အဲရစ် တန်ဟတ်ဟာ ကစားသမား တစ်ဦး အပေါ် မလေးမစား လုပ်နေတယ်လို့ စွပ်စွဲလိုက်တဲ့ လူးဝစ် ဆာဟာ

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင််း တစ်ဦး ဖြစ်သူ လူးဝစ် ဆာဟာ က ဒီရာသီမှာ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ဟာ နည်းပြသစ် အဲရစ် တန်ဟတ် ရဲ့ မလေးမစား လုပ်ခြင်းကို ခံနေခဲ့ရတယ်လို့ ထုတ်ပြောသွားခဲ့လိုက် ပါတယ် ။

ခရစ္စတီယာနို ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ နွေတုန်းက အသင််းရဲ့ တာဝန်ရှိသူတွေကို ထိုက်သင့်တဲ့ ကမ်းလှမ်းမှု ရရှိခဲ့ပါက သူ့ကို အသင်းမှ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့သူပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် သူဟာ အသင်းရဲ့ ရာသီကြို ပွဲစဥ်တွေမှာလည်း မပူးပေါင်းခဲ့ပါဘူး ။

ပူးပေါင်းခဲ့တဲ့ ရာသီကြို နောက်ဆုံးပွဲမှာလည်း ပွဲမပြီးမီ ကွင်းထဲမှ ထွက်ခွာခဲ့တဲ့အတွက် ဝေဖန်မှုတွေခံခဲ့ရပါသေးတယ် ။ အဲ့ဒီနောက် နည်းပြသစ် အဲရစ် တန်ဟတ် က သူ့ကို ရာသီကြို ပွဲစဥ်တွေ မကစားခဲ့မှု ၊ ကြံ့ခိုင်မှု ကောင်းမွန်ခြင်း မရှိမှုတွေနဲ့အတူ ပွဲထွက် ကစားသမား စာရင်းမှ ချန််လှပ်ခဲ့ပါတယ် ။

အဲ့ဒီနောက် ရော်နယ်ဒို ဟာ ယူရို ပါလိဂ် ပွဲစဥ်တွေမှာ ပွဲထွက်ခွင့် ပြန်လည် ရရှိခဲ့ပါတယ် ။ ဒါပေမဲ့ အဲရစ် တန်ဟတ််ရဲ့ ကစားကွက်မှာ အံဝင်နိုင်စွမ်း မရှိခဲ့ပဲ ခြေစွမ်းပြ ဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ အခုထိ သူဟာ ယူနိုက်တက် အတွက် နှစ်ဂိုးသာ သွင်းယူပေးထားနိုင်ခဲ့ပါတယ် ။

ဒီအတိုင်းသာဆိုရင် ရပ်ရှ်ဖို့ ၊ မာရှယ် ၊ ဆန်ချို ၊ အန်တိုနီ တို့ထဲက သုံးဦး ကြံ့ခိုင်မှု ပြည့်ဝနေသေးသရွေ့ သူဟာ ပွဲထွက် ကစားခွင့် ရရှိသွားနိုင်ဖွယ် နည်းပါး နေခဲါပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ အဲရစ် တန်ဟတ် ဟာ ပြေးလွှား လှုပ်ရှားနိုင်စွမ်း အပြည့်ရှိတဲ့ ကစားသမားတွေကိုပဲ နှစ်သက််လို့ ဖြစ်ပါတယ် ။

ဘယ်လိုပဲ ဖြစ်ပါစေ နယူးကာဆယ် အသင်းနဲ့ ပွဲစဥ်မှာ ရပ်ရှ်ဖို့ နဲ့ လူစားလဲခံခဲ့ရတဲ့နောက်တော့ Ballon D’ Or 5 ဆုရှင် ဖြစ်တဲ့ ရော်နယ်ဒို ဟာ ဒီရာသီ အဲရစ် တန်ဟတ်ရဲ့ လက်အောက်မှာ မလေးမစား လုပ်ခံနေခဲ့ရတယ်လို့ ခံစားရကြောင်း ပြောဆို စွပ်စွဲသွားခဲ့လိုက်ပါတယ် ။

” ရော်နယ်ဒို ဟာ မလေးမစား လုပ်ခံနေခဲ့ရတာပါ ။ ကျွန််တော်ကတော့ အဲရစ် တန်ဟတ် ရဲ့ စီမံ ခန့်ခွဲမှုကို အပြည့်အဝ သဘောမတူနိုင်ပါဘူး ။ နယူးကာဆယ်နဲ့ ပွဲစဥ်အပြီး ရော်နယ်ဒို ဘာကြောင့် စိတ်မချမ်းမသာ ဖြစ်နေခဲ့သလဲဆိုတာကို ကျွန်တော် သိပါတယ် ”

” သူဟာ ဂိုးသွင်းနိုင်မယ်လို့ ယုံကြည်နေခဲ့သူပါ ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူဟာ ကံဆိုးသွားခဲ့ရပါတယ် ။ ဒါက ဖြစ်လေ့ဖြစ်ထ ရှိတတ်တဲ့ အရာတစ်ခုပါ ။ ပြီးတော့ ရော်နယ်ဒို ဆိုတာ စက်ရုပ် တစ်ရုပ် မဟုတ်မှန်း လူတွေ အနေနဲ့ နားလည် သဘောပေါက်သင့်ပါတယ် ”

” ရော်နယ်ဒို က killer တစ်ဦးပါ ။ အရေးကြီးဂိုး သွင်းယူရမယ်ဆိုတဲ့ ဖိအားတွေအောက် ကျရောက်နေချိန်မျိုးမှာ ရော်နယ်ဒိုထက် ပိုကောင်းအောင် လုပ်ပြနိုင်သူ မရှိပါဘူး ။ ပြီးခဲ့တဲ့ နှစ်တုန်းက သူ အဲ့တာကို လုပ်ပြခဲ့ပြီးပါပဲ ။ ဒီလို လုပ်ပြခဲ့တဲ့ ကစားသမား တစ်ဦး ဒီနှစ် ကစားခွင့်တွေ မရစရာ အကြောင်းကို မရှိပါဘူး ”

” ရုပ်ပိုင်းဆိုင်ရာကို ကြည့်ရှုလိုက်မယ်ဆိုရင် ရော်နယ်ဒို ကျရှုံးနေပြီ ၊ ကျဆင်းနေပြီ ဆိုတဲ့ အရိပ်အယောင်မျိုးကို ကျွန်တော် အခုတွေ ရှာမတွေ့သေးပါဘူး ” လို့ လူးဝစ် ဆာဟာ က ပြောကြားသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar