မန်စီးတီးကို ၁-၀ နဲ့ အနိုင်ယူခဲ့တဲ့ အန်ဖီးရဲ့ စိတ်လှုပ်ရှားစရာ ပွဲစဉ်အပြီး ကစားသမား ၅ ဦးကို အထူး ချီးကျူးလိုက်တဲ့ ကလော့

လီဗာပူးအသင်းဟာ မိုဆာလားရဲ့ ဒုတိယပိုင်း သွင်းဂိုးနဲ့ အတူ မန်ချက်စတာစီးတီးကို ၁-၀ နဲ့ အနိုင်ယူကာ ဒါဟာ ဒီနှစ်သင်းရဲ့ နောက်ထပ် Classic ပွဲစဉ်လို့တောင် ပြောရမှာ ဖြစ်ပါတယ်။ ၇၆ မိနစ်မှာ ဆာလား သွင်းယူခဲ့တဲ့ ဂိုးဟာ လွန်ခဲ့တဲ့ ဇန်နဝါရီ ၂၀၂၀ က မန်ယူနိုက်တက်နဲ့ ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးကို ပြန်လည် အမှတ်ရစေခဲ့ကာ အလီဆွန်ရဲ့ pinpoint pass ကို ဆာလားဟာ ကန်ဆယ်လိုကို body ခုကာ ကျော်ဖြတ်ခဲ့ပြီး ဂိုးသမားနဲ့ တစ်ဦးချင်း အတွေ့မှာ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသွင်းဂိုး မတိုင်မီ ဖီးလ်ဖိုဒန် ဂိုးသွင်းယူခဲ့ပေမယ့်လည်း build-up မှာ ဖာဘင်ညိုကို ဟာလန်း foul လုပ်ခဲ့တာကြောင့် VAR review နဲ့ ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်။ လက်ကျန် ၁၅ မိနစ်မှာ မန်စီးတီးဟာ ချေပဂိုး ရဖို့ အပြင်းအထန် ကြိုးစားခဲ့ပေမယ့်လည်း ဒီနေ့မှာ အကောင်းဆုံး ပုံစံ ရနေတဲ့ လီဗာပူး ခံစစ်ကို ကျော်ဖြတ်နိုင်ခြင်း မရှိဘဲ ဒီရာသီ ပထမဦးဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်သွားခဲ့ပါတယ်။

ဒီပွဲစဉ် အပြီးမှာ ကလော့က “ကျနော်တို့ တအားကို ကောင်းခဲ့ပါတယ်။ မန်စီးတီးလို အသင်းကို သာမန်သွားကစားလို့ မရပါဘူး။ ကိုယ့်ရဲ့ နောက်ဆုံး limit ထိ ရောက်အောင် ကစားရမှာ ဖြစ်ပြီး ကျနော်တို့ ဒီလို လုပ်ခဲ့ပါတယ်။ ကျနော်တို့ ခံစစ်ကို စိတ်ဓာတ်ပြင်းပြင်းနဲ့ ကစားခဲ့ပြီး မှန်ကန်တဲ့ နေရာလွတ်တွေ ပိတ်ဆို့ခဲ့ကာ မှန်ကန်တဲ့ ဧရိယာတွေမှာ challenges လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း စီးတီးကတော့ အခွင့်အရေးတွေ ဖန်တီးနိုင်ဆဲပါ။ ကျနော်တို့ ကစားသမားတွေဟာ ခြောက်ကိုက်စည်းထဲမှာ အကောင်းဆုံး ကာကွယ်ခဲ့ကြပါတယ်။ ဒါဟာ ကောင်လေးတွေ အားလုံးရဲ့ ထိပ်တန်းခြေစွမ်းပါ။ ဒါ့ကြောင့်လည်း ကျနော်တို့ နိုင်ခဲ့တာပါ။”

အနိုင်ဂိုးသွင်းယူခဲ့တဲ့ ဆာလားနဲ့ ပက်သက်ပြီး “မိုဟာ ပြောင်မြောက်စွာ ကစားသွားခဲ့ပါတယ်။ သူဟာ ဘော်ဘီနဲ့ အတူ တိုက်စစ်မှာ တွဲကစားခဲ့ပြီး တကယ့် ထိပ်တန်း စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။ ဂိုးကလည်း ကမ္ဘာ့အဆင့်ပါ။ ကန်ဆယ်လို ဘောလုံးလွဲခဲ့တာကြောင့် ကံကောင်းခဲ့တယ်လို့ ပြောနေကြပေမယ့် ကျနော်ကတော့ သူဘောလုံးလွဲချော်ခဲ့တာကို မမြင်ခဲ့ပါဘူး။ မိုဟာ ဂိုးသမားနဲ့ တစ်ဦးချင်းရင်ဆိုင်ရတဲ့ အနေအထားရောက်အောင် သူ့ရဲ့ ခန္တာကိုယ်ကို အကောင်းဆုံး အသုံးချခဲ့တာပဲ တွေ့ခဲ့တာပါ။ ဒါ့ဟာ ထိပ်တန်းအဆင့် ဂိုးပါ။ အစောကတည်းက သူဂိုးမရခဲ့တာဟာ အတော်လေး ကံမကောင်းလို့ ဖြစ်ပါတယ်။” လို့ ချီးကျူးခဲ့ပါတယ်။

ဂိုးမက်ဇ်ဟာ ကိုနာတေး ဒဏ်ရာရနေတာကြောင့် ဗဟိုခံစစ်ကို ၀င်ကစားခဲ့ပြီး ဗန်ဒိုက်နဲ့ အတွဲညီညီ ကစားကာ ဟာလန်းလို တိုက်စစ်မှုးကို အကောင်းဆုံး တားဆီးခဲ့ပြီး Man of the Match ပါ ရခဲ့ပါတယ်။

ကလော့က “သူဟာ ဘယ်လို ကစားသမားလဲ ဆိုတာ ပြသနိုင်ခဲ့တဲ့ အတွက် ဒါဟာ ဂျိုရေး (ဂိုးမက်ဇ်) အတွက် အရမ်းကောင်းပါတယ်။ တကယ့်ကို ထူးချွန်တဲ့ ကစားသမား ဖြစ်ပြီး နေရာစုံလည်း ကစားနိုင်ပါတယ်။ ဒီနေ့မှာတော့ သူဟာ တကယ့်ကို ကောင်းလွန်ခဲ့ပါတယ်။ ဗာဂျယ် ၊ နောက်တန်းအစွန်လူ နှစ်ဦးနဲ့အတူ ရင့်ကျက်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။

ဂျိုရေးဟာ ချီးကျူးမှုတွေနဲ့ တကယ် ထိုက်တန်ပါတယ်။ ဒါပေမယ့် ဒီပွဲမတိုင်မီ လူတွေက ‘အိုး…ဂျိမ်းမီနာ vs ဖီးလ်ဖိုဒန်ပဲ’ ဆိုပြီး တွေးနေကြမှာပါ။ မီနာ ဒီနေ့ ကစားသွားခဲ့တဲ့ ပုံစံဟာ တကယ့်ကို မယုံနိုင်စရာပါပဲ။ ဂျိုရေးလည်း ဒီအတိုင်းပါပဲ။

သူတို့ဟာ ညာခြမ်းမှာ အကောင်းဆုံး လုပ်ခဲ့ပြီး ရော်ဘို (ရောဘတ်ဆန်) ကလည်း top-class game ဖြစ်ခဲ့ပါတယ်။ ဗာဂျယ်လည်း ဒီအတိုင်းပါပဲ။ အလီကလည်း လိုအပ်တဲ့ အချိန် အသင့် ရှိနေခဲ့ပါတယ်။ ကျနော်တို့ရဲ့ ခံစစ်ကတော့ ဒီရာသီမှာ အကောင်းဆုံး game ကို ကစားခဲ့ပါတယ်။ ကျနော်တို့ ဒီလိုပဲ ခံစစ်ကို ကစားသွားရမှာပါ။” လို့ ဆိုသွားပါတယ်။

SM