ဘန်းဖိုဒ့် ရဲ့ ကန်ချက် ကို ဥ အနာခံပြီး ကာကွယ် ခဲ့ရတာ ဖြစ်ကြောင်း အရွှန်းဖောက် ပြောကြားလိုက်တဲ့ ရမ်စ်ဒေးလ်

ဂန်းနား ဂိုးသမား အာရွန် ရမ်စ်ဒေးလ် က လိဒ်ယူနိုက်တက် အသင်းကို ၀-၁ နဲ့ အနိုင် ရခဲ့တဲ့ ပွဲအပြီးမှာ အာဆင်နယ် အသင်း ရဲ့ ခံစစ် ကစားပုံကို ချီးကျူးပြောကြား လိုက်ပြီး သူ့ရဲ့အကောင်းဆုံး ကာကွယ်မှု အကြောင်း အရွှန်းဖောက် ပြောကြား သွားခဲ့ပါတယ် ။

အင်္ဂလန် လက်ရွေးစင် အာရွန် ရမ်စ်ဒေးလ် ဟာ လိဒ် နဲ့ ပွဲ ပထမပိုင်းမှာ ပါစကယ် ရဲ့ ကန်ချက် တစ်ကြိမ် ၊ ဒုတိယပိုင်းမှာ ဘန်းဖို့ဒ် နဲ့ တစ်ဦးချင်း အပိုင် ကန်သွင်းချက် ၂ ကြိမ် ၊ အာရွန်ဆန် ရဲ့ ကန်ချက် ၁ ကြိမ် ကို လက်စွမ်းပြ ကာကွယ် ခဲ့ပါတယ် ။ ရမ်စ်ဒေးလ် ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် အာဆင်နယ် အသင်း နိုင်ပွဲ ရခဲ့တာလို့လည်း ဆိုနိုင်ပါတယ် ။

ပွဲအပြီး အင်တာဗျူးမှာတော့ ရမ်စ်ဒေးလ် က ” ကျွန်တော်တို့ အသင်းတစ်သင်းလုံး ခံစစ် ကစားပုံ ထူးချွန် ပြောင်မြောက် ခဲ့ပါတယ် ။ လိဒ် အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားပြီး ၀-၁ နဲ့ အနိုင်ရဖို့ ဆိုတာက ခက်ခဲတဲ့ အလုပ် တစ််ခုပါ ၊ ကျွန်တော်တို့ ဒီနေ့ လုပ်နိုင် ခဲ့ပါတယ် ။ ”

” ဒါပေါ့ဗျာ ၊ ကျွန်တော်တို့ အပတ်တိုင်း ၃-၀ လောက်နဲ့ နိုင်ချင်တာပေါ့ဗျာ ၊ ဘောလုံးပေးပို့မှုတွေ နဲ့ အသာစီး ရယူပြီးတော့ပေါ့ ။ ဒါပေမယ့် ကျွန်တော်တို့ ဒီနေ့ မလုပ်နိုင်ခဲ့ပါဘူး ၊ ဒါပေမယ့် နိုင်ပွဲတော့ ရအောင် ယူနိုင် ခဲ့ပါတယ် ၊ ဒီနေ့ ကျွန်တော်တို့ duel တွေ မှာလည်း အသာ မရခဲ့ပါဘူး ၊ ဒါပေမယ့် ကျွန်တော်တို့ ခံစစ် ကနေ တိုက်စစ် ကစားသမားတွေ အားလုံး ဂိုးမပေးရအောင် ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ် ။ ”

ဆက်လက်ပြီး ရမ်စ်ဒေးလ် က လိဒ် နဲ့ ပွဲမှာ သူ့ရဲ့ အကောင်းဆုံး ကာကွယ်မှု က ဘာဖြစ်မလဲ ဆိုတဲ့ မေးခွန်းကို ” ဒီပွဲရဲ့ အကောင်းဆုံး ကာကွယ်မှုက ကျွန်တော့်ရဲ့ဥ ( ဝှေးစေ့ )တွေ နဲ့ ကာကွယ် ခဲ့တဲ့ အလုံး ဖြစ်မယ်လို့ ထင်ပါတယ် ။ အခု အချိန်အထိ ကျွန်တော့်ရဲ့ ဥတွေ နာနေဆဲပါပဲဗျာ ။ ”

” ဒီနေ့ ကျွန်တော် ကိုယ့်ကိုယ်ကို ကျေးဇူး တင်နေတာပါ ၊ ပြီးခဲ့တဲ့ ပွဲတွေတုန်းက ကျွန်တော် ဂိုးပေး ရတိုင်း ကိုယ့်ကိုယ်ကို အပြစ်တင် မိနေခဲ့တာပါ ၊ ပွဲပြီးတာနဲ့ ဒီဂိုးက ဘာကြောင့် ဝင်သွားတာလဲ ငါ ဘာမှားသွားတာလဲ ဆိုပြီး မေးခွန်းထုတ်မိနေတာပါ ၊ ဒီနေ့ အသင်းကို ကူညီ နိုင်ခဲ့တဲ့အတွက် ကျွန်တော် ခံစားရတာ အတော်လေး ကောင်းသွားပါပြီ ။ ”

” ဒီနေ့ပွဲမှာ ကျွန်တော်တို့ ကစားနေကြပုံစံအတိုင်း ခံစစ်တန်း ကို မြင့်ပီး ကစားခဲ့ပေမယ့် အရင်နေ့တွေကလို ကစား နိုင်ခဲ့ခြင်း မရှိပါဘူး ။ ဒါပေမယ့် အဝေးကွင်းမှာ လိဒ်လို အသင်းကို ၀-၁ နဲ့ အနိုင် ရခဲ့တာက ကျွန်တော်တို့ အတွက် ဝမ်းသာ ကြည်နူးစရာပါပဲ ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM