ဒီရာသီမှာ ပရီးမီးယားလိဂ် Top 4 ဝင်မယ့် အသင်းကြီးတွေ နဲ့ Top 4 နဲ့ လွဲချော်မယ့် အသင်းကြီးတွေကို ရွေးချယ် ​ပေးလိုက်တဲ့ အိုဝင်

မိုက်ကယ် အိုဝင် က ဒီရာသီမှာ မန်ချက်စတာ စီးတီး အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ် နိုင်လိမ့်မယ်လို့ ဆိုလိုက်ပြီး Top 4 ဝင်မယ့် အသင်းကြီးတွေ နဲ့ Top 4 နဲ့ လွဲချော်မယ့် အသင်းကြီးတွေကို ရွေးချယ် ​ပေးသွား ခဲ့ပါတယ် ။

အိုဝင် က ” Top 4 အကြောင်း ပြောဖို့တော့ ခက်ခဲ ပါတယ် ၊ မန်ချက်စတာ စီးတီး အသင်းကတော့ သေချာပေါက် ဝင်မှာပေါ့ဗျာ ၊ ချဲလ်ဆီး ကလည်း Top 4 ထဲ ဝင်ပါလိမ့်မယ် ၊ အာဆင်နယ် လည်း အတူတူပါပဲ ၊ အသင်းကြီး တစ်သင်းကို ချန်ထားခဲ့ဖို့ ဆိုတာ ခက်ခဲတယ် မဟုတ်ဘူးလား ။ ”

” ကျွန်တော့် အတွက် လီဗာပူး နဲ့ တော့တင်ဟမ် ကြားမှာ ရွေးချယ်ရ ခက်ခဲ နေပါတယ် ၊ လီဗာပူး အသင်း Top 4 ဝင်မယ်လို့ ပြောချင်ပေမယ့် ကစားပုံ ကောင်းနေတဲ့ တော့တင်ဟမ် အသင်းကို ဘယ်လို ဖြစ်လို့ ချန်ထားရမှာလဲဗျာ ။ ”

” မန်ချက်စတာ ယူနိုက်တက် အသင်းမှာလည်း အခွင့်အလမ်းကောင်း ရှိနေပါတယ် ၊ ဒါပေမယ့် ဒီနှစ်မှာ ထိပ်ဆုံး လေးသင်း နဲ့ လွဲချော် ရမယ့် ထိပ်တန်း အသင်းကြီး တစ်သင်းကတော့ သေချာပေါက် ရှိပါလိမ့်မယ် ။ လီဗာပူး က ထိပ်ပိုင်းမှာပဲ ဆက်ရှိနေဦးမယ်လို့ ထင်ပါတယ် ။ ”

” အာဆင်နယ် က ဒီရာသီကို ကောင်းကောင်း စတင်ထားနိုင်ပြီး လီဗာပူး ကို အမှတ် အပြတ်အသတ်ဖြတ်ထားနိုင်ပါတယ် ။ ဒါပေမယ့် ကျွန်တော်ကတော့ မန်စီတီး နဲ့ လီဗာပူး အသင်း နှစ်သင်းက ဥရောပရဲ့ ထိပ်တန်း အသင်းကြီးတွေ အဖြစ် ဆက်ရှိနေဆဲလို့ ယုံကြည်ပါတယ် ။ ”

” ဒါကြောင့် Top 4 အကြောင်း ပြောရတာ ခက်ခဲပါတယ် ၊ ကျွန်တော် ကတေ့ာ တော့တင်ဟမ် နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ Top 4 နဲ့ လွဲလိမ့်မယ်လို့ ပြောချင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဒါ့အပြင် အိုဝင် က အာဆင်နယ် အသင်း ဒီရာသီ အမြင့် ပျံသန်းနေမှု အပေါ် ” အာဆင်နယ် က လူအတော်များများကို အံ့အား သင့်စေခဲ့ပါတယ် ။ အာဆင်နယ် အသင်း ကံကောင်းနေတယ်လို့ မထင်ပါဘူး ၊ သူတို့ရဲ့ ကစားပုံ ကို ကြည့်ကြည့်ရင် ဘယ်လိုတောင် ကောင်းနေသလဲ တွေ့ကြမှာပါ ။ ”

” အာဆင်နယ် က လူငယ် ကစားသမားတွေနဲ့ စုဖွဲ့ထားတာက ကောင်းတဲ့ အရာပါပဲ ။ လူငယ်တွေ ဖြစ်တာကြောင့် အာဆင်နယ် က engery ကောင်းကောင်း တိုးတက်မှု ရှိရှိ နဲ့ ရှေ့ဆက်နေပါဦးမယ် ၊ အာဆင်နယ် က ခဏပဲ ကောင်းပြီး ပြန်ကျမယ့် အသင်း ဖြစ်မယ်လို့ မထင်ပါဘူး ၊ အာဆင်နယ် အသင်း အခုပုံစံကို ဆက်လက် ထိန်းသိမ်း နိုင်ပါလိမ့်မယ် ။ သူတို့အတွက် ကောင်းမွန်တဲ့ ဘောလုံး ရာသီ တစ်ခု ဖြစ်မှာပါ ။ ”

” ဒါပေမယ့် မန်စီးတီး အသင်းက တခြား ကလပ်အသင်းတွေ နဲ့ ယှဉ်ရင် တခြား အဆင့်အတန်းတစ်ခု ကို ရောက်နေတဲ့ အသင်းပါ ။ လီဗာပူး ကို ရှုံးနိမ့်ခဲ့ပေမယ့် သူတို့ ပွဲအတော်များများမှာအတော်လေး ကောင်းအောင် ကစားထားနိုင်ပါတယ် ၊ မန်စီးတီး အသင်းပဲ ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ထင်နေသေးပေမယ့် အာဆင်နယ် အသင်းကလည်း ဇယား ထိပ်ပိုင်းမှာ ဆက်ရှိနေမယ့် အသင်းပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM