ချဲလ်ဆီး Vs ယူနိုက်တက် ပွဲမတိုင်မီ အဲရစ် တန်ဟတ်ဟာ ဘယ်လို အ​ပြောင်းအလဲတွေ လုပ်ခဲ့သလဲဆိုတာ​ ပြောပြလိုက်တဲ့ ဂရေဟမ် ပေါ်တာ

ချဲလ်ဆီး အသင်းရဲ့ နည်းပြ ဖြစ်သူ ဂရေဟမ် ပေါ်တာက ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ်ဟာ အသင်းရဲ့ ရလဒ််တွေ တိုးတက် ကောင်းမွန်လာစေဖို့ အပြောင်းအလဲတွေ အများကြီး လုပ်ဆောင်ပြထားနိုင်ခဲ့တယ်လို့ ပြောကြားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာသီအစတုန်းက အဖွင့်ပွဲ နှစ်ပွဲ ရှုံးနိမ့်ခဲ့တဲ့နောက် လေးပွဲဆက် နိုင်ပွဲရရှိအောင် ကစားပြသွားနိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ရလဒ်တွေဟာ အနိမ့်အမြင့် အတက်အကျ များခဲ့ပါတယ် ။

ဒါပေမဲ့ အဓိက ပြိုင်ဖက်တွေ ဖြစ်ကြတဲ့ လီဗာပူး ၊ အာဆင်နယ် နဲ့ တော့တင်ဟမ် ဟော့ စပါး အသင်းတွေကို အနိုင်် ကစားနိုင်ခဲ့သလို ယူရို ပါလိဂ် ပြိုင်ပွဲမှာလည်း နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ သေချာသလောက် နီးပါး ဖြစ်သွားခဲ့ရပါပြီ ။

ဒါ့အပြင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း အမှတ်ပေး ဇယား အဆင့် 5 နေရာမှာ ရှိနေနိုင်ခဲ့ပြီး ချဲလ်ဆီး နဲ့ ပွဲစဥ်ကို အနိုင် ကစားနိုင်ပါက ထိပ်သီး လေးသင်း စာရင်ထဲကို ရောက်သွားမှာပဲ ဖြစ်ပါတယ် ။ ဒါဟာ ဒီရာသီ ယူနိုက်တက်် ပရိသတ်တွေ တန်ဟတ် ဆီက မျှော်လင့်နေတဲ့ အရာပဲ ဖြစ်ပါတယ် ။

အခုတော့ ချဲလ်ဆီး နည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာက ဒီည စတမ်းဖို့ဒ် ဘရစ်ချ် မှာ ချဲလ်ဆီး အသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဥ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ ပြိုင်ဖက် နည်းပြ အဲရစ် တန်ဟတ် ရဲ့ လုပ်ဆောင်ချက်တွေကို ချီိးကျူးသွားခဲ့လိုက်ပါတယ် ။

” သူ ပြောင်းလဲပေးခဲ့တာ အများကြီးပါပဲ ။ သူ့ရဲ့ နည်းပြ ဘဝ သက်တမ်း တစ်လျှောက် လုပ်ဆောင်ခဲ့တာတွေနဲ့ ပတ််သက်လို့ ကျွန်တော် တကယ့်ကို အထင်ကြီး လေးစားမိပါတယ် ။ နည်းပြ တစ်ဦး အဖြစ်နဲ့ သူ့ရဲ့ အရည်အသွေးတွေကို ကျွန်တော် တကယ်ပဲ လေးစားမိပါတယ် ”

” သူတို့ ကစားခဲ့တဲ့ ပြိုင်ပွဲတွေမှာ ကစားသမားတွေဟာ တစ်စထက်တစ်စ အံဝင်အောင် ၊ ပိုကောင်းအောင် ကစားနိုင်ခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ် ။ သူတို့ လုပ်ခဲ့တာက ကောင်းမွန်ခဲ့ပါတယ် ။ သူတို့ဖက်က ကြည့်ရင်တော့ ဒါက အကောင်းဆုံး စတင်မှု ဖြစ်မှာတော့ မဟုတ်ဘူးလေ ”

” ဒါပေမဲ့ သူတို့ တိုက်ပွဲဝင်ခဲ့ကြတယ် ၊ ကစားပုံကောင်းမွန််စွာနဲ့ အမှတ်တွေ စုဆောင်းနိုင်ခဲ့ကြပါတယ် ။ ဒီညပွဲစဥ်ကတော့ ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်သွားမှာပါ ။ သူတို့တွေရဲ့ ကစားပုံ တိုးတက်ပြောင်းလဲလာခဲ့ပြီး တိုက်ရိုက်ဆန်လွန်းတဲ့ ကစားဟန်နဲ့ ကစားပြနိုင်ခဲ့ကြပါတယ် ”

” အခြားတဖက်မှာပဲ သူတို့အသင်းမှာ အရည်အသွေး ကောင်းမွန်သူတွေလည်း ရှိနေခဲ့ကြပါတယ် ။ သူတို့ရဲ့ အသင်းမှာ မားကပ်စ် ရပ်ရှ်ဖို့ ၊ ဂျေဒန် ဆန်ချို ၊ အန်တိုနီ နဲ့ ဘရူနို ဖာနန်ဒက်စ် တို့ဟာ ပုံစံကောင်းတွေ ပြသသွားနိုင်ခဲ့တယ်လေ ”

” ကျွန်တော်တို့ရဲ့ အသင်းကြားမှာ တူညီတဲ့ အရာတွေ အများကြီး ရှိနေခဲ့ပါတယ် ။ သူတို့တွေဟာ ပြိုင်ပွဲတွေမှာ ပြီးတော့ အချင်းချင်း ပိုပြီးတော့ အံဝင်အောင် လုပ်နိုင်ပါဦးမယ် ။ သူတို့ တစ်ဦးအကြောင်း တစ်ဦးသိအောင် လုပ်ရပါဦးမယ် ” လို့ ဂရေဟမ် ပေါ်တာ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar