အိုးလ် ထရပ်ဖို့ဒ် က သရေပွဲ အပြီး အသင်းဖော်တွေကို သတိပေးလိုက်တဲ့ လုခ်ရှော

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညကတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ပရီးမီးယားလိဂ် ပွဲစဥ် 10 အဖြစ်် နယူးကာဆယ် ယူနိုက်တက် အသင်းကို ဧည့်ခံကစားခဲ့ရပြီး ဂိုးမရှိ သရေ ရလဒ် ၊ ရမှတ် တစ်မှတ်နဲ့သာ ကျေနပ််ခဲ့လိုက်ရပါတယ် ။

ဒီပွဲမှာတော့ ကွင်းလယ်ဒိုင် နဲ့ စည်းကြပ်ဒိုင် တို့ရဲ့ ဆုံးဖြတ််ချက် အချို့ဟာ အငြင်းပွားဖွယ် ဖြစ်ခဲ့ရသလို မန်ချက်စတာ ယူနိုက်တက် အသင်းမှ တိုက်စစ် ကစားသမားတွေရဲ့ အဆုံးသတ် စွမ်းရည်ပိုင်း အချို့ဟာလည်း စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ် ။

ဒီပွဲမှာ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ဟာ နှစ်ဂိုး သွင်းယူနိုင်ခဲ့ပေမဲ့ တစ်ဂိုးက လူကျွံနေခဲ့ပြီး နောက်တစ်ဂိုးက အငြင်းပွားဖွယ် ဖြစ်ခဲ့ရတဲ့အတွက် ယူနိုက်တက် ပရိသတ်တွေ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြရပါတယ် ။

အခြားတစ်ဖက်မှာတော့ ယူနိုက်တက်အတွက် လူစားဝင်လာခဲ့တဲ့ တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ နဲ့ ကွင်းလယ်လူ ဖရက်ဒ် တို့ကလည်း ဂိုးဖြစ်သွားစေနိုင်မယ့် ရွှေရောင် အခွင့်အရေးကို အသုံးမချနိုင် ဖြစ်ခဲ့ကြတဲ့ အတွက် သရေ ရလဒ်် နဲ့သာ ကျေနပ်ခဲ့လိုက်ရတာပဲ ဖြစ်ပါတယ် ။

အခုတော့ အဆိုပါ ပွဲစဥ်မှာ ပွဲထွက် ကစားခွင့် ရရှိခဲ့တဲ့ ယူနိုက်တက် ဘယ်နောက်ခံလူ လုခ်ရှော က မိမိတို့ အိမ်ကွင်း ဖြစ်တဲ့ အိုးလ် ထရပ်ဖို့ဒ် မှာ ကစားရတဲ့ ဒီလို ပွဲစဥ်မျိုးမှာ မဖြစ်မနေ အနိုင် ရလဒ် ရရှိသင့်ကြောင်း ၊ အခုတော့ ဗုဒ္ဓဟူး​နေ့အတွက် အာရုံစိုက်သင့်ကြောင်း အသင်းဖော်တွေကို သတိပေးသွားခဲ့လိုက်ပါတယ် ။

” အရာရာ အားလုံးကို ချုံငုံကြည့်လိုက်ရင် ကျွန်တော်တို့ဟာ ရလဒ် အပေါ် စိတ်မကျေမနပ် ဖြစ်ခဲ့ကြရ ပါတယ် ။ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ အခုလိုပွဲစဥ်မျိုးမှာဆိုရင် ကျွန််တော်တို့ သေချာပေါက် အနိုင်ရလဒ် ရရှိနိုင်ခဲ့သင့်တာ အမှန််ပါပဲ ”

” အထူးသဖြင့် ကျွန်တော်တို့လို တစ်စုံတရာကိုလိုချင်တဲ့ ၊ တစ်စုံတခု ဖြစ်လိုကြတဲ့ အသင်းအတွက် နိုင်ကို နိုင်သင့်တဲ့ ပွဲမျိုးပါ ။ ဒီလို ပွဲမျိုးမှာ အနိုင် 3 မှတ် စုဆောင်းနိုင်ဖို့ ဆိုတာက အရမ်းကို အရေးကြီးလှပါတယ် ။ ဒါပေမဲ့ ဒီ​နေ့ ကျွန်တော်တို့ အဲ့တာကို မလုပ်ပြနိုင်ခဲ့ကြပါဘူး ”

” ဒါဟာ တကယ့်ကို စိတ်မကျေမနပ် ဖြစ်ချင်စရာပါပဲ ။ ဒါပေမဲ့ ဗုဒ္ဓဟူးနေ့မှာ ကျွန်တော်တို့ ပွဲကြီးပွဲကောင်း တစ်ပွဲ ကစားရဖို့ ရှိနေပါသေးတယ် ။ ကျွန်တော်တို့ရဲ့ အာရုံတွေ အဲ့ဒီအပေါ်မှာ ရှိနေသင့်ပါပြီ ” လို့ လုခ်ရှော က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

ယူနိုက်တက် တို့ဟာ ဗုဒ္ဓဟူး နံနက် 1:45 အချိန်မှာ ပရီးမီးယားလိဂ် ပွဲစဥ် 12 အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ တော့တင်ဟမ် ဟော့ စပါး အသင်းကို ဧည့်ခံ ကစားသွားရဖို့ ရှိနေပါတယ် ။ ဒီပွဲမှာသာ အနိုင်မရခဲ့ရင် ယူနိုက်တက်တို့ အမှတ်ပေး ဇယား အလယ်လောက်အထိ ကျဆင်းနိုင်ခြေ ရှိနေပါတယ် ။

#Sports_Myanmar