မန်ယူနိုက်တက် vs စပါး?? ဒီကြားရက်မှာ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေ အတွက် ခရစ်ဆက်တန်ရဲ့ ခန့်မှန်းချက်များ

ပီအက်ဗီ နဲ့ ယူရိုပါလိဂ် ပွဲစဉ်ကို ကစားသွားရမှာ ဖြစ်တာကြောင့် အာဆင်နယ် vs မန်စီးတီး ပွဲစဉ်ကို ရွေ့ဆိုင်းခဲ့ရပေမယ့် မန်ယူနိုက်တက် vs စပါး ၊ လီဗာပူး vs ၀က်ဟမ်း တို့ရဲ့ ပွဲစဉ်တွေက စိတ်၀င်စားစရာ ကောင်းနေမှာ ဖြစ်ပါတယ်။ ခရစ်ဆက်တန်က ဒီကြားရက်မှာ ကစားရမယ့် လိဂ်ပွဲစဉ်တွေ အတွက် ခန့်မှန်းချက်ကို ယခုလိုပဲ ချပြသွားခဲ့ပါတယ်။

၁~ဘရန်ဖို့ဒ် vs ချဲလ်ဆီး
ချဲလ်ဆီးဟာ တနင်္ဂနွေနေ့က အက်စတွန်ဗီလာကို ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် သူတို့ဟာ အဆိုပါ ပွဲကို ခက်ခက်ခဲခဲ ကစားကာ အနိုင်ရခဲ့တာ ဖြစ်ပြီး ဒီအတွက် ကီပါကို ကျေးဇူးတင်ရမှာပါ။ ဘရန့်ဖို့ဒ်ဆီက ဘာကို မျှော်လင့်နိုင်သလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူတို့ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ဘရိုက်တန်ကို အနိုင်ရခဲ့ပြီး သူတို့ရဲ့ တိုက်စစ် အရည်အသွေး တစ်ချို့ကို မြင်ခဲ့ရပါတယ်။ ဒီပွဲစဉ်မှာ ဒီလို ကစားပုံကို ထပ်မံ ပြသနိုင်ခဲ့မယ်ဆိုရင် တစ်စုံတစ်ရာ ရရှိနိုင်မှာ ဖြစ်ပြီး အထူးသဖြင့် ချဲလ်ဆီးဟာ ဒီအချိန်မှာ အကောင်းဆုံး ပုံစံမှာ ရှိမနေပါဘူး။

ခန့်မှန်းချက် : ၁-၁

၂~လီဗာပူး vs ၀က်ဟမ်း
ကျွန်တော့်ရဲ့ ဆိုးရွားတဲ့ ခန့်မှန်းချက်တွေကြောင့် လီဗာပူး ပရိတ်သတ်တွေရဲ့ လှောင်ပြောင်မှုကို ရရှိခဲ့ပါတယ်။ သူတို့ဟာ မန်စီးတီးနဲ့ ပွဲစဉ်မှာ အကောင်းဆုံး အားပေးခဲ့ကြကာ ဒီပွဲစဉ် မတိုင်မီမှာ ကျွန်တော့်လိုပဲ သူတို့အသင်း အနိုင်ရမယ်လို့ ထင်မိမှာ မဟုတ်ပါဘူး။ စီးတီးနဲ့ ပွဲစဉ်မှာ လီဗာပူးရဲ့ ကစားပုံကို မနှစ်သက်လို့ မရနိုင်ပါဘူး။ အထူးသဖြင့် သူတို့ရဲ့ နောက်တန်းဟာ တအားကို ကောင်းခဲ့ပါတယ်။

အန်ဖီးပရိတ်သတ်ရဲ့ ပြင်းထန်တဲ့ အားပေးမှုဟာ မန်စီးတီးနဲ့ ပွဲစဉ်မှာ တကယ့်ကို အကူအညီ ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ကတော့ လီဗာပူးတို့ ဒီလမ်းကြောင်းအတိုင်း ဆက်သွားဦးမယ်လို့ ထင်ပါတယ်။ ၀က်ဟမ်းရဲ့ နောက်တန်း အားနည်းမှုဟာ လီဗာပူးကို အကူအညီ ဖြစ်စေမှာ ဖြစ်ပေမယ့် တိုက်စစ်က ဆကာမက်ကာ ကတော့ ဟမ်းမားတို့ အတွက် ဂိုးရယူပေးနိုင်မှာပါ။

ခန့်မှန်းချက် : ၃-၁

မန်ယူနိုက်တက် vs စပါး
မန်ယူနိုက်တက်ဟာ နယူးကာဆယ်နဲ့ ပွဲစဉ်မှာ ကံတရားရဲ့ ဖေးမမှုကို ရခဲ့ပါတယ်။ ဒါပေမယ့် စပါးနဲ့ ပွဲစဉ်ဟာ ဒီလိုမျိုး ကစားခဲ့မယ်ဆိုရင် ခြားနားတဲ့ ပုံပြင် ဖြစ်သွားမှာပါ။ အကယ်လို့များ ဟယ်ရီကိန်းသာ အခွင့်အရေးကောင်း ရသွားခဲ့မယ် ဆိုရင် သူ့ရဲ့ ယခုလို form အရ ဂိုးအဖြစ် ပြောင်းလဲနိုင်မှာပါ။ အခြား တစ်ဖက်မှာတော့ ယူနိုက်တက်ဟာ နယူးကာဆယ်နဲ့ ပွဲမှာ အဆွယ်ကျိုးနေခဲ့ပါတယ်။ သူတို့ဟာ အဖျားဝေဒနာ ခံစားနေရတဲ့ အဲရစ်ဆင်ကို အထူး လိုအပ်နေခဲ့ပြီး ဒိန်းမတ် စတားဟာ ဒီပွဲစဉ်မှာလည်း ပါ၀င်ဖို့ မသေချာပါဘူး။ ယူနိုက်တက် အနေနဲ့ စပါးကို ပြသနာတွေ ပေးဖို့ အတွက် အဲရစ်ဆင်ရဲ့ အရည်အသွေးတွေ လိုအပ်ပါတယ်။

အကယ်၍ ဒီပွဲစဉ်မှာ အဲရစ်ဆင် ၀င်ကစားဖြစ်ခဲ့မယ် ဆိုရင်တောင် အန်တိုနီယိုကွန်တီဟာ စပါး ကို တန်ပြန်တိုက်စစ် ဗျူဟာနဲ့ နိုင်ပွဲ ရယူပေးနိုင်မှာ ဖြစ်ပါတယ်။ ဟယ်ရီကိန်းလည်း ဒီပွဲစဉ်မှာ စပါး အတွက် သွင်းဂိုး ရယူနိုင်ပါလိမ့်မယ်။

ခန့်မှန်းချက် : ၁-၃

အခြားပွဲစဉ်တွေအတွက် ခန့်မှန်းချက်
ဘရိုက်တန် ၂-၀ နော့တင်ဟမ်ဖောရက်စ်
ခရစ်စတယ်ပဲလေ့စ် ၂-၀ ဝုဖ်
ဘုန်းမောက် ၂-၁ ဆောက်သမ်တန်
နယူးကာဆယ် ၂-၀ အဲဗာတန်
ဖူဟမ် ၁-၁ အက်စတွန်ဗီလာ
လက်စတာ ၁-၄ လိဒ်

SM