သူ့အတွက် ဘောလုံး သမိုင်းကြောင်းရဲ့ အဆုံးသတ် စွမ်းရည် အကောင်းဆုံး ကစားသမားက ဘယ်သူလဲဆိုတာကို ထုတ်ပြောလိုက်တဲ့ ပေါလ် မာဆင်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ တစ်ပါတ် တုန်းက အဲဗာတန် အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဥ်မှာ အသင်းအတွက် တစ်ဂိုး သွင်းယူခဲ့ပြီးနောက် ကလပ််အသင်း ကစားပေးခဲ့တဲ့ ကစားသမား ဘဝ သွင်းဂိုး 700 ပြည့်မြောက် သွားခဲ့ပါတယ် ။

တကယ်တော့ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ 24 ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ဒီရာသီမှာတော့ နည်းပြသစ် အဲရစ် တန်ဟတ် ရဲ့ လက်အောက်မှာ ပွဲထွက် ကစားခွင့်တွေ ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ် ။

သူဟာ ဒီရာသီ အရန်လူ အဖြစ်နဲ့သာ ကစားရတာ များခဲ့ပြီး ယူရို ပါလိဂ် ပွဲစဥ်တွေမှာပဲ ပွဲထွက် ကစားခွင့် ရရှိသူ ဖြစ်ခဲ့ရပါတယ် ။ အကျိုးဆက် တစ်ခု အဖြစ် ဒီရာသီ သူ့ရဲ့ သွင်းဂိုး အရေအတွက်ဟာ သိသိသာသာပဲ နည်းပါး သွားခဲ့ရပါတယ် ။

ဒီလို ဖြစ်လာရခြင်းရဲ့ အဓိက အကြောင်းအရင်းက ယူနိုက်တက် နည်းပြသစ် အဲရစ် တန်ဟတ် ဟာ အသင်းရဲ့ အထောင််တိုက်စစ်မှူး နေရာမှာ မာရှယ် ၊ ရပ်ရှ်ဖို့ တို့ရဲ့နောက် ရော်နယ်ဒို ကို တတိယ ဦးစားပေး တိုက်စစ်မှူး အဖြစ်သာ ထားရှိခဲ့လို့ပဲ ဖြစ်ပါတယ် ။

ရော်နယ်ဒို ဟာ ဒီရာသီ ယူနိုက်တက်အတွက် ယူရို ပါလိဂ် ပြိုင်ပွဲမှာ တစ်ဂိုး ၊ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ တစ်ဂိုးစီသာ သွင်းယူ ပေးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ အာဆင်နယ် ဂန္တဝင် ပေါလ် မာဆင် ကတော့ အဆုံးသတ် စွမ်းရည်ပိုင်းမှာ ရော်နယ်ဒို သာ ကမ္ဘာ့ အကောင်းဆုံး ဖြစ်ကြောင််း ပြောခဲ့လိုက်ပါတယ် ။

” သူ (ရော်နယ်ဒို) ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ဦးပါပဲ ။ ကျွန်တော့်အတွက်တော့.. ကျွန်တော့် အမြင်မှာ ရော်နယ်ဒို ဟာ ဘောလုံး သမိုင်းကြောင်းရဲ့ အဆုံးသတ်် စွမ်းရည် အကောင်းဆုံး ကစားသမားပါပဲ ။ သူ့ဆီမှာ သွင်းဂိုး 700 ရှိနေပါတယ် ”

” ကျွန်တော်ဆိုလိုတာက တနင်္ဂနွေ နံနက်ခင်း တစ်ခုမှာ ခင်ဗျားဟာ 700 မြောက် သွင်းဂိုး သွင်းယူနိုင်ခဲ့တယ်ဆိုရင် ဒါဟာ အရမ်းကို ထူးကဲတဲ့ စွမ်းရည် ပိုင်ဆိုင်ထားလို့ပါပဲ ။ တကယ်တမ်း မှာတော့ ဒါဟာ လုပ်ပြနိုင်ဖို့ မလွယ််ကူလွန်းတဲ့ အရာတစ်ခုပါပဲ ”

” သူကစားနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပုံစံကောင်း ပြသနိုင်ဖို့ တကယ့်ကို ခက်ခဲနေမှာပါပဲ ။ အခုလည်း သူဟာ အသင်းရဲ့ကစားပုံကြောင့် အခက်အခဲတွေ ကြုံတွေ့နေခဲ့ရတာပါ ။ ဘယ်လိုပဲ ဖြစ်ပါစေ ၊ ဒီဘဲကြီးက legend တစ်ဦးပါပဲ ” လို့ ပေါလ် မာဆင် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar