ဟီးရိုးဖြစ်ခဲ့တဲ့ အလီဆွန် နူးနက်တို့ rating အမြင့်တွေ ရခဲ့တဲ့ လီဗာပူး ၁-၀ ၀က်ဟမ်း ပွဲစဉ်က player rating

 

လီဗာပူးဟာ ၀က်ဟမ်းကို ခက်ခက်ခဲခဲ ကစားကာ နူးနက်ရဲ့ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာ လီဗာပူးဟာ အားနည်းချက်တွေ များစွာ ရှိနေကြောင်းကို ပြသသွားခဲ့ပြီး ဒီပွဲစဉ်က အလီဆွန်ရဲ့ ပင်နယ်တီ ကာကွယ်မှု နဲ့ ဆူးချက်ရဲ့ ကန်ချက် ကာကွယ်မှုတွေသာ မရှိခဲ့ရင် အ်ိမ်ရှင်တို့ အမှတ်လျော့သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်းက နူးနက်ရဲ့ သွင်းဂိုးဟာ အနိုင် ၃ မှတ် အတွက် လုံလောက်သွားခဲ့ပါတယ်။

အလီဆွန် – 9

အစောပိုင်းမှာ အန္တရာယ်များတဲ့ ဘောလုံးပေးပို့မှု အမှားတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ပွဲရှိန်ရလာတာနဲ့ အမျှ တည်ငြိမ်သွားခဲ့ပါတယ်။ ပထမပိုင်းမှာ ဘို၀င်ရဲ့ ပင်နယ်တီကို မှန်ကန်စွာ ခန့်မှန်းကာ လက်စွမ်းပြ ကာကွယ်ပေးခဲ့ပါတယ်။

ဒုတိယပိုင်း ပြီးခါနီးမှာ လီဗာပူး နောက်တန်းက အမှားတွေ များလာခဲ့ပြီး ပွဲပြီးခါနီး ဆူးချက်ရဲ့ အနီးကပ် ကန်ချက်ကို မယုံနိုင်စရာ ကာကွယ်မှု လုပ်ကာ တိုက်စစ်မှုးတွေ ဒုတိယဂိုး မသွင်းနိုင်ချိန်မှာ လီဗာပူး အတွက် ကြီးမားစွာ သက်ရောက်မှု ပေးခဲ့ပြီး အနိုင် ၃ မှတ် ရှာပေးခဲ့ပါတယ်။

အလက်ဇန်းဒါးအာနိုး – 7

စီးတီးနဲ့ပွဲမှာ ခြေစွမ်းပြ ကစားခဲ့တဲ့ မီနာရဲ့ နေရာမှာ ၀င်ကစားခဲ့ပြီး ပထမပိုင်းမှာ ခံစစ်ပိုင်း အရ သိပ်ပြီး ထူးထူးခြားခြား လုပ်ခဲ့ရာတာမျိုး မရှိခဲ့ဘဲ ကိုယ့်အလုပ်ကို ကောင်းကောင်း လုပ်ခဲ့ပါတယ်။

ဆီမီကတ်က တိုက်စစ်ကို ထဲထဲ၀င်၀င် လိုက်ပါ ကစားချိန်မှာ အလက်ဇန်းဒါးအာနိုးဟာ ခံစစ်မှာ ဂိုးမက်ဇ်နဲ့ တွဲနေခဲ့ရပြီး ပွဲပြီးခါနီးမှာ ဆာလား အတွက် ကောင်းမွန်တဲ့ pass ကို လုပ်ပေးခဲ့ပါတယ်။ ဘန်ရာမာ ၀င်လာချိန်မှာ ခက်ခဲတဲ့ အခိုက်အတန့် တစ်ချို့ ရှိခဲ့ပေမယ့်လည်း ဒီပွဲရဲ့ ကစားပုံနဲ့ ပက်သက်ပြီး ပြောစရာ များများစားစား မရှိခဲ့ပါဘူး။

ဂိုးမက်ဇ် – 5

မန်စီးတီးနဲ့ ပွဲစဉ်မှာ အကောင်းဆုံး ပုံစံ ပြသခဲ့ပေမယ့် ဒီနေ့မှာတော့ ပုံစံကောင်း မပြသနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ကစားပုံ နည်းနည်း တိုးတက်မှု ရှိလာတာကတော့ လာမည့်ပွဲစဉ်တွေ အတွက် အားတက်စရာပါ။ ပထမပိုင်းမှာ ဘို၀င်အပေါ် မလိုအပ်ဘဲ ပင်နယ်တီ ဧရိယာအတွင်း ကသမ်းကရမ်း challeange လုပ်ခဲ့တာကြောင့် ပင်နယ်တီ ပေးခဲ့ရပါတယ်။

ခေါင်းတိုက်ရှင်းထုတ်မှု တစ်ချို့ကလည်း ဆိုးရွားခဲ့ပြီး မလိုအပ်ဘဲ မှားယွင်းတဲ့ pass တွေ လုပ်ကာ ဘောလုံး ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အလီဆွန်ရဲ့ ကျေးဇူးကြောင့် ၎င်းရဲ့ အမှားက ကြီးမားတဲ့ သက်ရောက်မှု မရှိခဲ့ပါဘူး။

ဗန်ဒိုက် – 8

အကောင်းဆုံး ပုံစံ ပြန်ရနေပြီလို့ ပြောရမှာပါ။ ဘို၀င် ဆကာမက်ကာ ဦးဆောင်တဲ့ တိုက်စစ်ကို ငြိမ်သက်အောင် ထိန်းချုပ် ကစားသွားခဲ့ပြီး ဂိုးမက်ဇ် အတွက်လည်း ကူကစားပေးခဲ့ကာ နောက်တန်းကို ကောင်းကောင်း ဦးဆောင်ပေးခဲ့ပါတယ်။

ဆီမီကတ် – 8

ဘို၀င်နဲ့ battle ဆိုင်ခဲ့ရပြီး ခံစစ်ကို ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နူးနက်ရဲ့ ဂိုးအတွက် ကောင်းမွန်တဲ့ ဖြတ်တင်ဘောကို လုပ်ပေးခဲ့ပြီး ရောဘတ်ဆန် ဆီမီကတ်စ် တို့ ရှိနေတဲ့ လီဗာပူး ဘယ်ခြမ်း ခံစစ်ဟာ ကလော့ အတွက် သိပ်ပြီး ခေါင်းခဲစရာ မရှိပါဘူး။

ဟန်ဒါဆန် – 8

ရှေ့မှာ ရှိနေတဲ့ နေရာလွတ်တွေကို ဘောလုံး သယ်ထုတ်ကာ ကစားသွားခဲ့ပြီး တိုက်စစ်ပိုင်းမှာ ကောင်းမွန်တဲ့ cross တစ်ချို့ကို လုပ်ပေးခဲ့ကာ assist ရလုနီးပါး ဖြစ်ခဲ့ပါတယ်။ ပွဲအပြီးမှာ ဘောလုံး ထိချက် အများဆုံး ကစားသမား ဖြစ်ခဲ့တဲ့ အပြင် ဖေဘီယန်စကီးကို ကျော်ကာ ကန်သွင်းခဲ့တဲ့ ဘောလုံးကလည်း ဂိုးရဖို့ နီးစပ်ခဲ့ပါတယ်။

တီယာဂို – 7

နူးနက် အတွက် long pass တစ်ခုကို လုပ်ပေးခဲ့ပြီး ဒီကနေတဆင့် ဂိုးရလုနီးပါး ဖြစ်ခဲ့ပါတယ်။ ကွင်းလယ်ကနေ လီဗာပူးရဲ့ ကစားကွက်ကို ကောင်းကောင်း ထိန်းကျောင်း ကစားသွားခဲ့ပြီး pass success က 92% ရှိခဲ့တဲ့ အပြင် ကွင်းလယ်မှာ ဟန်ဒါဆန်နဲ့ တွဲဖက်ညီညီ ကစားသွားပါတယ်။ ဒါ့အပြင် ခံစစ်ပိုင်း အတွက် ၎င်းရဲ့ လုပ်အားကောင်းကောင်းနဲ့ challenge လုပ်မှုတွေ pressing တွေကလည်း အားရစရာပါ။

ကာဗယ်ဟို – 6

ဂျိုတာ အတွက် ကောင်းမွန်တဲ့ အစားထိုးမှု ဖြစ်နိုင်ပြီး ပေါ်တူဂီစတားလိုမျိုး တိုက်စစ်ကို တိုက်ရိုက် ခြိမ်းခြောက်မှုတွေ မလုပ်နိ်ုင်ပေမယ့် ၎င်းရဲ့ အလိမ်အခေါက် စွမ်းရည်ကို အသုံးချကာ ယုံကြည်မှု နဲ့ ပွဲရှိန်ရလာခဲ့မယ်ဆိုရင် အားကိုးလာရနိုင်ပါတယ်။

ပြိုင်ဘက်တွေ လိုက်ကပ်ကစားဖို့ ခက်ခဲတယ် ဆိုတာကို ပွဲချိန်တစ်ချို့မှာ ပြသခဲ့ပေမယ့် ၎င်းရဲ့ အတွေ့အကြုံပိုင်း နုနယ်မှုကိုလည်း တွေ့ခဲ့ရပါတယ်။ ပွဲတွေ ဆက်တိုက် ကစားခွင့် ရလာခဲ့မယ်ဆိုရင်တော့ ဒီထက် အများကြီး မြင်တွေ့ရနိုင်တဲ့ အလားအလာ ရှိနေပါတယ်။

ဖာမီနို – 7

တအားကြီး ခြေမပေါ်ခဲ့ပေမယ့် အသင်းအတွက် တန်ဖိုးကြီးတဲ့ link-up ကစားသမား ဖြစ်တဲ့ အပြင် တစ်ကိုယ်ကောင်းဆန်ဆန် မကစားမှုတွေကလည်း နှစ်သက်စရာပါ။ ကန်သွင်းမှု တစ်ချို့ လုပ်ခဲ့ပေမယ့် ဘေးထွက်မှု လူထိထွက်သွားမှုတွေ ရှိခဲ့ပါတယ်။ နူးနက် ထွက်သွားချိန်မှာ ဆာလားကို အန္တရာယ်များတဲ့ ပြေးလွှားမှုတွေ လုပ်နိုင်အောင် နေရာလွတ်တွေ ဖန်တီးပေးခဲ့ပြီး ဆာလားနဲ့ အတူ တွဲဖက် ကစားရတာက ပိုမို အလုပ်ဖြစ်နေသလိုပါပဲ။

နူးနက် – 8

ဆီမီကတ်ရဲ့ ဖြတ်တင်ဘောကနေ ကောင်းမွန်တဲ့ ခေါင်းတိုက်ကန်သွင်းမှု လုပင်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ အခွင့်အရေးကောင်း များစွာ ရရှိခဲ့ပြီး ၎င်းရဲ့ ကန်ချက်တွေကို ဖေဘီယန်းစကီး လက်စွမ်းပြ ကာကွယ်ခဲ့တဲ့ အပြင် ပထမပိုင်းမှာ တီယာဂိုရဲ့ pass ကနေ ပြန်ကျလာတဲ့ ဘောလုံးကို ဘယ်ခြေနဲ့ ကန်သွင်းရာမှာ တိုင်ထိထွက်ခဲ့တာကြောင့် နောက်တစ်ဂိုး မရခဲ့တာပါ။ အားရစရာ ခြေစွမ်းပါပဲ။

ဆာလား – 7

ဘယ်ခြမ်းကနေ အတွင်းကို ချိုး၀င်ကာ ကန်သွင်းမှု တစ်ချို့ လုပ်ခဲ့ပြီး ဂိုးပေါက်မတည့်ခဲ့ပါဘူး။ ဖာမီနို နဲ့ one-two လုပ်ကာ ကန်သွင်းမှုကလည်း ဂိုးသမား တည့်တည့် ရောက်သွားခဲ့ပါတယ်။

နူးနက် ထွက်သွားချိန်မှာ အထောင် တိုက်စစ်မှာ ၀င်ကစားခဲ့ပြီး သန်မာမှု နဲ့ hold-up play တွေကို ကောင်းစွာ ကစားခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ထိချက် အနည်းငယ် များသွားတာကြောင့် ဖေဘီယန်းစကီးက ရှေ့တက် ရှင်းထုတ်သွားခဲ့ပါတယ်။

လူစား၀င်
အယ်လီယော့ 6 ၊ ကာတစ်ဂျုံး 6 ၊ ဖာဘင်ညို 5 ၊ မီနာ ၊ ရောဘတ်ဆန် (NA)

SM