သမိုင်းဝင် ပွဲစဥ်မတိုင်မီ သူ့ရဲ့ စာချုပ်သက်တမ်းအပေါ် မှတ်ချက်ပေးလိုက်တဲ့ ဒီဂီယာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ က သူ့ရဲ့ အနာဂတ်ကို မန်ချက်စတာမှာပဲ ဆက်လက် မြှုပ်နှံလိုကြောင်း ၊ သူ့ရဲ့ စွမ်းဆောင်ရည် က စာချုပ် သက်တမ်း တိုးမြှင့်ခံရဖို့ လုံလောက်စွာ ကောင််းမွန်သေးကြောင်း ပြောခဲ့လိုက်ပါတယ် ။

ဒီဂီယာဟာ ဒီည ယူနိုက်တက်တို့ နယူးကာဆယ် အသင််းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဥ်မှာ ပွဲထွက်ကစားပေးခွင့် ရရှိသွားဖို့ ရှိနေပြီး ဒါဟာ သူ့ရဲ့ ယူနိုက်တက် ကစားသမား ဘဝ 500 မြောက် ပွဲစဥ် ဖြစ်သွားဖို့ ရှိနေပါတယ် ။ ဒါ့အပြင် သူဟာ ဒီလို မှတ်တမ်း ပိုင်ဆိုင်တဲ့ 11 ယောက်မြောက် ယူနိုက်တက်် ကစားသမား ဖြစ်သွားဖို့ ရှိနေပါတယ် ။

ဒီဂီယာဟာ ဒီရာသီမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပွဲစဥ်တိုင်း ပါဝင်ကစားပေးထားနိုင်ခဲ့ပြီး ဘရန့်ဖို့ဒ် နဲ့ ပွဲစဥ်မှာပဲ အမှား အနည်းငယ် ကျူးလွန်ခဲ့ပါတယ် ။ အဲ့ဒီနောက် သူဟာ ပွဲစဥ်တိုင်းနီးပါး အသင်းအတွက်် ပုံစံကောင်း ပြသထားနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ သူဟာ ဒီရာသီအကုန် အသင်းနဲ့ စာချုပ်သက်တမ််း ကုန်ဆုံးသွားဖို့ ရှိနေပါတယ် ။ ဒါပေမဲ့ သူဟာ အသင်းနဲ့ တစ်နှစ် စာချုပ် သက်တမ်း တိုးခွင့် ပိုင်ဆိုင်ထားဆဲပဲ ဖြစ်ပါတယ် ။ ဒါဟာ အသက်ဝင်လာမလားဆိုတာတော့ အခုထိ မသိရှိရသေးပါဘူး ။

အခုတော့ ယူနိုက်တက်မှာ တစ်ပါတ် ပေါင် 375,000 ရရှိနေတဲ့ ကစားသမားက သူဟာ အသင်းမှာ ပျော်ရွှင်နေဆဲပဲ ဖြစ်ကြောင်း ၊ အသင်းအတွက် အများကြီး ပေးဆပ်နိုင်စွမ််း ရှိနေဆဲ ဖြစ်ကြောင်း ၊ စာချုပ် သက်တမ်း တိုးမြှင့်ဖို့ အသင့်ရှိနေကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ဒါဟာ ကျွန်တော့်ရဲ့ အသင်း ဖြစ်ပြီး ကျွန်တော် ဒီမှာပဲ ပျော်ရွှင်နေပါတယ် ။ ကျွန်တော် ကောင်းကောင်း ကစားနိုင်ဆဲ ဖြစ်သလို ခံစားချက်တွေလည်း ကောင်းမွန်နေဆဲပါပဲ ။ ကျွန်တော် အသင်းအတွက် နှစ်တွေ အများကြီးပဲ ကစားနိုင်သေးတယ်လို့ ထင်မိပါတယ် ။ ယုံကြည်ချက်လည်း ရှိနေပါတယ် ”

” ဟုတ်ပါတယ် ။ ကျွန်တော် ဒီမှာ နောက်ထပ် နှစ်တွေ အများကြီိး ကစားပေးရင်း ပွဲ စံချိန်တွေ ၊ အခြားသော မှတ်တမ််းတွေ ပိုင်ဆိုင်လိုနေဆဲပါပဲ ။ ကျွန်တော့်ရဲ့ အတွေ့အကြုံံတွေနဲ့ လူငယ်တွေကို ကူညီပေးရင်း ဆုဖလားတွေကိုလည်း ဆွတ်ခူးချင်ပါသေးတယ် ”

” ကျွန်တော် ပွဲစဥ်တွေမှာရော ၊ လေ့ကျင့်ရေးကွင်းထဲမှာပါ ခံစားချက်တွေ ကောင်းမွန်နေခဲ့ရပါတယ် ။ ဟုတ်ပါတယ်် ၊ အတွေ့အကြုံတွေနဲ့ အတူ ကျွန်တော့် ခံစားချက်တွေရော အရမ်းကို ကောင်းမွန်နေခဲ့ရပါတယ် ။ ဒါဟာ ကျွန်တော့်ရဲ့ အကောင်းဆုံး အခိုက်အတန့်ပဲလို့ ထင်မိပါတယ် ”

” ကျွန်တော့် ခံစားချက်တွေ ကောင်းနေပြီး နောက်ထပ် နှစ်တွေ အများကြီး ကစားပေးချင်ပါတယ် ။ အရေး အကြီိးဆုံး အချက်ကတော့ ဖလားတွေရအောင် ကြိုးစားရင််း ကျွန်တော် နေ့စဥ်လုပ်သလို အသင်းကို ကူညီပေးနိုင်ရေးပါပဲ ” လို့ ဒီဂီယာ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar