ဒါ၀င်နူးနက်နဲ့ ပက်သက်ပြီး ယာဂန်ကလော့ အတွက် အတော်လေးစိုးရိမ်စရာ ကိစ္စကို ထောက်ပြလိုက်တဲ့ ပေါလ်မာဆွန်

 

အာဆင်နယ် ကြယ်ပွင့်ဟောင်း ပေါလ်မာဆွန်က လီဗာပူးဟာ ဒါ၀င်နူးနက် နဲ့ မိုဟာမက်ဆာလား တို့ကို အကောင်းဆုံး တွဲဖက် ကစားနိုင်မယ့် နည်းလမ်းကို ရှာမတွေ့သေးဘူးလို့ ဆိုလိုက်ပြီး ဥရုဂွေး တိုက်စစ်မှုး မပါ၀င်ချိန်မှာ အီဂျစ်စတားရဲ့ ကစားပုံက ပိုကောင်းနေတဲ့ အချက်ကြောင့် ဒါဟာ ယာဂန်ကလော့ အတွက် အတော်လေး စိတ်ပူစရာ ကိစ္စ ဖြစ်တယ်လို့ ယူဆနေပါတယ်။ ဆက်လက်ပြီး မာဆွန်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်စီးတီး အပေါ် လီဗာပူးရဲ့ အနိုင်ယူခဲ့မှုဟာ ကလော့ကို ရှေ့ဆက်သွားရမယ့် နည်းလမ်းကို ပြသလိုက်သလို ဖြစ်သွားတယ်လို့ ယုံကြည်နေပါတယ်။

 

လီဗာပူးဟာ မန်စီးတီးနဲ့ ပွဲစဉ်မှာ ဆာလား နဲ့ ဖာမီနို တို့ကို အထောင် တိုက်စစ်မှာ ထားကစားကာ ယုံကြည်မှုကို မြင့်တက်စေမယ့် နိုင်ပွဲကို အန်ဖီးမှာ ရယူနိုင်ခဲ့ပါတယ်။ တစ်ပွဲလုံး ခြေစွမ်းပြနေခဲ့တဲ့ ဆာလားဟာ လီဗာပူး အတွက် ၇၆ မိနစ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး အန်ဖီးကလပ်က ၁-၀ နဲ့ ဦးဆောင်နေချိန်မှာ တန်ပြန်တိုက်စစ် ကနေ တဆင့် 3 v 1 အခွင့်အရေး ရရှိခဲ့ပေမယ့် နူးနက်ဟာ လွတ်လွတ်ကျွတ်ကျွတ် ဖြစ်နေတဲ့ ဆာလားကို မမြင်ခဲ့ဘဲ ကိုယ်တိုင် ကန်သွင်းယူဖို့ ကြိုးစားကာ အခွင့်အရေးကောင်း ပျက်ပြယ် သွားခဲ့ပါတယ်။

မာဆွန်က ၀က်ဟမ်းနဲ့ ပွဲစဉ်ဟာ နူးနက် အတွက် good fixture တစ်ခု ဖြစ်လာမယ်လို့ ဆိုလိုက်ပေမယ့် ၎င်းမပါတဲ့အချိန် ဆာလားရဲ့ ခြေစွမ်းက ကောင်းနေခဲ့တာ ကတော့ စိတ်ပူစရာ အခြေအနေ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မာဆွန်က “လီဗာပူးဟာ သူတို့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်ရနေသလိုပါပဲ။ သူတို့ဟာ မန်စီးတီးနဲ့ပွဲမှာ တအားကို ကြိုးစားခဲ့ပြီး ဒီပွဲဟာ သူတို့ရဲ့ စွမ်းအင်တွေကို အများကြီး ကုန်စေမှာပါ။ ၀က်ဟမ်းနဲ့ပွဲဟာ သူတို့အတွက် ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ အကယ်၍ သူတို့ နိုင်ခဲ့မယ်ဆိုရင် သူတို့ဟာ ၂ ပွဲဆက် အနိုင်ရသွားမှာ ဖြစ်ပြီး top 4 race ထဲ ပြန်၀င်လာမှာပါ။

မိုဟာမက်ဆာလားဟာ ဒီအသင်းမှာ ဖာမီနိုနဲ့ တွဲဖက် ကစားလိုက်တဲ့ အခါမှာ ပိုမို ကောင်းမွန်တဲ့ ကစားသမား ဖြစ်သွားခဲ့ပါတယ်။ မန်စီးတီးနဲ့ ပွဲစဉ်မှာ သူဟာ အပြင်ကနေ အတွင်းကို ၀င်ကာ ပြေးလွှားမှုတွေ လုပ်ခဲ့ပါတယ်။

ဒါဟာ အတော်လေး အလုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီနေ့က ဗာဂျယ်ဗန်ဒိုက် ကိုလဲ ကြည့်လိုက်ပါ။ သူဟာ တကယ့် Rolls Royce နောက်ခံလူ အဖြစ် ပြန်လည် ပြသခဲ့ပါတယ်။ သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖြစ်နေတဲ့ တိုက်စစ်မှုးနဲ့ ရင်ဆိုင် ကစားခဲ့ရတာပါ။

ဒါ၀င်နူးနက် ၀င်လာချိန်မှာ စိုးရိမ်စရာ အချက်ကတော့ သူဟာ ဆာလားကို ဘောလုံး ပေးပို့မှုတွေ မလုပ်ခဲ့တာပါပဲ။ သူဟာ ဆာလားရဲ့ ပြေးလွှားမှုကို မမြင်ခဲ့တဲ့ အချက်ကတော့ ဒီထက် ပိုပြီး စိုးရိမ်စရာ ဖြစ်ပါတယ်။ ကလော့ အနေနဲ့ ၀က်ဟမ်းနဲ့ ပွဲမှာ သူ့အစား ကယ်ဗင်ဟို ဒါမှမဟုတ် ဟာဗေးအယ်လီယော့ တို့ကို ထားကစားသွားနိုင်ပါတယ်။

၀က်ဟမ်းဟာ ခံစစ်ပိုင်းမှာ ဒဏ်ရာ ပြသနာတွေ ရှိနေတာကြောင့် ဒါဟာ နူးနက်ရဲ့ ယုံကြည်မှုကို အကူအညီ ဖြစ်စေမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း သူ ကွင်းထဲမှာ ရှိနေမယ် ဆိုရင် ဆာလားရဲ့ အကောင်းဆုံး ပုံစံကို မြင်ရမှာ မဟုတ်ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

SM