ရင်ခုန်ရတော့မယ့် ချဲလ်ဆီး ၊ ဂိုးပြတ်နိုင်တဲ့ ရီးရဲ ၊ နည်းပြအပြောင်းအလဲအချို့နဲ့ . . . . . နံနက်ခင်း အားကစားသတင်းများ

 

ယမန်နေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ မန်ချက်စတာ ယူနိုက်တက် ၊ လီဗာပူး နဲ့ နယူးကာဆယ် တို့ နိုင်ပွဲ ကိုယ်စီ ရကာ အဆင့် ၄ နေရာက ချဲလ်ဆီး ကို ဖိအားပေး လာနိုင်ခဲ့ ကြပါတယ် ။

ချဲလ်ဆီး ကတော့ အဝေးကွင်းမှာ ဘရန့်ဖိုဒ့် နဲ့ ဂိုးမရှိ သရေကျ ခဲ့ပြီး ဂရေဟမ် ပေါ်တာ ရဲ့ လက်အောက်မှာ ပထမဆုံး နိုင်ပွဲပျောက်ဆုံးမှု ဖြစ်ခဲ့ရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ အိမ်ကွင်းမှာ တော့တင်ဟမ် ဟော့စပါး အသင်းကို ဖရက်ဒ် ၊ ဖာနန်ဒက်စ် တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့ ပါတယ် ။

လီဗာပူး ကလည်း ဒါဝင် နူညက်ဇ် ရဲ့ တလုံးတည်းသော ဂိုးနဲ့ ဝက်စ်ဟမ်း ကို နိုင်ခဲ့ ပါတယ် ။ ဒီပွဲမှာ လီဗာပူး ဂိုးသမား အဲလက်ဆွန် ဘက်ကာ လက်စွမ်းပြခဲ့ပြီး ဝက်စ်ဟမ်း ရဲ့ ပင်နယ်တီ ကို ကာကွယ် ပေးသွားခဲ့ ပါတယ် ။

စပိန် လာလီဂါ မှာတော့ ရီးရဲမက်ဒရစ် ဟာ အယ်လ်ချီ အသင်းကို အဝေးကွင်းမှာ ၃-၀ နဲ့ ဂိုးပြတ် အနိုင်ယူခဲ့ပြီး ပူပူနွေးနွေး ရွှေဘောလုံးဆုရှင် ဘန်ဇီးမား က တဂိုး သွင်းပေးခဲ့ ပါတယ် ။

ဘန်ဇီးမား ဟာ သူ့ရဲ့ ဂိုးတွေကို ၂ ကြိမ်တိုင် ပယ်ချခဲ့တဲ့ VAR ကို ပြန်လည် လှောင်ပြောင်တဲ့ အနေနဲ့ ဂိုးရအပြီးမှာ VAR ပုံစံ ( ဒိုင်တွေ VAR ကြည့်ဖို့ ပြသည့်လက်ဟန် ) ကို လုပ်ပြ သွားခဲ့ ပါတယ် ။

ဂျာမနီ မှာတော့ ပိုကယ် ရှုံးထွက်ဖလားပွဲတွေ ကစားခဲ့ပြီး ဘိုင်ယန်မြုးနစ် က အဝေးကွင်းမှာ အော့စ်ဘတ် အသင်းကို ၅-၂ နဲ့ နိုင်ခဲ့ ပါတယ် ။ ဒေါ့မွန် ကလည်း အဝေးကွင်းမှာ ဟန်နိုဗာ ကို ၂-၀ နဲ့ အနိုင် ကစားခဲ့ပြီး ဘယ်လင်ဂမ် ဂိုးသွင်း နိုင်ခဲ့ပြန် ပါတယ် ။

အက်သလက်တီကို မက်ဒရစ် တောင်ပံ ကစားသမား သောမတ်စ် လီမာ ဟာ ဒဏ်ရာကြောင့် ၂ ပတ်လောက် နားရတော့မှာ ဖြစ်ပြီး ဒါဟာ ချန်ပီယံလိဂ် မှာ အခြေမလှ ဖြစ်နေတဲ့ ဒီယေဂို ဆီးမြွန်းနီ ရဲ့ အသင်း အတွက် ထိုးနှက်ချက် ဖြစ်လာစေခဲ့ ပါတယ် ။

 

ပြင်သစ် က လာတဲ့ အတည်ပြုဖို့ ခက်တဲ့ သတင်းအချို့ အရ အမ်ဘာပေ ဟာ သူ နဲ့ နေမာ တို့ ထဲကနေ ရွေးချယ်မှု ပြုလုပ်ဖို့ PSG အသင်းကို ဖွင့်ပြောခဲ့တယ်လို့ သိရှိရ ပါတယ် ။

ဝုဗ် အသင်း နည်းပြသစ် ဖြစ်လာနိုင်တယ်လို့ သတင်းကြီး နေတဲ့ QPR နည်းပြ မစ်ဘေလီ က လက်ရှိမှာ QPR ကနေ ခွဲခွာဖို့ ခက်ခဲ နေတယ်လို့ ထုတ်ပြောခဲ့ပေမယ့် လာမယ့် ၂၄ နာရီဟာ သူ့အတွက်ရော ကလပ် အတွက်ပါ အရေးပါတဲ့ နာရီတွေ ဖြစ်လာမယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ် ။

ရှော်ကေး အသင်းကတော့ နည်းပြ ဖရန့် ကရာမာ ကို ထုတ်ပယ်လိုက်ပြီလို့ ယမန်နေ့က အတည်ပြု ကြေညာသွားခဲ့ ပါတယ် ။

 

PSV တိုက်စစ်သမားလေး ကိုဒီဂတ်ပို က မန်ချက်စတာ ယူနိုက်တက် ဟာ သူ့ကို အပြောင်းအရွှေ့ ပိတ်ခါနီး အထိ ကြိုးစားခဲ့ဖူးကြောင်း ဖွင့်ဟ ပြောဆို သွားခဲ့ပါတယ် ။

ဗလင်စီယာ အသင်းကတော့ ဟိုဆေး ဂါယာ ကို ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆို လိုက်တယ်လို့ သိရှိရ ပါတယ် ။

အမျိုးသမီး ချန်ပီယံလိဂ် ပွဲစဉ်တွေကို ဒီကနေ့ စတင်ခဲ့ပြီး ဘာစီလိုနာ အသင်းဟာ ဘင်ဖီကာ အမျိုးသမီး အသင်းကို ၉-၀ ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် အနိုင် ကစားခဲ့ ပါတယ် ။ ဒီပွဲမှာ ဘာဆာ လေဒီ တို့ရဲ့ ပူပူနွေးနွေး ရွှေဘောလုံးဆုရှင် အလက်စီယာ ပူတဲလက်စ် တောင် မပါဝင်လာခဲ့ ပါဘူး ။

အာဆင်နယ် အမျိုးသမီးတွေ ကတော့ လက်ရှိ ချန်ပီယံ လိုင်ယွန် ကို အိမ်ကွင်းမှာ ၅ ဂိုးသွင်းပြီး ၅-၁ ရလဒ်နဲ့ အနိုင်ယူ သွားခဲ့တယ်လို့ သိရပါတယ် ခင်ဗျာ . . . . . ။

 

SPORTS MYANMAR