တော့တင်ဟမ်နဲ့ ပွဲစဥ်မတိုင်မီ အသင်းဖော်တွေကို သတိိပေးစကား ပြောသွားလိုက်တဲ့ ဒီဂီယာ

 

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နံပါတ်တစ်ဦးစားပေး ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ က တော့တင်ဟမ် ဟော့ စပါး အသင်းနဲ့ ရင်ဆိုင် ကစားရမယ့် ပွဲစဥ်မတိုင်မီ အသင်းဖော်တွေ အနေနဲ့ ဂိုးတွေ ပိုမို သွင်းယူနိုင်ဖို့ အလုပ် လုပ်သင့်ပြီဖြစ်ကြောင်း သတိပေးသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ကြားရက်် ပွဲစဥ်တုန်းက ယူရိုပါလိဂ် အုပ်စု ပွဲစဥ် 4 အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ အိုမိုနီးယား နီကိုဆီယား အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး မက်တော်မီနေး ရဲ့ နောက်ကျ မိနစ် သွင်းဂိုးနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် တို့ဟာ ဂိုးပေါက် ကန်သွင်းခွင့် 34 ကြိမ် အထိ ရရှိခဲ့တာ ဖြစ်ပြီး ကြီးမားတဲ့ အခွင့်အရေး 8 ကြိမ် အထိ ဖန်တီးသွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အဆိုပါ အခွင့်အရေးတွေကိုတော့ ထိရောက်စွာ အသုံးမချနိုင်ခဲ့ခြင််း ၊ ပြိုင်ဖက် ဂိုးသမားရဲ့ လက်စွမ်းပြမှုတွေကြောင့် 1 ဂိုးသာ ရရှိနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက် တနင်္ဂနေနေ့မှာလည်း မန်ချက်စတာ ယူနိုက်တက် တို့ဟာ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ နယူးကာဆယ် ယူနိုက်တက် အသင်းကို ဧည့်ခံ ကစားခဲ့ရပါတယ် ။ ဒါပေမဲဲ့ ဒီပွဲမှာလည်း သူတို့ဟာ အခွင့်အရေးကောင်း အချို့ကို ဖန်တီးနိုင်ခဲ့ပြန်ပေမယ့် အသုံးမချနိုင်ခဲ့ပြန်ပါဘူး ။

အထူးသဖြင့် အဆိုပါ ပွဲစဥ်မှ ရပ်ရှ်ဖို့ နဲ့ ဖရက်ဒ် တို့ အခွင့်အရေး ဖြုန်းတီးခဲ့ကြတာက ယူနိုက်တက် တို့ကို အဖိုးတန်် ရမှတ် 3 မှတ် မရရှိစေခဲ့ပဲ အိမ်ကွင်းမှာ တစ်မှတ်နဲ့သာ ကျေနပ်စေခဲ့ရပါတယ် ။ ဒါဟာ နောက်ရာသီ ချန်ပီယံံလိဂ် ကစားလိုတဲ့ အသင်းအတွက် စိတ်ပျက်ဖွယ် ရလဒ််ပဲ ဖြစ်ခဲ့ရပါတယ် ။

အခုတော့ ယူနိုက်တက် ဂိုးသမား ဒေးဗစ် ဒီဂီယာက လိဂ် အတွင်းမှ အဓိက ပြိုင်ဖက် အသင်း တစ်သင်း ဖြစ်တဲ့ တော့တင်ဟမ် ဟော့ စပါး အသင်း နဲ့ ရင်ဆိုင် ကစားရမယ့် ပွဲစဥ်မတိုင်မီ အသင်းသားတွေ အနေနဲ့ ဂိုးတွေ သွင်းယူတတ်ဖို့ အလုပ် ကြိုးစားသင့်ပြီ ဖြစ်ကြောင်း သတိပေးသွားခဲ့လိုက်ပါတယ် ။

” တကယ့်ကို ထူးခြားတဲ့ ၊ ထူးကဲလွန်းတဲ့ ရက်သတ္တပါတ် ပါပဲ ။ ကျွန်တော်တို့ ပွဲကြီးပွဲကောင်း နှစ်ပွဲ ကစားကြရဖို့ ရှိနေပါတယ် ။ မနက်ဖြန်က စတင်ပြီး ပြန်လည် အားမွေးဖို့ စတင် လုပ်ဆောင်ရပါလိမ့်မယ် ။ ကျွန်တော်တို့ အားလုံး ကြံ့ခိုင်နေဖို့ အရေးကြီးပါတယ် ”

” ဗုဒ္ဓဟူးနေ့မှာ ပွဲကြီးပွဲကောင်း ကစားရတော့မှာပါ ။ ဟုတ််ပါတယ် ၊ တော့တင်ဟမ်ဟာ တကယ့်ကို ခမ်းနားနေတဲ့ အသင်း တစ်သင်းပါ ။ ဒါပေမဲ့ ကျွန်တော်တို့လည်း အိမ်ကွင်းမှာ ကစားရမှာပါ ။ ကျွန်တော်တို့တွေ အကောင်းဆုံး ကြိုးစားရင်း ဂိုးတွေ သွင်းယူနိုင်အောင် လုပ်ရမှာပါ ” လို့ ပြောရင်း ပွဲ 500 ပြည့်ခဲ့တဲ့ အပေါ်…

” ကျွန်တော် အရမ်းကို ပျော်ရွှင်ခဲ့ရပြီး ပွဲ 500 ပြည့်ခဲ့တဲ့ အပေါ် ဂုဏ်လည်းယူမိပါတယ် ။ ဒီလိုပွဲမှာ Clean Sheet ရရှိခဲ့တယ်လေ ။ ကျွန်တော်တို့ တစ်ဂိုးလောက် သွင်းနိုင်ခဲ့ရင် ပိုကောင်းခဲ့မှာပေါ့ဗျာ ။ ဘယ်လိုပဲ ဖြစ်ပါစေ ၊ ခံစားချက််တွေ ကောင်းမွန်ခဲ့ရပါတယ် ” လို့ ဒီဂီယာ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar