ယူနိုက်တက်တို့ ကြီးကြီးမားမားနစ်နာခဲ့ရတဲ့ စတမ်းဖို့ဒ် ဘရစ်ချ် က စီးချင်းထိုးပွဲမှာ ဧည့်သည်အသင်းအတွက် ဘယ်သူတွေကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မ​နေ့ညကတော့ စတမ်းဖို့ဒ် ဘရစ်ချ် ကွင်းထဲမှာ ချဲလ်ဆီး အသင်းနဲ့ ရင်ဆိုင်် ကစားခဲ့ရပြီး တစ်ဖက်တစ်ဂိုးစီ သရေ ရလဒ် ရယူသွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အဓိက ဗဟိုခံစစ်မှူး ရာဖေးလ် ဗာရန်း ဒဏ်ရာရသွားတာကတော့ ဧည့်သည်တို့အတွက် နစ််နာမှု ကြီးမားသွားခဲ့ရပါတယ် ။

ဒီပွဲမှာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းဖက်မှ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ပထမပိုင်း အတွင်း ဂိုးပေါက် ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ကာ ပွဲစဥ်ကို ဦိးဆောင် ကစားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ရလဒ်က အရင်လိုပါပဲ ၊ ယူနိုက်တက် ကစားသမားတွေရဲ့ ကန်ချက်မကောင််းခဲ့သလို ပြိုင်ဖက် ဂိုးသမားကလည်း လက်စွမ်းပြသွားနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက် ဒုတိယပိုင်းမှာ နှစ်ဖက်အသင်းလုံး ဂိုးရရှိနိုင်ဖို့ ကြိုးစားနေခဲ့ကြပေမဲ့ ဂိုးမရခဲ့ပါဘူး။ အဲ့ဒီနောက် ပွဲချိန် 86 မိနစ်မှာ ယူနိုက်တက် ကွင်းလယ်လူ မက် တော်မီနေးက ဘရိုဂျာ ကို ဖက် ဆွဲ ခဲ့တဲ့ အတွက် ယူနိုက်တက်တို့ ပင်နယ်တီ ပေးခဲ့ရပါတယ် ။ ဒီပင်နယ်တီကိုတော့ ဂျော်ဂျင်ဟို က အမှားအယွင်းမရှိ ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့ပါတယ် ။

ဒီအဖြစ်အပျက်မှာတော့ တော်မီနေး ညံ့ခဲ့တာ သိသာခဲ့ရပါတယ် ။ တကယ်ဆို ဘရိုဂျာ ဖက်က သူ့မျက်နှာကို အရင််ထိခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ထဲက တော်မီနေး အနေနဲ့ ပါးနပ််စွာ ပြစ်ဒဏ်ဘော ရယူခဲ့သင့်ပါတယ် ။ ဒါ့အပြင် သူ့ဖက်က ဖက်လိုက်မှ ဘရိုဂျာ က အလိုက်သင့် လက်လွှတ်လိုက်ပြီး ချော်လဲရောထိုင် ပုံစံမျိုးနဲ့ ပင်နယ်တီ ရယူသွားခဲ့တာပါ ။

ဒါ့ကြောင့် တော်မီနေးရဲ့ ပါးနပ်မှု မရှိခြင်းက ကွင်းလယ်ဒိုင်အတွက် VAR တောင် သွားကြည့်စရာမလိုခဲ့ဘူး ဖြစ်ခဲ့ရပါတယ် ။ ဘယ်လိုပဲဖြစ်ပါစေ ၊ နာကျင်ချိန်ပိုမှာ ကာဆီမီရို က ယူနိုက်တက် အတွက် ခြေပဂိုး သွင်းယူသွားခဲ့တာက ယူနိုက်တက်ပရိသတ်တွေကို စိတ်သက်သာရာ ရရှိစေခဲ့ပါတယ် ။

ဒီဂိုးဟာလည်း အစတုန်းက အငြင်းပွားချင်စရာ ဖြစ်ခဲ့ရပါသေးတယ် ။ ဒါပေမဲ့ အနှေးပြကွက်မှာ ဘောလုံးဟာဂိုးစည််းကျော်ခဲ့တာကို မြင်ခဲ့ရတဲ့နောက်မှ ယူနိုက်တက် တို့ ဟင်း ချနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဗာရန်း ရဲ့ အခြေအနေ မသိရသေးတဲ့ ဒဏ်ရာနဲ့ အတူ ယူနိုက်တက်တို့ သရေတစ်မှတ် ရယူခဲ့ကြတဲ့ ပွဲစဥ်မှ ဧည့်သည် အသင်းရဲ့ rating ကို ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (6)

ပထမပိုင်းမှာ အလုပ်မရှိသလောက် ဖြစ်ခဲ့ရပါတယ် ။ ဒါပေမဲဲ့ ဒုတိယပိုင်းမှာတော့ အနည်းငယ် အလုပ်များခဲ့ရပြီး တစ်လုံး ကာကွယ်ခဲ့ရပါတယ် ။ ပင်နယ်တီဖမ်းရာမှာ ဆန့်ကျင်ဘက် အရပ်ကို ဒိုင်ဗင်ပစ်ခဲ့ပါတယ် ။

ဒါးလော့ (7)

ဘန်ချီဝဲလ် ကို စည်းကမ်းတကျ လူကပ် ကစားနိုင်ခဲ့တာကြောင့် ခံစစ် အစွန်လူတွေရဲ့ လုပ်အားအပေါ် အမှီပြုတဲ့ ချဲလ်ဆီး တို့ အခက်တွေ့ခဲ့ရပါတယ် ။ အန်တိုနီ နဲ့လည်းပိုပြီး အချိတ်အဆက်မိနေခဲ့ပါပြီ ။

ဗာရန်း (7)

အမှားနည်းအောင် ကစားပေးခဲ့ပြီး အနောက်မှာချည်း ကစားဖို့ထက် တိုက်စစ်ပိုင်းကို ဘောလုံးအရောက်ပို့နိုင်ဖို့ ကြိုးစားခဲ့ပါတယ် ။ ကံမကောင်းစွာပဲ ဒဏ်ရာရခဲ့ပြန်ပါတယ် ။

မာတီနက်ဇ် (8)

ချဲလ်ဆီး တိုက်စစ် ကစားသမားတွေကို ဒုက္ခအပေးနိုင်ဆုံးသူ ဖြစ်ခဲ့ရပါတယ် ။ ဗာရန်း နဲ့ အကောင်းဆုံး တွဲဖက် နိုင်ခဲ့သလို လင်ဒီလော့ဖ် နဲ့လည်း အဆင်ပြေအောင် ကစားနိုင်ခဲ့ပါတယ် ။

 

လုခ်ရှော (7)

တိုက်စစ်ပိုင်းကို ပိုမို လိုက်ပါ ကစားပေးနိုင်ခဲ့ပြီး အခွင့်အရေး တစ်ကြိမ် ရရှိခဲ့ပေမဲ့ ဂိုးဘေးက ကပ်ထွက်ခဲ့ရပါတယ် ။ ခံစစ်လည်း လုံခဲ့ပါတယ် ။

ကာဆီမီရို (8) MOTM

သူ့ဆီရောက်လာတဲ့ ဘောလုံးတိုင်းနီးပါးက တိုက်စစ်ကို ပြန်လည် ဖြန့်ဝေနိုင်ခဲ့ပါတယ် ။ ချဲလ်ဆီး ဖက်မှ ကစားကွက််ပြောင်းတိုင်း လိုက်လျောညီထွေစွာ ပိတ်ဆို့ပေးနိုင်ခဲ့ပါတယ် ။ ခြေပဂိုးပါ သွင်းယူပေးသွားနိုင်ခဲ့တဲ့ ဒီပွဲစဥ်ရဲ့ အကောင်းဆုံး ကစားသမားပါပဲ ။

အဲရစ်ဆင် (7)

ပွဲချိန်စတင်ကတည်းက အကောင်းဆုံး ကစားပေးနိုင်ခဲ့ပြီး တိုက်စစ်ဆင်ဖို့ လမ်းကြောင်းတွေလည်း ဖွင့်ပေးနိုင်ခဲ့ပါတယ် ။ ထိချက်တွေ ကောင်းမွန်ခဲ့ပေမဲ့ ကိုဗာဆစ် ဝင်လာတဲ့နောက် ခြေစွမ်းသိပ်မပြနိုင် ဖြစ်ခဲ့ရပါတယ် ။

အန်တိုနီ (6)

ပထမပိုင်းအတွင်း ယူနိုက်တက်အသင်းရဲ့ တိုက်စစ်တွေ သူ့ဖက်က စတင်တာများခဲ့ရပါတယ် ။ ကစားပုံကောင်းခဲ့ပေမဲ့ အခွင့်ကောင်းတစ်ကြိမ် ဖြုန်းတီးခဲ့ပါတယ် ။

ဘရူနို (6)

ဒီပွဲမှာတော့ သူ့ရဲ့ ဘောလုံးပေးပို့မှုတွေ ပိုကောင်းလာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ် ။ အန်တိုနီ နဲ့ ရပ်ရှ်ဖို့ အတွက် အခွင့်အရေး ဖန်တီးပေးနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ကိုယ်တိုင်လည်း အသုံးမချနိုင်ခဲ့ပါဘူး ။

ဆန်ချို (4)

ဒီပွဲမှာတော့ ယူနိုက်တက်တို့ရဲ့ အညံ့ဆုံး ကစားသမား ဖြစ်ခဲ့ရပါတယ် ။ ချိတ်ဆက် ကစားပုံတွေ ညံ့ခဲ့ပြီး ဘယ်လိိုမှ မထူးကဲပြနိုင်ခဲ့ပါဘူး ။

ရပ်ရှ်ဖို့ (6)

အခွင့်အရေးရခဲ့ပေမဲ့ ကန်ချက်က ကီပါကို မကျော်နိုင်ခဲ့ပါဘူး ။ ကစားပုံ ပိုကောင်းလာခဲ့ပေမဲ့ တိုက်စစ်မှူး နေရာမှာ ကစားပေးဖို့ အရည်အသွေး မပြည့်ဝသေးတာကို မြင်ခဲ့ရပြန်ပါတယ် ။

လူစားဝင် ကစားသမားများ…

ဖရက်ဒ် (5)
လင်ဒီလော့ဖ် (6)
တော်မီနေး (3)
အီလန်ဂါ (5)

#Sports_Myanmar