နူးနက် ကီတာ ကိုနာတေး မာတစ် ရမ်ဆေး တို့ရဲ့ နောက်ဆုံးရ ဒဏ်ရာ အခြေအနေတွေကို ထုတ်ဖော်လိုက်တဲ့ ယာဂန်ကလော့

ယာဂန်ကလော့ဟာ လာမည့် စနေနေ့ နော့တင်ဟမ်ဖောရက်စ်နဲ့ ကစားရမယ့် ပွဲစဉ် မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ လီဗာပူး ပထမ အသင်းသားတွေရဲ့ ကြံ့ခိုင်မှု update ကို ပြောပြသွားခဲ့ပါတယ်။ လီဗာပူး မန်နေဂျာက စီးတီးဂရောင်းကို သွားရောက် ကစားရမယ့် ပွဲစဉ် မတိုင်မီ လီဗာပူးမှာ ဒဏ်ရာ ပြသနာ အသစ်တော့ မရှိဘူးလို့ ဆိုလိုက်ပေမယ့် အခြား ကစားသမား တစ်ချို့ကိုတော့ သူ့ရဲ့ line-up ကို မဆုံးဖြတ်မီ ကြံ့ခိုင်မှု check လုပ်သွားမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

နော့တင်ဟမ်နဲ့ပွဲစဉ် မတိုင်မီ ဒဏ်ရာပြသနာ အသစ်များ ရှိသလားဆိုတဲ့ မေးခွန်းကို “ပြီးခဲ့တဲ့ ပွဲစဉ် ၂ ပွဲက တကယ့်ကို ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ ဒါ့ကြောင့် ကစားသမား တစ်ချို့ကို ပွဲအစကတည်းက အသုံးပြုသွားရမလား ဒါမှမဟုတ် လူစားဝင် ကစားစေမလား ဆိုတာ အနီးကပ် ကြည့်သွားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ မနက်ဖြန် ၁၂း၃၀ ပွဲ ကစားရမှာ ဖြစ်တာကြောင့် နားရက်သိပ်မရှိပါဘူး။ ဒါ့ကြောင့် ကြည့်ရအုံးမှာပါ။ အပြီးသတ် ဆုံးဖြတ်ချက် မချမီ နောက်ဆုံးမိနစ်ထိ ကျွန်တော် စောင့်ကြည့်သွားမှာပါ။ ဒဏ်ရာပြသနာအသစ် မရှိပေမယ့် ဟိုနေရာ ဒီနေရာ ထိခိုက်မှုလေးတွေတော့ ရှိပါတယ်။ ဒီနေ့မှာ နောက်ထပ် Information တွေ ထပ်ရမှာပါ။”

လေ့ကျင့်ရေးကွင်းမှာ ပြန်လည် မြင်တွေ့ခဲ့ရတဲ့ နာဘီကီတာ နဲ့ ပက်သက်ပြီး “သူဟာ အစိတ်အပိုင်းပဲ ပါဝင်ခဲ့တာပါ။ ဒါပေမယ့် တနင်္လာနေ့က စပြီး အပြည့်အ၀ ပြန်ပါမှာပါ။ နော့တင်ဟမ်ဖောရက်စ်နဲ့ ပွဲစဉ် အပြီးမှာ အီဘူ (ကိုနာတေး) လည်း full training ပြန်ဆင်းမှာပါ။ အထူးသဖြင့် နာဘီ အတွက် အချိန်လိုအပ်ပါတယ်။ အူဘီကတော့ ဒီလောက် မလိုပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ ဒီလောက် အကြာကြီး နားရတာ မဟုတ်ပါဘူး။ နာဘီကတော့ ကြံ့ခိုင်မှုပိုင်းမှာ အောက်စလိတ်ရဲ့ နောက်ကို အနည်းငယ် ရောက်နေပါတယ်။ အောက်စ်ကတော့ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တာ ၄ ၅ ရက် ရှိနေပါပြီ။ ဒါဟာကောင်းပါတယ်။ ဒါပေမယ့် သူကလည်း အကြာကြီး နားခဲ့ရတဲ့သူပါ။”

ကာတစ်ဂျုံးကလည်း ပြီးခဲ့တဲ့ ဝက်ဟမ်းနဲ့ ပွဲစဉ်မှာ လူစားဝင် ကစားသမား အဖြစ် ဝင်ရောက် ကစားသွားခဲ့ပါတယ်။

“ကာတစ်ဟာ ဝက်ဟမ်းနဲ့ပွဲမှာ မိနစ်အနည်းငယ် ကစားနိုင်ခဲ့ပါတယ်။ နော့တင်ဟမ်နဲ့ပွဲမှာလည်း သူ မိနစ် အနည်းငယ် ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါဟာ အပေါင်းလက္ခဏာဆောင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လောလို့ မရပါဘူး။”

မာတစ်ရဲ့ ကြံ့ခိုင်မှု အပေါ် ကလော့က “အရာအားလုံး ကောင်းနေပါတယ်။ ဒါပေမယ့် သူ့အတွက် အချိန်အနည်းငယ် လိုအပ်ပါတယ်။ ကမ္ဘာ့ဖလား အတွက် break မလုပ်မီမှာတော့ သူ ပြန်ကစားနိုင်လောက်ပါတယ်။ ဒီ break မတိုင်မီ ၂ ပွဲ ၃ ပွဲ အလိုမှာ သူပါဝင်လာဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် သေချာတော့ မသိသေးပါဘူး။” လို့ ဆိုလိုက်ပါတယ်။

ကယ်ဗင်ရမ်းဆေးဟာ ဒီတစ်ပတ်မှာ လီဗာပူး ယူ ၂၁ အသင်း အတွက် ပါဝင် ကစားသွားခဲ့ပြီး သွင်းဂိုးလည်း ရယူနိုင်ခဲ့ပါတယ်။

ရမ်ဆေး အနေနဲ့ ပထမအသင်းအတွက် ကစားရန် နီးစပ်နေပြီလား ဆိုတဲ့ အပေါ် ကလော့က “သူဟာ တစ်ချိန်လုံး နီးစပ်နေခဲ့ပေမယ့် available တော့ မဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ ဒီကောင်လေးကို အကြောင်းရင်း မရှိဘဲ ခေါ်ယူခဲ့တာ မဟုတ်ပါဘူး။ သူဟာ အရမ်းတော်တဲ့ ကောင်လေးပါ။ ကျွန်တော် သူ့ကို တကယ် နှစ်သက်ပါတယ်။ သူ့ရဲ့ character နဲ့ attitude က နှစ်သက်စရာပါ။ အရင်ဆုံး သူ့ကို ယူ ၂၁ အသင်းနဲ့ မိနစ်တွေ ရယူခိုင်းရအုံးမှာပါ။ သူဟာ တစ်ဖြည်းဖြည်းနဲ့ နီးစပ်လာပြီ ဆိုတာတော့ အမှန်ပါ။ ဒါဟာ တကယ်ကောင်းပါတယ်။” လို့ ဆိုလိုက်ပါတယ်။”

ok

ဒါဝင်နူးနက်ရဲ့ ကြံ့ခိုင်မှု အပေါ် “သူ့ရဲ့ အခြေအနေကို ကျွန်တော်တို့ တစ်ချက်ကြည့်သွားဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ဒဏ်ရာရခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် ကြွက်သားမှာ တစ်စုံတစ်ရာ ခံစားခဲ့ရတာ ဖြစ်ပါတယ်။ ဒီနေ့ သူ ဘယ်လို ခံစားရသလဲဆိုတာ နဲ့ ဆေးအဖွဲ့က ဘယ်လို ပြောသလဲဆိုတာကို ကျွန်တော် ကြည့်သွားရမှာပါ။”

SM