တော့တင်ဟမ် နဲ့ နိုင်ပွဲအပြီး ပရီးမီးယားလိဂ် ပြိုင်ဖက်အသင််းတွေကို သတိပေးလိုက်တဲ့ ဗာရန်း

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို နောက်ခံလူ ဖြစ်သူ ရာဖေးလ် ဗာရန်း က ပြိုင်ဖက်ကောင်း တော့တင်ဟမ် ဟော့ စပါး အသင်းကို ထိုက်ထိုက်တန်တန် အနိုင် ရရှိိခဲ့တဲ့ ပွဲစဥ် အပြီးမှာတော့ သူတို့ဆီက ဒီထက် ပိုကောင်းတဲ့ အရာတွေ ရောက်လာဖို့ ရှိနေသေးကြောင်း ပြိုင်ဖက် တွေကို သတိပေးသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ တော့တင်ဟမ် ဟော့ စပါး အသင််းကို ဧည့်ခံ ကစားခဲ့ရပြီး အဲရစ် တန်ဟတ် ကတော့ ရော်နယ်ဒို ကို အရန်ခုံပေါ် ထားခဲ့ကာ ကွင်းလယ်မှာ ဖရက်ဒ် နဲ့ ကာစီမီရို တို့ကို ထုတ်သုံးသွားခဲ့ပါတယ် ။

ဒါ့အပြင် တိုက်စစ်မှာ ရပ်ရှ်ဖို့ ၊ အန်တိုနီ ၊ ဆန်ချို နဲ့ ဘရူနိုတို့လို လှုပ်လှုပ်ရှားရှား ကစားပေးတတ်တဲ့ ကစားသမားတွေကို ပွဲထုတ်ခဲ့တဲ့ အတွက် တော့တင်ဟမ် ဟော့ စပါး အသင်းရဲ့ ခံစစ်မှူးတွေဟာ အတော့လေး အလုပ်ရှုပ်သွားခဲ့ရပါတယ် ။

ရလဒ် တစ်ခု အနေနဲ့ ဒီပွဲမှာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အခွင့်အရေးကောင်းများစွာ ဖန်တီးနိုင်ခဲ့ပြန်ပါတယ် ။ ဒါပေမဲ့ အဆုံးသတ် စွမ်းရည် အပိုင်းမှာတော့ လိုအပ်ချက်တွေ ရှိနေသေးဆဲ ဖြစ်တဲ့ အတွက် ပထမပိိုင်း ဂိုးမရှိ သရေ ရလဒ်ပဲ ထွက်ပေါ်ခဲ့ပါတယ် ။

ဒါ့အပြင် ပြိုင်ဖက် ဂိုးသမား ဟူဂို လိုရစ် လက်စွမ်းပြနိုင်ခဲ့တာကလည်း ယူနိုက်တက် တို့ကို ဂိုးကံခေစေခဲ့ပါတယ် ။ ဒါပေမဲ့ ဒုတိယပိုင်း အစမှာပဲ ဆန်ချို ရဲ့ ဖန်တီးပေးမှုကတဆင့် ဖရက်ဒ်ဟာ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပြီး 69 မိနစ်မှာ ဖာနန်ဒက်စ် က တစ်ဂိုး ဆက်သွင်းနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် ယူနိုက်တက်တို့ နောက်ထပ် အခွင့်အရေးကောင််းအချို့ ပိုင်ဆိုင်ခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့တဲ့ အတွက် ပွဲစဥ်ဟာ 2-0 နဲ့ပဲ ပြီးဆုံးသွားခဲ့ရပါတယ် ။ အဆိုပါ ပွဲစဥ်အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဆင့် 2 နေရာမှ မန်စီးတီး အသင်းအောက် 4 မှတ် ၊ အဆင့်တစ် နေရာမှ အာဆင်နယ်အောက် 8 မှတ် အကွာကို ရောက်ခဲ့ပါတယ် ။

အခုတော့ ပွဲစဥ်အပြီး MUTV နဲ့ အင်တာဗျူး အစီအစဥ်မှာ ယူနိုက်တက် အသင်းရဲ့ အားထားရတဲ့ ဗဟို နောက်ခံလူ ဖြစ်သူ ရာဖေးလ် ဗာရန်း က သူတို့ဟာ ဒီထက် ပိုပြီး ကောင်းမွန်အောင် ကစားနိုင်သေးကြောင်း ၊ ဒီထက် ပိုပြီး ကောင်းတဲ့ စွမ်းဆောင်ရည်တွေ လာဦးမှာ ဖြစ်ကြောင်း ပြိုင်ဖက်တွေကို သတိပေးသွားခဲ့လိုက်ပါတယ် ။

” ဒါဟာ တန်ဟတ် လက်အောက် အကောင်းဆုံး ပွဲတစ်ပွဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။ ဒါ တကယ့်ကို ခက်ခဲလွန်းတဲ့ ပွဲတစ်ပွဲပါ ။ ကျွန်တော်တို့ အခွင့်အရေး များစွာဖန်တီးနိုင်ခဲ့ပြီး အခုထက် ဂိုးတွေ ပိုမို သွင်းယူနိုင်ခဲ့သင့်ပါတယ် ။ အထူးသဖြင့် ပထမပိုင်းမှာ ကျွန်တော်တို့ အခွင့်အရေးတွေ ပိုပြီး ဖန်တီးနိုင်ခဲ့တယ်လေ ”

” အသင်းရဲ့ ဖိအားပေး ကစားပုံ နဲ့ tempo တွေ တကယ်ပဲ ကောင်းမွန်ခဲ့တယ်လို့ထင်မိပါတယ် ။ ဒီပွဲမှာ ကျွန်တော်တို့ရဲ့ team work လည်း ကောင်းခဲ့ပါတယ် ။ လီဆန်ဒရိုနဲ့ တွဲဖက် ကစားရတာကို တကယ်ပဲ နှစ်ခြိုက် ပျော်ရွှင်မိပါတယ် ။ သူဟာ တကယ့် ကစားသမားကောင်း တစ်ဦးပါပဲ ”

” ဒါဟာ Clean Sheet ရရှိဖို့ ထိုက်တန်တဲ့ ခံစစ် ကစားပုံ ဖြစ်သွားခဲ့ရပါတယ် ။ အံ့ဖွယ်ပါပဲ ။ ဒီပွဲမှာ ကစားသမား 11 ယောက်လုံး တူညီတဲ့ tempo ၊ ရန်လိုမှု ၊ အာရုံစိုက်ပြီး ကစားပြသွားနိုင်ခဲ့ကြပါတယ် ။ ပြီးတော့ သူ ( ဖရက်ဒ် ) ဟာလည်း တစ်ချိန်လုံး ပြေးလွှား ကစားပြနိုင်ခဲ့ပါတယ် ”

” သူဟာ အသင်းအတွက် တကယ့်ကို အကူအညီ ဖြစ်စေနိုင်ခဲ့ပြီး ဂိုးလည်း သွင်းယူပေးနိုင်ခဲ့ပါတယ် ။ ဒါက တကယ့်ကို အပေါင်း လက္ခဏာ ဆောင်ကျဥ်းတဲ့ ပွဲကောင်းတစ်ပွဲပါ ။ ကျွန်တော်တို့ ဒီထက် ပိုကောင်းနိုင်ပါသေးတယ် ။ ကျွန်တော်တို့ ပွဲစဥ်ကို တကယ်ပဲ ပျော်ရွှင် ခံစားနိုင််ခဲ့ကြပါတယ် ” လို့ ဗာရန်း က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar