သူ့ရဲ့ Idol က ဘယ်သူလဲဆိုတာကို ထုတ်ပြောလိုက်တဲ့ ယူနိုက်တက် နောက်ခံလူ မာတီနက်ဇ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟိုနောက်ခံလူ တစ်ဦးဖြစ်သူ လီဆန်ဒရို မာတီနက်ဇ် က သရဲနီ ခံစစ်မှူးဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဂါဘရီယယ် ဟိန့်ဇီ ဟာ သူ့ရဲ့ Idol ဖြစ်ကြောင်း ၊ သူ့ရဲ့ ကစားပုံကို ချစ်ခင် မြတ်နိုးကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့လိုက်ပါတယ် ။

ပြီးခဲ့တဲ့ နွေတုန်းကမှ မန်ချက်စတာ ယူနိုက်တက် အသင််းဆီ ရောက်လာခဲ့တဲ့ လီဆန်ဒရို မာတီနက်ဇ်ဟာ ယူနိုက်တက် ကစားသမား ဘဝ အဖွင့် မလှခဲ့ပါဘူး ။ သူဟာ ဘရိုက်တန် ကို 1 – 2 နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်မှာ ယူနိုက်တက် အတွက်် ပွဲထွက် ကစားပေးခဲ့ပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက် တို့ ဘရန့်ဖို့ဒ် ကို 4 – 0 နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်မှာလည်း ပထမပိုင်းအပြီး လူစားလဲခံခဲ့လိုက်ရပါတယ် ။ ဒါပေမဲ့ ယူနိုက်တက် ခံစစ်မှာ ဗာရန်း နဲ့ တွဲဖက် ကစားခဲ့ရတဲ့နောက်မှာတော့ သူဟာ ပုံစံကောင်းတွေ အမြဲလို ပြသနိုင်ခဲ့ပြီး ပရိသတ် အချစ်တော် ဖြစ်လာခဲ့ပါတယ် ။

အခုတော့ သူဟာ ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အသင််း အတွက် ပြိုင်ပွဲစုံ 14 ပွဲ အထိ ကစားပေးထားခဲ့ပြီပဲ ဖြစ်ပါတယ် ။ အခုတော့ သူဟာ ယူနိုက်တက် အသင်းရဲ့ ခံစစ်မှူးဟောင်း ဖြစ်သူ ဂါဘရီယယ် ဟိန့်ဇီ ကို ကြည့်ရှုရင််း ကြီးပြင်းလာခဲ့တာဖြစ်ကြောင်း ဖွင့်ဟလိုက်ပါပြီ ။

” ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို တွေ့ကြုံခံစားရတာက ကျွန်တော့် အတွက်တော့ ခမ်းနားလှပါတယ် ။ ကျွန််တော့်ဖက်ကလည်း သူတို့ကို ထပ်တူထပ်မျှ ချစ်ခင်မိပါတယ် ။ ခင်ဗျားတို့ သိတဲ့အတိုင်း ဘာမှမဟုတ်တဲ့​ကောင် တစ်ဦးအဖြစ်ကနေ အခုလို ဖြစ်လာနိုင်ခဲ့တဲ့ အပေါ် ကျွန််တော် ပျော်ရွှင်မိတယ်လေ ”

” အခုလို ကမ္ဘာ့ အခမ်းနားဆုံး အသင်း တစ်သင်းဆီ လာရောက်နိုင်ခဲ့တာက အရမ်းကို စပါယ်ရှယ် ဖြစ်မိပါတယ် ။ ကျွန်တော့်ရဲ့ Idol က ဂါဘရီယယ် ဟိန့်ဇီ ပါ ။ ကျွန်တော် သူ့ကို ချစ်ပါတယ် ။ သူ ကစားတဲ့ ပုံစံကိုလည်း ကျွန်တော် နှစ်သက်လှပါတယ် ”

” သူဟာ တကယ့်ကို ရန်လိုစွာ ကစားနိုင်ပြီး စိတ်ဓါတ်ပိုင််းလည်း ကောင်းမွန်လှပါတယ် ။ သူ့ရဲ့ ဘောလုံး ယှဥ်လုမှုကလည်း ကောင်းလွန်းတယ်လေ ။ သူဟာ ပွဲစဥ်တိုင်းကို Final ပွဲလိုမျိုး ကစားတတ်သူ တစ်ဦးပါ ။ သူက တကယ့်ကို ထိပ်တန်း ကစားသမား တစ်ဦးပါပဲ ”

” ကျွန်တော် သူ့လိုမျိုး ကစားနိုင်ဖို့ ကြိုးစားဖြစ်ပါတယ် ။ ကျွန်တော်တို့ရဲ့ ကစားပုံက အနည်းငယ်တော့ ခြားနားလှတယ်လေ ။ ကျွန်တော်ကတော့ သူ့ရဲ့ စိတ်ဓါတ် ခံယူချက်ကို နှစ်ခြိုက်မိပါတယ် ” လို့ မာတီနက်ဇ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar