” တန်ဟတ်ကို အခက်တွေ့အောင် လုပ်နေပြီ ” တော့တင်ဟမ် နဲ့ နိုင်ပွဲအပြီး ရော်နယ်ဒို ရဲ့ အပြုအမူ အပေါ် ဝေဖန်လိုက်တဲ့ အလန်ရှီးယား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ အိုးလ်ထရပ်ဖို့ဒ် ကွင်းထဲ တော့တင်ဟမ် ဟော့စပါး အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး ဖရက်ဒ် ၊ ဘရူနို ဖာနန်ဒက်စ် တို့ရဲ့ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ 2 ဂိုးပြတ် အနိုင်ယူ သွားနိုင်ခဲ့ပါတယ် ။

ဒီပွဲစဥ်မှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ဟာ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို အရန်ခုံပေါ် ထားခဲ့ပြီး ရပ်ရှ်ဖို့၊ အန်တိုနီ၊ ဆန်ချို တို့ကို တွဲဖက် ကစားစေခဲ့ပါတယ် ။ ဒီပွဲအတွက် တန်ဟတ်ရဲ့အစီအစဥ်က မြန််နှုန်းမြင့် ကစားသမားတွေနဲ့ တော့တင်ဟမ်ကို ဒုက္ခပေးဖို့ ဖြစ်ခဲ့ရပါတယ် ။

ရလဒ် တစ်ခု အနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ပထမပိုင်း အတွင်း အခွင့်အရေးတွေ အများကြီး ဖန်တီးသွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ပြိုင်ဖက် ဂိုးသမား ဟူဂို လိုရစ်ရဲ့ လက်စွမ်းပြမှု ၊ ဂိုးကံခေမှု အချို့ကြောင့် အဖွင့်ဂိုး မရနိုင်ခဲ့ပါဘူး ။

အဲ့ဒီနောက် ဒုတိယပိုင်း အစမှာလည်း အဲရစ် တန်ဟတ် က ကစားသမား အပြောင်းအလဲ မလုပ်ပဲ ဒီလူတွေနဲ့ ဆက််လက် ကစားစေခဲ့ပါတယ် ။ အဲ့ဒီနောက် 2 မိနစ် အကြာမှာ ဆန်ချိုရဲ့ ဖန်တီးမှုကို ဖရက်ဒ်က ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပြီး အဖွင့်ဂိုး ရရှိစေခဲ့ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် 69 မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်က တစ်ဂိုး ထပ်မံ သွင်းယူခဲ့ပြီး ပွဲစဥ်ကို လုံးဝ အသာစီး ဖြစ်စေခဲ့ပါတယ် ။ အဲ့ဒီနောက်တော့ တန်ဟတ် ကလည်း အသင််းသား အချို့ကို သွေးပူလေ့ကျင့်ရေးတွေ လုပ်ဆောင်စေခဲ့ပြီး လူစားဝင် ကစားစေဖို့ ရည်ရွယ်ခဲ့ပါတယ် ။

 

အဲ့ဒီမှာတော့ သူဟာ အန်တိုနီ ရဲ့ နေရာမှာ တော်မီနေး ကို ထည့်သွင်း ကစားစေခဲ့ပါတယ် ။ ဒါ့အပြင် ပွဲချိန် 87 မိနစ်မှာ ဆန်ချို နဲ့ ကာစီမီရို တို့ကို ထုတ်ပြီး အီလန်ဂါ နဲ့ အဲရစ်ဆင် တို့ကို ကစားစေခဲ့ ပါတယ် ။ ဒါဟာ လူစားဝင် ကစားပေးဖို့ အသင့်ရှိနေခဲ့တဲ့ ရော်နယ်ဒို အတွက် စိတ်ပျက်စရာ ဖြစ်သွားခဲ့ရပါတယ် ။

ဒါ့ကြောင့် မကြာမီမှာပဲ ပွဲစဥ်ပြီးဆုံးဖို့ မိနစ်ပိုင်း အလိုမှာ သူဟာ ကွင်းထဲမှ ထွက်ခွာပြီး အဝတ်လဲခန်းရှိရာ ဥမင်ထဲ စိတ်ပျက်လက်ပျက် ဝင်သွားခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ ပရီးမီးယားလိဂ် ဂန္တဝင် အလန်ရှီးယား က ရော်နယ်ဒို ဟာ တန်ဟတ် ကို အခက်တွေ့အောင် လုပ်နေတယ်လို့ ပြောဆို သွားခဲ့လိုက်ပါတယ် ။

” ကွင်းထဲ ဝင်ရောက် ကစားခွင့် မရခဲ့လို့ သူ (ရော်နယ်ဒို ) ပေါက်ကွဲခဲ့တာကို ကျွန်တော် နားလည်ပါတယ် ။ ဒါပေမဲ့ အဲ့တာထက် ပိုပြီး ခမ်းနားတဲ့ အချက်ကို ကြည့်လိုက်မယ်ဆိုရင် သူ့ရဲ့ အသင်းဟာ ကွင်းထဲမှာ အကောင်းဆုံးသော စွမ်းဆောင်ရည် ပြသထားနိုင်ခဲ့တယ်လေ ”

” မန်နေဂျာ အနေနဲ့ သူ့ကို ပွဲထွက် ကစားသမား စာရင်းမှ ချန်လှပ်ခဲ့ရတာက တကယ့်ကို ကြီးမားတဲ့ ဆုံးဖြတ်ချက် တစ်ခု ချမှတ်ခဲ့ရခြင်းပါ ။ ဒါပေမဲ့ သူမပါတဲ့ အသင်းဟာ ကွင်းထဲမှာ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသသွားနိုင်ခဲ့တယ်လေ ။ သူ့ရဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့ပါတယ် ”

” ဒါဟာ တကယ့်ကို ခက်ခဲတဲ့ အနေအထား တစ်ရပ်ပါ ။ ကျွန်တော်တို့ဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦး အကြောင်း ပြောနေကြတာလေ ။ ဒါ့ကြောင့် သူအခုလို လုပ်တာတွေက မန်နေဂျာအတွက်တော့ အခက်တွေ့စေမှာ အသေအချာပါပဲ ”

” အခု ကွင်းထဲက သူ့ရဲ့ ကစားသမားတွေနဲ့ ပတ်သက်လို့ ဘယ်လို မြင်သလဲဆိုတဲ့ မေးခွန်းကို တန်ဟတ် အမေးခံရတော့မှာပါ ။ ပြီးရင် သူ့ကို ဘာလို့မကစားစေလဲဆိုတာလည််း အမေးခံရဦးမှာပါ ။ ဒါဟာ သူ့အတွက် ဖြေရခက်စေမှာပါပဲ ။ ဘာလို့လဲဆိုတော့ ကွင်းထဲက အားလုံး ခြေစွမ်းပြနိုင်ခဲ့ကြတယ်လေ ” လို့ အလန်ရှီးယား က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar