မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပတ်သက်လို့ စိုးရိမ်မိတဲ့ အချက်တစ်ချက်ကို ထုတ်ပြောလိုက်တဲ့ အိုဝင်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင််း တစ်ဦးဖြစ်သူ မိုက်ကယ် အိုဝင်က အသင်းဟောင်း အနေနဲဲ့ ရော်နယ်ဒို ရဲ့ နေရာကို ရေရှည် အစားထိုး သွားနိုင်ဖို့ အတွက် အခက်တွေ့နေမှာကို စိုးရိမ်မိကြောင်း ထုတ်ပြော သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ဒီရာသီမှာ နှစ်ဂိုးသာ သွင်းယူထားနိုင်ခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ဟာ လာမယ့်နှစ် ဇွန်လမှာ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးသွားဖို့ ရှိနေပါတယ် ။ ဒါပေမဲ့ သူဟာ အသင်းမှာ အဲ့လောက်အထိ ဆက်ရှိဖို့ မသေချာတော့ပါဘူး ။

သူဟာ ပြီးခဲ့တဲ့နွေတုန်းက ယူရိုပါလိဂ် ပြိုင်ပွဲသာ ကစားရဖို့ ရှိနေခဲ့တဲ့ အသင်းမှ ထွက်ခွာဖို့ အသင်းရဲ့ တာဝန်ရှိသူတွေကို တောင်းဆိုခဲ့ပါသေးတယ် ။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ယူနိုက်တက် အသင်းဟာ သူ့ကို အသင်းမှာပဲ ဆက််လက် ရှိစေခဲ့ပါတယ် ။

ဒါပေမဲ့ ရာသီကြို ပွဲစဥ်တွေ မကစားပေးခဲ့တဲ့ သူ့ကို အဲရစ် တန်ဟတ် က ပရီးမီးယားလိဂ် ပွဲစဥ်တွေမှာ ပွဲထွက် ကစားခွင့်တွေ မပေးခဲ့ပါဘူး ။ ဒါ့ကြောင့် လူစားဝင်ခွင့်တွေပဲ ရရှိခဲ့တဲ့ ရော်နယ်ဒို ဟာ အသင်းမှာ မပျော်မရွှင် ဖြစ်လာခဲ့ပါတယ် ။

အဲ့ဒီနောက် မန်စီးတီးကို ရှုံးနိမ့်သွားခဲ့တဲ့ ပွဲစဥ်မှာ ပွဲထွက် ကစားခွင့်ရော လူစားဝင်ကစားခွင့်ပါ ဆုံးရှုံးခဲ့မှု၊ ဒါ့အပြင် တော့တင်ဟမ် ဟော့စပါးကို နိုင်ခဲ့တဲ့ ပွဲစဥ် ပြီးဆုံးခါနီးမှာ လူစားဝင် ကစားစေခဲ့တာကို ငြင်းဆန်မှုတွေ ဖြစ်ပွားခဲ့ပြီး ရော်နယ်ဒို ရဲ့ အနာဂတ် ယူနိုက်တက်မှာ ဆက်မရှိတော့တဲ့ အဖြစ်မျိုး ရောက်သွားခဲ့ရပါတယ် ။

ဘယ်လိုပဲ ဖြစ်ပါစေ ၊ ရော်နယ်ဒို ဆိုတာ ဂိုးတွေကို ပုံစံမျိုးစံ နဲ့ သွင်းယူနိုင်သူ ဖြစ်တာကြောင့် အိုဝင် က သူ့ရဲ့ နေရာကို ရေရှည် အစားထိုးနိုင်ဖို့ အတွက် ယူနိုက်တက် တို့ လူရှာရ ခက်ခဲမှာကို စိုးရိမ်စိတ် ဖြစ်ပေါ်မိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

” အထောင်တိုက်စစ်မှူးနဲ့ ပတ်သက်လို့ တကယ့်ကို ကောင််းမွန်လွန်းတဲ့ ကစားသမား တစ်ဦး ရရှိနိုင်ဖို့ဆိုတာ ခက်ခဲလှပါတယ် ။ ခင်ဗျားအနေနဲ့ အဲ့ဒီမှာ အံဝင်နိုင်မယ့် ကစား သမားတစ်ဦးကို ရနိုင်ဖို့ ခက်ခဲလှပါတယ် ။ ခြေစွမ်းပြပြီးသား ကစားသမားကို ခေါ်ရင်လည်း စျေးကြီးမှာ သေချာလှပါတယ် ”

” ဒါ့အပြင် အသင်းတိုင်းက အဲ့လို ကစားသမားမျိုးကို လိုချင်တာကြောင့် အပြိုင်ခေါ်နိုင်ဖို့ လွယ်ကူမှာလည်း မဟုတ််ပါဘူး ။ ဒါ့ကြောင့် တိုက်စစ်မှူးကောင်းတစ်ဦး ရနိုင်ဖို့ ခက်ခဲမှာ အသေအချာပါပဲ ။ မန်ချက်စတာ ယူနိုက်တက်် အသင်းကလည်း ဒီနေရာအတွက် ကြိုးစားခဲ့ပြီးပါပြီ ”

” ဒါပေမဲ့ မရခဲ့တဲ့ အတွက် အဲ့တာနဲ့ ခြားနားတဲ့ ရှုထောင့်ဖက်က ရှာဖွေတာပဲ ပိုကောင်းပါလိမ့်မယ် ။ သူတို့ အနေနဲ့ ထိပ်တန်း ကစားသမား တစ်ဦး ၊ အလားအလာလည်း ပိုကောင်းနိုင်သူ တစ်ဦးကို ရှာဖွေရပါ့မယ် ။ ချက်ချင်းအံဝင်မယ့်သူထက် အချိန်ခနပေးရမယ့်သူကို ခေါ်ယူသင့်ပါတယ် ” လို့ အိုဝင် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar