ယူနိုက်တက်တို့ နိုင်ပွဲမှတ်တမ်း ရပ်တန့်သွားခဲ့ရတဲ့ အိုးလ် ထရပ်ဖို့ဒ်က သရေပွဲမှာ ဘယ်သူတွေကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ….

ပြီးခဲ့တဲ့ 10 ရက်တာ အချိန်ကာလ အတွင်းမှာ 3 ပွဲဆက် နိုင်ပွဲ ရယူထားနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ဒီနေ့ညမှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ နယူးကာဆယ် အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး 0 – 0 ဆိုတဲ့ ဂိုးမရှိ သရေ ရလဒ်သာ ရယူသွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ အစောပိုင်း မိနစ်မှာ နယူးကာဆယ် ဖက်က ကန်ချက်နှစ်ချက် ဂိုးတိုင် ထိမှန်ခဲ့တာက ယူနိုက်တက်တို့ကို ကံကောင်းစေခဲ့ပါတယ် ။ ဒါပေမဲ့ ရော်နယ်ဒို သွင်းယူခဲဲ့တဲ့ ဂိုးက လူကျွံဘော ဖြစ်ခဲ့ရတဲ့ အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ် ။

ဒါ့အပြင် နယူးကာဆယ် အသင်းဖက်မှ လူထိတိုင်း ပြစ််ဒဏ်ဘော ရရှိခြင်း ၊ ယူနိုက်တက် ကစားသမားတွေ ပြစ်ဒဏ်် ကျူးလွန်ခံခဲ့ရတာ အချို့ကို ကွင်းလယ်ဒိုင်မှ လျစ််လျူရှုခဲ့ခြင်းတွေက ပရိသတ်တွေကို စိတ်မသက်မသာ ဖြစ်စေခဲ့ရပါတယ် ။

နှစ်ဖက် ဂိုးသမားတွေ အလုပ် အများကြီး မရှုပ်ခဲ့ကြရတဲ့ အဆိုပါ ပွဲစဥ်မှာ ယူနိုက်တက် အသင်းဖက်က ဘယ်သူတွေ ကောင်းပြီး ဘယ်သူတွေ ညံ့ဖျင်းခဲ့ကြ သလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (5)

ယူနိုက်တက် အတွက် ပွဲ 500 ပြည့်မြောက်တဲ့ ပွဲစဥ်မှာ ဒီဂီယာ ရဲ့ ဘောလုံး ဖြန့်ဝေမှုတွေက ပွဲ 600 ပြည့်မီအောင် ကစားခွင့် ရတော့မှာ မဟုတ်ဘူးဆိုတာကို အတည်ပြုပေးခဲ့ပါတယ် ။

ဒါးလော့ (6)

ပွဲစဥ်တိုင်း ကစားခွင့် ရရှိခဲ့တဲ့ ကစားသမားဟာ ဒါနဲ့ မထိုက်တန်ဘူး ဆိုတာကို ပြသခဲ့ပါတယ် ။ ကွင်းအတွင်း လှုပ်ရှားမှု လေးလံနေခဲ့ပြီး ဂိုးပေါက်ကန်ခွင့် ရရှိရဲ့သားနဲ့ ဖရက်ဒ် ဆီ ပေးပို့ခဲ့ပါတယ် ။ ဒုတိယပိုင်း ကစားပုံ ပိုပြီး ​ကောင်းမွန်ခဲ့ပါတယ် ။

ဗာရန်း (7)

အသင်းအတွက် ပြန်လည် ကစားပေးခွင့် ရရှိတာနဲ့ တည်ငြိမ််တဲ့ ခံစစ် ကစားဟန်ကို ပြသရင်း ခံစစ်ပိုင်း တာဝန် ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ခဲ့ပါတယ် ။

မာတီနက်ဇ် (6)

ပထမပိုင်းအတွင်းမှာ ကောင်းမွန်တဲ့ ကစားဟန်ကို ပြသနိုင်ခဲ့ပေမဲ့ သူ့ရဲ့ ဘောလုံး ပေးပို့မှု အရည်အသွေးတွေက သာမာန်မျှသာ ဖြစ်ခဲ့ရပါတယ် ။

လုခ်ရှော (5)

ကြိုးကြိုးစားစား ကစားခဲ့ပေမဲ့ ခံစစ်ပိုင်းမှာ နေရာလွတ်တွေ ဖြစ်စေနိုင်ခဲ့သလို တိုက်စစ် တက်ရောက် ကစားရာမှာလည်း ထူးကဲတဲ့ ပေးပို့မှုတွေ မလုပ်နိုင်ခဲ့ပါဘူး ။

ကာစီမီရို (6)

မှန်ကန်တဲ့ လုယူမှု ၊ ဖြတ်တောက်မှုတွေ လုပ်ဆောင်နိုင်ခဲ့ပေမဲ့ ကစားဟန် မြန်ဆန်သွက်လက်မှု မရှိခဲ့ပါဘူး ။ ရပ်ရှ်ဖို့ အတွက် အခွင့်ကောင်း ဖန်တီးပေးခဲ့ပါတယ် ။

ဖရက်ဒ် (4)

ပထမပိုင်း ကတည်းက လူစားလဲခံခဲ့သင့်တဲ့ ကစားသမားမျိိုး ဖြစ်ခဲ့သင့်ပါတယ် ။ ဒုတိယပိုင်းမှာ ပိုကောင်းခဲ့ပေမဲ့ အခွင့်အရေး ဖြုန်းတီးခဲ့သလို ပေးပို့မှုတွေလည်း အားရစရာ မရှိခဲ့ပါဘူး ။

အန်တိုနီ (5)

ကစားပုံ အသင့်အတင့်ကောင်းမွန်ခဲ့ပေမဲ့ ပြိုင်ဖက်ခံစစ် ကစားသမား ဖြစ်တဲ့ ဒန် ဘန်း ကို ကျော်ဖြတ်ဖို့ လုံလောက််တဲ့ လျင်မြန်သွက်လက်မှု ကင်းမဲ့ခဲ့ပါတယ် ။

ဘရူနို (4)

ကွင်းလယ် ခံစစ် ကစားသမားတွေကို မကူညီပေးနိုင်ခဲ့သလို တိုက်စစ် ကစားသမားတွေ အတွက်လည်း ထူးကဲတဲ့ ပေးပို့မှု မလုပ်ပြနိုင်ခဲ့ပါဘူး ။ အဝါကဒ် ပြသခံခဲ့ရပါတယ် ။

ဆန်ချို (5)

ပွဲစဥ်ကို အားအင်အပြည့်နဲ့ စတင်နိုင်ခဲ့ပေမဲ့ ကီရန် ထရစ်ပီးယားကို ကျော်ဖြတ် ပြနိုင်ဖို့ အခက်တွေ့ခဲ့ရပါတယ် ။ သူ့ကြောင့် ပင်နယ်တီ ရရှိခဲ့သင့်ပေမဲ့ လျစ်လျူရှုခံခဲ့ရပါတယ် ။

ရော်နယ်ဒို (4)

ကွင်းလယ် မကြာခန ဆင်းပေးခဲ့တဲ့ အတွက် တိုက်စစ်ဆင်ချိန် လူကျွံခဲ့တာတွေ ရှိခဲ့ပါတယ် ။ တစ်ဂိုး ကတော့ လူကျွံလို့ ပယ်ဖျက်ခံရပြီး နောက်တစ်ဂိုးကတော့ အငြင််းပွားဖွယ်ရာ ဖြစ်ခဲ့ရပါတယ် ။

လူစားဝင် ကစားသမား..

ရပ်ရှ်ဖို့ (5)

#Sports_Myanmar