” ကံကောင်းနေလို့ပဲ မရဘူး ” နည်းပြဟောင်းတွေထက် ပိုကောင်းမွန်လွန်းလှတဲ့ အဲရစ်တန်ဟတ်ရဲ့ ကောင်းကွက်ကို ထုတ်ပြောလိုက်တဲ့ လုခ်ရှော

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဘယ်နောက်ခံလူ ဖြစ်တဲ့ လုခ်ရှော ကတော့ အဲရစ် တန်ဟတ် လက်အောက်မှာ ကုသိုလ်ကံ ကောင်းရုံးနဲ့ ပွဲထွက် ကစားခွင့်တွေ ရရှိနိုင်ဖို့ မရှိကြောင်း ပြောကြားရင်း နည်းပြဟောင်းတွေကို ပါးပါးလေး ပုတ်သွားခဲ့လိုက်ပါတယ် ။

လုခ်ရှော ဆိုတာ 2014 ခုနှစ် တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်လာခဲ့သူ ဖြစ်ပြီး နည်းပြ များစွာနဲ့ အလုပ်လုပ်ခဲ့ဖူးသူပဲ ဖြစ်ပါတယ် ။ အဲ့ဒီထဲမှာတော့ လူးဝစ် ဗန်ဂါးလ် နဲ့ အိုလီ ဂန်နာ ဆိုးလ်ရှား တို့ဟာ သူ့ကို ပွဲစဥ် အများစုမှာ ပွဲထွက် ကစားခွင့် ပေးခဲ့ကြပါတယ် ။

ဒါပေမဲ့ ဟိုဆေး မော်ရင်ဟို ကတော့ သူ့ကို ဆက်လက် တိုးတက်စေချင်သေးတဲ့ အတွက် အရန်ခုံပေါ် ပစ်ထားခဲ့ သလို လူသိရှင်ကြားလည်း ဝေဖန်မှုတွေလုပ်ဆောင်ရင်း မခံချင်စိတ် ဖြစ်အောင် ၊ ပွဲထွက်ခွင့် ရရှိဖို့ ပိုပြီး ကြိုးစားချင်စိတ်ပေါက်အောင် လုပ်ခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ Guardian နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဥ်မှာ ယူနိုက်တက် ဘယ်နောက်ခံလူ လုခ်ရှော က နည်းပြဟောင်းတွေရဲ့ ပွဲထွက် ကစားသမား ရွေးချယ်တတ်တဲ့ ဆုံးဖြတ်ချက်တွေအပေါ် ထေ့ငေါ့ရင်း နည်းပြသစ် တန်ဟတ် ကို ချီးကျူး သွားခဲ့လိုက်ပါတယ် ။

” ဒီမန်နေဂျာနဲ့ ပတ်သက်လို့ ကောင်းမွန်တဲ့ အချက်တစ်ခုက ခင်ဗျား ကောင်းကောင်း မစားပြနိုင်ရင် ကစားခွင့်ရရှိိမှာ မဟုတ်ဘူးဆိုတာပါပဲ ။ အတိတ်မှာတုန်းကတော့ ဒီလိုမျိုး မဖြစ်ခဲ့ရပါဘူး ။ လက်ရှိ နည်းပြရဲ့ ကောင်းကွက် က သူဟာ ကစားသမား တစ်ဦးချင်းရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတာပဲ ဖြစ်ပါတယ် ”

” လူတိုင်းဟာ ​နေ့စဥ် 100 % အပြည့် ပေးဆပ်နေသလားဆိုတာကို သေချာအောင် သူလုပ်ပါတယ်။ ခင်ဗျားအဲ့တာမှ မလုပ်နိုင်ရင် မကစားရပါဘူး ။ ဒါက အပေါင်းဆောင်တဲ့ ကိစ္စ တစ်ခုပါ ။ ကျွန်တော်တို့လည်း ဒါကို သိထားကြပါတယ် ။ ကျွန်တော်ကတော့ အလုပ်တွေ ဆက်ပြီး ကြိိုးစားချင်ပါတယ် ” လို့ ရှောက ပြောခဲ့ပါတယ် ။

လုခ်ရှောဟာ ရာသီအစတုန်းက နှစ်ပွဲ ကစားခွင့် ရရှိပြီးနောက် အရှုံးရလဒ်တွေ ထွက်ပေါ်ခဲ့တဲ့ အတွက် အရန်ခုံပေါ် ထိုင်ခဲ့ရပြီး သူ့ရဲ့ နေရာကို တိုင်ရယ် မာလာစီယာ က ရယူခဲ့ပါတယ် ။ သူအရန်ခုံပေါ်ထိုင်ခဲ့ရတဲ့ အဖြစ်အပျက် အကြောင်း အမေးခံရတဲ့ အခါမှာတော့…

” ဒီအတွက် သူ့ဖက်က ကျွန်တော့်ကို ဘာမှ ပြောပြနေဖို့ မလိုအပ်ခဲ့ပါဘူး ။ ကျွန်တော် ဘာလို့ မကစားရတာလဲဆိုတာ သိပါတယ် ။ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ကြတဲ့ ပွဲစဥ် နှစ်ပွဲမှာ လုံလောက်စွာ မကောင်းခဲ့ပါဘူး ။ ဒါဟာ ကျွန်တော် အသင်းရဲ့ ပွဲထွက်ကစားသမား ထွက်ခွာချိန်ပဲလို့ သိခဲ့ပါတယ် ”

” ရလဒ်တွေ ဆိုးရွားခဲ့တယ် ။ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်တွေလည်း လုံလောက်စွာ မကောင်းမွန်ခဲ့ဘူးလေ ။ ဒါ့ကြောင့် ကျွန်တော် ဘာလုပ်နေသလဲဆိုတာကို မန််နေဂျာ မြင်တွေ့နိုင်ဖို့ အလုပ်တွေ အရမ်းပဲကြိုးစားနေခဲ့ရပါတယ် ။ ပြီးတော့ အခွင့်အရေးတွေ ကျွန်တော့်ဆီ ပြန်လာဖို့ စောင့်မျှော်နေခဲ့ရပါတယ် ”

” ကျွန်တော်တို့ ငြီးတွားနေလို့ချည်းမရပါဘူး။ ကျွန်တော် နေ့တိုင်း အသင်းနဲ့ အတူ ရှိနေခဲ့ပြီး ပွဲထွက် ကစားခွင့်ပဲရရ ၊ လူစားဝင် ကစားခွင့်ပဲရရ အသင်းကို အကူအညီပေးဆောင်နိုင်ဖို့ချည်း ကြိုးစားခဲ့ရပါတယ် ” လို့ လုခ်ရှော က ပြောပြ သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar