ယူနိုက်တက် ပစ်မှတ် ဂတ်ပို ရဲ့ အနာဂတ် အကြောင်း ထုတ်ပြောလိုက်တဲ့ PSV နည်းပြ နစ္စတယ်ရွိုင်း

PSV အသင်းရဲ့ နည်းပြ ဖြစ်သူ ရုဒ် ဗန် နစ္စတယ်ရွိုင်း က သူတို့ အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ကိုဒီ ဂတ်ပို ဟာ သူ့ရဲ့ အနာဂတ် အကြောင်း ကိုယ်တိုင်ပဲ ဆုံးဖြတ်လိမ့်မယ်လို့ အာဆင်နယ် နဲ့ ရင်ဆိုင်မယ့် ပွဲစဥ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေတုန််းက ကွင်းလယ် ခံစစ် ၊ တောင်ပံ တိုက်စစ် နဲ့ ဗဟို ခံစစ် နေရာတွေ အတွက် ကစားသမားတွေ ခေါ်ယူဖို့ ဦးစားပေးခဲ့ပါတယ် ။ ယူနိုက်တက်တို့ ကွင်းလယ် အတွက် ဖရန်ကီ ဒီဂျောင် ကို လိုချင်ခဲ့ပေမဲ့ ကာဆီမီရို နဲ့ ကျေနပ်ခဲ့ရပါတယ် ။

ဗဟို ခံစစ် နေရာ အတွက်တော့ ယူနိုက်တက်တို့ လိုချင်နေခဲ့တဲ့ လီဆန်ဒရို မာတီနက်ဇ်ကို ခေါ်ယူနိုင်ခဲ့ကြပါတယ် ။ ဒါ့အပြင် တောင်ပံ တိုက်စစ် နေရာ အတွက် အန်တိုနီ ကို ဦးစားပေး အဖြစ် သတ်မှတ်ခဲ့ကြပါတယ် ။ ဒါပေမဲ့ အေဂျက်ဇ် အသင်းက စျေးကိုင်ခဲ့ပါတယ် ။

ဒီလို အနေအထား တစ်ရပ်မှာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က အကြောင်းသိဖြစ်တဲ့ PSV အသင်း ရဲ့ တောင်ပံတိုက်စစ် ကစားသမားလေး ကိုဒီ ဂတ်ပို ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပြီး ကစားသမား နဲ့လည်း ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ ပါတယ် ။

ဒါပေမဲ့ အခြားတဖက်မှာလည်း အန်သိုနီ ကို ဆက်လိုက် နေခဲ့ပြီး အဆုံးသတ်မှာ အေဂျက်ဇ် အသင်းနဲ့ သဘောတူညီိမှု ရယူနိုင်ခဲ့တဲ့ အတွက် အန်တိုနီ ကိုပဲ အရခေါ်ယူခဲ့ရပါတယ် ။ ဒါပေမဲ့ ဂတ်ပို နဲ့ ယူနိုက်တက် တို့ရဲ့ သတင်းတွေက ပျံ့လွင့်နေဆဲပါပဲ ။

အထူးသဖြင့် ပြီးခဲ့တဲ့ရက်ပိုင်းက ကစားသမား ကိုယ်တိုင််ဟာ ယူနိုက်တက် နည်းပြ တန်ဟတ် နဲ့ စကားပြောဖြစ်ခဲ့သေးကြောင်း ၊ အင်္ဂလန် ကို သွားရောက် ကစားလိုကြောင််း ပြောခဲ့တဲ့ အတွက် သူ့ရဲ့ အနာဂတ် သတင်းတွေ ပြန်လည်် ထွက်ပေါ်လာခဲ့ပါတယ် ။

အခုတော့ PSV နည်းပြဖြစ်သလို ယူနိုက်တက် တိုက်စစ်မှူးဟောင်းလည်း ဖြစ်ခဲ့ဖူးတဲ့ ရုဒ် ဗန် နစ္စတယ်ရွိုင်း က သူ့ရဲ့ ကြယ်ပွင့် ကစားသမား ဖြစ်သူဟာ သူ့ရဲ့ အနာဂတ် အကြောင််း ကိုယ်တိုင် ဆုံးဖြတ်လိမ့်မယ်လို့ ထုတ်ပြောသွားခဲ့လိုက် ပါတယ် ။

” သူ့ကို စိတ်ဝင်စားနေကြတာ ပရီးမီးယားလိဂ် ကလပ်တွေတင် မဟုတ်ပါဘူး ။ ပြီးခဲ့တဲ့ သုံးလ ၊ လေးလ အတွင််းက သူ့ရဲ့ စွမ်းဆောင်ရည်တွေဟာ ထူးကဲလွန်းနေခဲ့ပါတယ် ။ သူ့ရဲ့ မှတ်တမ်းတွေနဲ့ သွင်းဂိုးတွေက ဥရောပထိပ််သီး ကလပ်တွေရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့တယ်လေ ”

” သူဟာ အသက် 23 နှစ်သာ ရှိနေသေးပြီး အသင်းမှာ ကစားရင်း သူ့ရဲ့ ကစားသမား ဘဝအပေါ် အာရုံစိုက်နေပါတယ် ။ သူ ဒါကို ဆက်လက် လုပ်ပြချင်နေပါတယ် ။ ဒါပေမဲ့ အချိန် တစ်ခု ရောက်လာရင်တော့ သူဟာ ဆုံးဖြတ််ချက် ချသွားပါလိမ့်မယ် ” လို့ နစ္စတယ်ရွိုင်း က ပြောလိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar