တော့တင်ဟမ်နဲ့ ပတ်သက်လို့ အချက် 3 ချက်ကို သတိိထားရမယ်လို အသင်းသားတွေကို သတိပေးလိုက်တဲ့ တန်ဟတ်

 

သုံးပွဲဆက် နိုင်ပွဲ ရရှိရာကနေ နယူးကာဆယ် နဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဥ်မှာ သရေ ရလဒ် ထွက်ပေါ်သွားခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီည (မနက်ဖြန် နံနက် 1 နာရီ 45 မိနစ်) မှာ ပြိုင်ဖက်ကောင်း တော့တင်ဟမ် ဟော့ စပါး ကို အိုးလ် ထရပ်ဖို့ဒ် မှာ ဧည့်ခံ ကစားသွားရဖို့ ရှိနေပါတယ် ။

တော့တင်ဟမ် ဟော့ စပါး အသင်းဟာ လက်ရှိ ရာသီမှာ ပရီးမီးယားလိဂ် ပွဲစဥ် 10 ပွဲ ကစားခဲ့ရာ 7 ပွဲ အနိုင် ၊ 2 ပွဲ သရေ ၊ 1 ပွဲသာ ရှုံးနိမ့်ထားခဲ့ပြီး အမှတ်ပေး ဇယား ထိပ်မှ အာဆင်နယ် အသင်းအောက် 4 မှတ် အကွာ ၊ အဆင့် 3 နေရာမှာ ရပ်တည်နေခဲ့တာပဲ ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ ရလဒ်တွေ တည်ငြိမ်မှု အားနည်းနေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 5 ပွဲ နိုင် ၊ 1 ပွဲ သရေ ၊ 3 ပွဲ ရှုံး ရလဒ် နဲ့ အမှတ်ပေး ဇယား အဆင့် 5 နေရာ ၊ တော့တင်ဟမ် ဟော့စပါး အသင်းအောက် 7 မှတ် အကွာမှာ ရပ်တည်နေခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီပွဲစဥ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဖက်မှ ပွဲပယ် ခံထားခဲ့ရတဲ့ ကွင်းလယ်လူ စကော့ မက် တော်မီနေး ဟာ ပြန်လည် ပါဝင်နိုင်မှာဖြစ်ပြီး ဒဏ်ရာ ရရှိနေခဲ့တဲ့ ကွင်းလယ်လူ ခရစ္စတီယံ အဲရစ်ဆင် ဟာလည်း ပြန်လည် ပါဝင်လာနိုင်ခြေ ရှိနေခဲ့ပါတယ် ။

အဆိုပါ ပွဲစဥ်မတိုင်မီမှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က အသင်းသားတွေ အနေနဲ့ ဒီပွဲ မတိုင်မီ သတိထားရမယ့် ပြိုင်ဖက် အသင်းရဲ့ အဓိက အားသာချက်် 3 ချက်ကို ထုတ်ဖော် ပြောကြား သတိပေး သွားခဲ့လိုက််ပါတယ် ။

” သူတို့ဟာ အသင်းကောင်း တစ်သင်းပါ ။ ထပ်ပြောပါ့မယ် ၊ သူတို့ဟာ ခက်ခဲလွန်းတဲ့ ပြိုင်ဖက် အသင်း တစ်သင််းပါပဲ ။ သူတို့လိုလုပ်ပြနိုင်အောင် ကျွန်တော်တို့ ကြိုးစားကြရပါ့မယ် ။ သူတို့ဟာ ကောင်းကောင်း စုဖွဲ့ထားတဲ့ အသင််းတစ်သင်းလည်း ဖြစ်ပါတယ် ။ ဒီအတွက် ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားကြဖို့ လိုပါ့မယ် ”

” သူတို့တွေဟာ ပြိုင်ဖက်ကို အလျင်အမြန် ထိုးဖောက်နိုင်စွမ်းရှိတဲ့ အသင်းမျိုးပါ ။ ဒါကိုလည်း ကျွန်တော်တို့ သိရှိထားကြဖို့ လိုပါ့မယ် ။ ပြီးတော့ သူတို့တွေဟာ ခံစစ်ပိုင်းလည်း မာကျောပြီးကျစ်လျစ်ကြပါတယ် ။ ဒီအတွက် ကျွန်တော်တို့ နေရာလွတ် ရှာနိုင်အောင် လုပ်ရမှာပါ ”

” ဒီပွဲကို ကျွန်တော်တို့ပွဲ ဖြစ်အောင် လုပ်ရပါ့မယ် ။ ဒီအတွက်် ကစားသမား အားလုံးဆီက အကောင်းဆုံးတွေ ရရှိနိုင်ဖို့ လုပ်ရပါ့မယ် ။ ကွင်းထဲရှိတဲ့ ကစားသမား XI အပြင် အရန်ခုံပေါ်ကလူတွေပါ ခြားနားချက်တွေ လုပ်ဆောင်နိုင်စွမ်းရှိကြပါတယ် ” လို့ တန်ဟတ် က သတိပေးခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar