နယူးကာဆယ်နဲ့ သရေပွဲအပြီး ကွင်းလယ်ဒိုင် အပေါ် မှတ်ချက်ပေးဖို့ အမေးခံလိုက်ရတဲ့ အဲရစ် တန်ဟတ်

  မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ နယူးကာဆယ် ယူနိုက်တက် အသင််းကို ဧည့်ခံ ကစားခဲ့ရပြီး ပွဲကစားချိန် မိနစ် 90 အတွင််း နှစ်ဖက် အသင်းလုံး ဂိုး မသွင်းယူနိုင်ခဲ့ကြတဲ့ အတွက် သရေ ရလဒ် နဲ့သာ ကျေနပ် ခဲ့လိုက်ရပါတယ် ။ 

ဒီပွဲမှာတော့ နယူးကာဆယ် အသင်းရဲ့ တိုက်စစ်မှူး ကလမ် ဝီလ်ဆင် ကို ယူနိုက်တက် ခံစစ်မှူး ရာဖေးလ် ဗာရန်းက ဂိုး ဧရိိယာထဲ ပစ်ဒဏ် ကျူးလွန်ခဲ့သလို နယူးကာဆယ်ရဲ့ ကွင်းလယ်လူ ရှောင် လောင်းစတပ်ဖ် ကလည်း ဂိုးဧရိယာ ထဲမှာ ဂျေဒန် ဆန်ချို ကို ပြစ်ဒဏ် ကျူးလွန်ခဲ့ပါတယ် ။

ဒါပေမဲ့ ကွင်းလယ်ဒိုင် ခရိတ် ပေါဆွန် က အဆိုပါ အဖြစ််အပျက် နှစ်ခုလုံးကို ပင်နယ်တီ ၊ ပြစ်ဒဏ်ဘော အဖြစ် သတ်မှတ်ဖို့ ငြင်းဆန် သွားခဲ့လိုက် ပါတယ် ။ ဒါ့အပြင် ဒီပွဲမှာ ရော်နယ်ဒို ကလည်း နှစ်ဂိုး သွင်းယူခဲ့ပါသေးတယ် ။ ဒါပေမဲ့ တစ်ဂိုးက လူကျွံနေခဲ့ပါတယ် ။

ဒါ့အပြင် နောက်တစ်ဂိုးမှာတော့ နယူးကာဆယ် ခံစစ်မှူး ဖေဘီယန် ရှား က ဘောလုံးကို ဂိုးသမား နစ်ပုပ် ဆီ လှိမ့်ပေးခဲ့ရာက စတင်ခဲ့ပါတယ် ။ ဒီလို ဘောလုံး ပေးချိန်မှာ နစ်ပုပ် ရဲ့ အာရုံဟာ ကွင်းထဲ ရောက်နေခဲ့ပြီး ဒါကို အခွင့်အရေးယူကာ ရော်နယ်ဒို က ဂိုးသွင်းခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ကွင်းလယ်ဒိုင် ခရိတ် ပေါဆွန်က ဒါကို ဂိုးအဖြစ် မသတ်မှတ်ပေးခဲ့တဲ့ အပြင် ရော်နယ်ဒို ကိုပါ အဝါကဒ် ပြခဲ့လိုက်ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ အခြားသော အငြင်းပွားဖွယ်ရာ အဖြစ်အပျက်တွေ ဖြစ်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ခရိတ် ပေါဆွန် က လျစ်လျူရှုခဲ့ပါတယ် ။

အဆိုပါ ပွဲစဥ် အပြီးမှာတော့ ကွင်းလယ်ဒိုင် ခရိတ် ပေါဆွန်ရဲ့ ကွင်းအတွင်း ဆုံးဖြတ်ချက်တွေ အပေါ် မှတ်ချက်ပေးဖို့ အမေးခံလိုက်ရချိန်မှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က ထွေထွေထူးထူး ပြောမနေပဲ မှတ်ချက််ပေးဖို့ ငြင်းဆန်သွားခဲ့လိုက်ပါတယ် ။

” ကျွန်တော်ကတော့ ဘာမှတ်ချက်မှ ပေးသွားမှာ မဟုတ်ပါဘူး ။ ဒါကို လူတိုင်း မျက်မြင်ကိုယ်တွေ မြင်ခဲ့ကြတာပဲလေ ။ ကျွန်တော် ပြောခဲ့တဲ့ အတိုင်းပါပဲ ၊ ကျွန်တော်ဟာ ဒါတွေကို တရားဝင် တာဝန်ရှိသူတွေလောက်ကိုပဲ မျှဝေပေးသွားမှာပါ ”

” ဒီနေ့ ကွင်းထဲမှာ ဘာတွေ ဖြစ်ပျက်ခဲ့ရသလဲ ဆိုတာကို အားလုံး မြင်တွေ့ခဲ့ကြတယ်လေ ။ ဒီလို လူတိုင်း သိနေတဲ့ ကိစ္စ အပေါ် ကျွန်တော် ဘယ်လို မှတ်ချက်မျိုးမှ မပေးလိုပါဘူး ။ ကျွန်တော် ပြောခဲ့သလိုပါပဲ ၊ ကျွန်တော့်ရဲ့ အမြင်တွေကို သူတို့နဲ့ပဲ မျှဝေသွားမှာပါ ”

” ခင်ဗျားတို့လည်း ပွဲကြည့်ခဲ့ကြတာပဲလေ ။ ခင်ဗျားတို့ အနေနဲ့လည်း အသင်းတွေရဲ့ စွမ်းဆောင်ရည် ၊ ဒိုင်တွေရဲ့ စွမ်းဆောင်ရည်အပေါ် ကိုယ်တိုင် ချင့်ချိန် သုံးသပ်နိုင်မှာပါ ။ ဒါကို ကျွန်တော်ပြောမှ သိရမှာ မဟုတ်ပါဘူး ” လို့ အဲရစ် တန်ဟတ် က ပြောရင်း ပင်နယ်တီ မရခဲ့တဲ့ အပေါ်…

” ကျွန်တော့်ဖက်က ဒိုင်တွေရဲ့ စွမ်းဆောင်ရည် အပေါ် မှတ်ချက်ပေးဖို့ စကားလုံးတွေ ရှိမနေပါဘူး ” လို့ တန်ဟတ် က ထပ်ဆင့် ပြောကြား သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar