူဟာ ရှေ့ဆက် အဝေးကြီး လှမ်းနိုင်ဦးမယ်လို့ ကျွန်တော် ထင်မိပါတယ် ။ သူတို့ ရှေ့ဆက်တဲ့ လမ်းကြောင်းမှာ မန်စီးတီးနဲ့ ပွဲစဥ်လို အခက်အခဲတွေ ကြုံဦးမယ်ဆိုတာ သိပါတယ် ”

” အဲ့တာကလွဲရင် သူ့ရဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဥ် 5 ပွဲ ၊ 10 ပွဲလောက်က အတော်လေး ကောင်းခဲ့ပါတယ် ။ အခုတော့ သူတို့ဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေပြီလို့ ထင်မိပါတယ် ။ ဒါပေမဲ့ သူတို့ အလုပ်တွေ အများကြီး လုပ်ဖို့ ကျန်နေပါသေးတယ် ” လို့ အိုဝင် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar