ရော်နယ်ဒို ပေါက်ကွဲခဲ့တဲ့ အပေါ် မှတ်ချက်ပေးရင်း သူ့ကို ဘာလို့ ပွဲမထုတ်ခဲ့သလဲဆိုတာ ပြောပြလိုက်တဲ့ တန်ဟတ်

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ အိုးလ်ထရပ်ဖို့ဒ် ကွင်းထဲ တော့တင်ဟမ် ဟော့စပါး အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး ဖရက်ဒ် ၊ ဘရူနို ဖာနန်ဒက်စ် တို့ရဲ့ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ 2 ဂိုးပြတ် အနိုင်ယူ သွားနိုင်ခဲ့ပါတယ် ။

ဒီပွဲစဥ်မှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ဟာ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို အရန်ခုံပေါ် ထားခဲ့ပြီး ရပ်ရှ်ဖို့၊ အန်တိုနီ၊ ဆန်ချို တို့ကို တွဲဖက် ကစားစေခဲ့ပါတယ် ။ ဒီပွဲအတွက် တန်ဟတ်ရဲ့အစီအစဥ်က မြန််နှုန်းမြင့် ကစားသမားတွေနဲ့ တော့တင်ဟမ်ကို ဒုက္ခပေးဖို့ ဖြစ်ခဲ့ရပါတယ် ။

ရလဒ် တစ်ခု အနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ပထမပိုင်း အတွင်း အခွင့်အရေးတွေ အများကြီး ဖန်တီးသွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ပြိုင်ဖက် ဂိုးသမား ဟူဂို လိုရစ်ရဲ့ လက်စွမ်းပြမှု ၊ ဂိုးကံခေမှု အချို့ကြောင့် အဖွင့်ဂိုး မရနိုင်ခဲ့ပါဘူး ။

အဲ့ဒီနောက် ဒုတိယပိုင်း အစမှာလည်း အဲရစ် တန်ဟတ် က ကစားသမား အပြောင်းအလဲ မလုပ်ပဲ ဒီလူတွေနဲ့ ဆက််လက် ကစားစေခဲ့ပါတယ် ။ အဲ့ဒီနောက် 2 မိနစ် အကြာမှာ ဆန်ချိုရဲ့ ဖန်တီးမှုကို ဖရက်ဒ်က ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပြီး အဖွင့်ဂိုး ရရှိစေခဲ့ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် 69 မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်က တစ်ဂိုး ထပ်မံ သွင်းယူခဲ့ပြီး ပွဲစဥ်ကို လုံးဝ အသာစီး ဖြစ်စေခဲ့ပါတယ် ။ အဲ့ဒီနောက်တော့ တန်ဟတ် ကလည်း အသင််းသား အချို့ကို သွေးပူလေ့ကျင့်ရေးတွေ လုပ်ဆောင်စေခဲ့ပြီး လူစားဝင် ကစားစေဖို့ ရည်ရွယ်ခဲ့ပါတယ် ။

 

အဲ့ဒီမှာတော့ သူဟာ အန်တိုနီ ရဲ့ နေရာမှာ တော်မီနေး ကို ထည့်သွင်း ကစားစေခဲ့ပါတယ် ။ ဒါ့အပြင် ပွဲချိန် 87 မိနစ်မှာ ဆန်ချို နဲ့ ကာစီမီရို တို့ကို ထုတ်ပြီး အီလန်ဂါ နဲ့ အဲရစ်ဆင် တို့ကို ကစားစေခဲ့ ပါတယ် ။ ဒါဟာ လူစားဝင် ကစားပေးဖို့ အသင့်ရှိနေခဲ့တဲ့ ရော်နယ်ဒို အတွက် စိတ်ပျက်စရာ ဖြစ်သွားခဲ့ရပါတယ် ။

အဲ့ဒီနောက် ပွဲစဥ်ပြီးဆုံးဖို့ မိနစ်ပိုင်း အလိုမှာ ရော်နယ်ဒိုဟာ ကွင်းထဲမှထွက်ခွာပြီး အဝတ်လဲခန်းရှိရာ ဥမင်ထဲကို စိတ်ပျက်လက်ပျက်ပဲ ဝင်သွားခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ အများကြီး ရှိခဲ့ရပါသေးတယ် ။ အခုတော့ တန်ဟတ် က ဒါကို သူ ကိုင်တွယ် ဖြေရှင်းမှာ ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ဟုတ်ပါတယ် ၊ ကျွန်တော် ဒီအပေါ် အာရုံစိုက်သွားဖို့ ရှိမနေပါဘူး ။ ဒါကို မနက်ဖြန်မှ ကိုင်တွယ် ဖြေရှင်းသွားမှာပါ ။ ကျွန်တော်တို့ အခု အသင်းပေါ်ပဲ အာရုံစိုက်လိုပါတယ်် ။ ဒါဟာ ကစားသမား 11 ယောက်လုံးဆီက တကယ့်ကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ဖြစ်ခဲ့ရပါတယ် ”

” ကျွန်တော် ပြန်ပြီး ရှင်းပါရစေ ၊ ကျွန်တော် ပြောခဲ့တာ ကစားသမား 11 ပါ ၊ ဒါကို အမှန် ပြန်ပြင်ပါရစေ ။ ဒါဟာ အရန်ခုံပေါ်က ဝင်ကစားတဲ့သူတွေဆီကပါ ကောင်းမွန်တဲ့ စွမ်းဆောင်ရည် မြင်တွေ့ခဲ့ရခြင်းပါ။ ကျွန်တော် ထပ်ပြောပါရစေ ၊ ဒါဟာ ကောင်းလွန်းတဲ့ အသင်းလိုက် စွမ်းဆောင််ရည်ပါပဲ ”

” ပြီးတော့ ခင်ဗျားရဲ့ မေးခွန်းကိုပဲ ပြန်ဖြေစေချင်ရင် အဲ့တာကို မနက်ဖြန်မှ ကိုင်တွယ်မယ်လို့ ပြောပါရစေ ၊ ဒီနေ့ အတွက် ပြောချင်တာက ကျွန်တော်တို့ ကွင်းထဲမှာ တိုက်စစ််ဆင် ကစားသူ 11 ယောက် ၊ ခံစစ် ဆင်းကူသူ 11 ဦးနဲ့ အတူ ပေါက်ကွဲမှု အပြည့်နဲ့ ကစားသူ ရှိခဲ့ခြင်းပါပဲ ”

” အဲ့တာနဲ့ ပတ်သက်လို့ ကျွန်တော် ပျော်ရွှင်မိပါတယ် ။ ဒါပေမဲ့ အရမ်းတော့ ကျေနပ်မနေသေးပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အခုကောင်းတာ လုံလောက်စွာ မကောင်းမွန်သေးလို့ပါပဲ ။ ကျွန်တော်တို့ အဆင့်အတန််း တစ်ခုဆီ ရောက်ဖို့ လိုပါသေးတယ် ” လို့ တန်ဟတ်က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar