အပတ်တိုင်း ပိုက်ဆံပေးပြီး ကြည့်ရလောက်အောင် ထိုက်တန်တဲ့ လီဗာပူးကစားသမားကို ပြောပြလိုက်တဲ့ ပက်နက်ဗင်

ပက်နက်ဗင်ဟာ လီဗာပူး တိုက်စစ်မှုး ရော်ဘတ်တိုဖာမီနိုကို ချီးကျူး ပြောဆိုသွားခဲ့ပြီး သူ့အနေနဲ့ ဘရာဇီးသားရဲ့ ကစားပုံကို အပတ်တိုင်း ပိုက်ဆံပေးပြီး ကြည့်သွားဖို့ အသင့်ပဲလို့ ဆိုလိုက်ပါတယ်။ ဖာမီနိုဟာ မနေ့က ၀က်ဟမ်းနဲ့ ပွဲစဉ်မှာ လီဗာပူး အတွက် ပွဲထွက် ကစားသွားခဲ့ပြီး အန်ဖီးကလပ်ကို ၃ ပွဲဆက် အနိုင်ရအောင် ကူညီပေးခဲ့ကာ ကလော့ရဲ့ အသင်းဟာ ဒီရလဒ်ကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာကို တက်လာခဲ့ပါတယ်။

ဖာမီနိုဟာ ၀က်ဟမ်းနဲ့ပွဲစဉ်မှာ ပြီးခဲ့တဲ့ ပွဲတွေကလောက် ခြေစွမ်းမပြနိုင်ခဲ့ပေမယ့်လည်း ဒါ၀င်နူးနက်ကို နေရာလွတ်တွေ ရအောင် ကူညီပေးကာ ကွင်းလယ်ထိ ဆင်းပြီး ချိတ်ဆက် ကစားခဲ့ပါတယ်။ ဒါ၀င်နူးနက်ဟာ ၀က်ဟမ်းနဲ့ပွဲစဉ်က ခြေစွမ်းကြောင့် ချီးကျူးမှုတွေ ခံနေရတဲ့ အပြင် ဆာလားကလည်း ပုံစံကောင်း ပြန်ရနေပေမယ့် အဲဗာတန်နဲ့ ချဲလ်ဆီး တောင်ပံ ကစားသမားဟောင်း ပက်နက်ဗင် ကတော့ ၀က်ဟမ်းနဲ့ပွဲက ဖာမီနိုရဲ့ ပထမပိုင်း ခြေစွမ်း အပေါ် အထူး ချီးကျူးခဲ့ပါတယ်။

နက်ဗင်က “၀က်ဟမ်းဟာ ပင်နယ်တီ ရရှိခဲ့ပြီး သူတို့ဟာ အခွင့်အရေးတွေ ဖန်တီးနိုင်စွမ်း ရှိတာကို သိနေပါတယ်။ အဲဒီနောက် သူတို့ဟာ ထောင့်ကန်ဘော ကနေ အခွင့်အရေးကောင်း တစ်ခုလည်း ရခဲ့ပါတယ်။ လီဗာပူးဟာ ပထမပိုင်းမှာ တအားကောင်းအောင် ကစားခဲ့ကာ အခွင့်အရေးတွေ များစွာ ရရှိခဲ့ပြီး first half မှာ သရေကျနေခဲ့မယ် ဆိုရင် လီဗာပူး အတွက် မတရားပါဘူး။

နူးနက်ဟာ ဒီပွဲစဉ်မှာ ၀က်ဟမ်း နောက်တန်းကို အတော်လေး ဒုက္ခပေး ကစားသွားခဲ့တာကို မြင်တွေ့ခဲ့ရပြီး သူ့ရဲ့ ယုံကြည်မှုပိုင်းကလည်း တိုးတက်လာတဲ့ ပုံစံမျိုး ပါပဲ။ သူဟာ ဒီပွဲစဉ်မှာ ဂိုးတစ်ဂိုး သွင်းနိုင်ခဲ့တဲ့ အပြင် ကျန်တဲ့ အခွင့်အရေး ၂ ကြိမ်မှာ ဂိုးမရခဲ့တာဟာ အတော်လေး ကံမကောင်းလို့ ဖြစ်ပါတယ်။ ဆာလားရဲ့ ခြေစွမ်းကလည်း အိုကေပါတယ်။ ဒါပေမယ့်လည်း ကျွန်တော် အနှစ်သက်ဆုံး ကစားသမား ကတော့ ဖာမီနိုပဲ ဖြစ်ပါတယ်။

သူဟာ ဒီရာသီမှာ ရုန်းကန်နေခဲ့ရတဲ့ လီဗာပူး အတွက် ဂိုးတွေ အများကြီး သွင်းယူကာ ကောင်းကောင်း ကူညီပေးခဲ့ပါတယ်။ ကျွန်တော် ကတော့ သူ့ရဲ့ ကစားပုံကို အပတ်တိုင်း ပိုက်ဆံပေးပြီး ကြည့်သွားမှာ ဖြစ်ပါတယ်။ သူဟာ တကယ့်ကို superb ပါပဲ။” လို့ ချီူးကျူး သွားပါတယ်။

ဖာမီနိုဟာ ဒီရာသီမှာ ပုံစံကောင်းကို ပြသလျက် ရှိနေပြီး ကလပ် အတွက် ပြိုင်ပွဲစုံ ၁၄ ပွဲမှာ ၈ ဂိုး သွင်းယူထားခဲ့ပြီး ဖြစ်ကာ လာမည့် ကမ္ဘာ့ဖလားမှာ ဘရာဇီး လက်ရွေးစင် အသင်း အတွက် ရွေးချယ်ခံရဖို့ အခြေအနေ ကောင်းနေပါတယ်။

SM