အာဆင်နယ် အသင်းဟာ Title Challenger ဖြစ်နေပြီလို့ ဆိုလိုက်ပြီး အာတေတာ ကို ချီးကျူးစကားတွေ ဆိုသွားခဲ့တဲ့ ဒီဘရိုင်းနား

မန်စီးတီး အသင်း ရဲ့ ကွင်းလယ် ဖန်တီးရှင် ကယ်ဗင် ဒီဘရိုင်းနား က အာဆင်နယ် အသင်း ဒီရာသီ ရလဒ်ကောင်းတွေ ရနေတဲ့ အပေါ် အံ့အားမသင့်မိကြောင်း ဆိုလိုက်ပြီး ချန်ပီယံ ပြိုင်ဘက် အသင်း အဖြစ် သတ်မှတ်ထားတယ်လို့ ပြောကြား လိုက်ပါတယ် ။

ဒါ့အပြင် ဒီဘရိုင်းနား က အာဆင်နယ် နည်းပြ အာတေတာ ကိုလည်း ချီးကျူး ပြောဆိုမှုတွေ ပြုလုပ် သွားခဲ့ပါတယ် ။ အာတေတာ ဟာ အရင်တုန်းက မန်စီးတီး အသင်း ရဲ့ လက်ထောက် နည်းပြ အဖြစ် ၃ နှစ်ကြာ လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်တာကြောင့် ဒီဘရိုင်းနား ဟာ စပိန်လူမျိုး နည်းပြ ရဲ့အလားအလာကို ကောင်းကောင်း သိနေခဲ့တာ ဖြစ်ပါတယ် ။

ဘယ်ဂျီယံ ကြယ်ပွင့် ဒီဘရိုင်းနား က Sky Sports မှာ အာဆင်နယ် အသင်း ရဲ့ ဒီရာသီ စွမ်းဆောင်မှုကို အံ့အား သင့်မိသလား ဆိုတဲ့ မေးခွန်း ကို ” မအံ့ဩမိပါဘူး ၊ သူတို့ရဲ့ ကစားပုံက ကျွန်တော်တို့ အသင်း ရဲ့ကစားပုံ နဲ့ အတော်လေး ဆင်တူမှု ရှိပါတယ် ၊ ဒါပေမယ့် ဒါကိုက အာတေတာ ရဲ့စတိုင်ပါပဲ ။ ”

” အာတေတာ ကျွန်တော်တို့ အသင်းမှာ ရှိနေတဲ့ ၃ နှစ်ဆိုတဲ့ အချိန်ကာလလေး အတွင်းမှာ အသင်းက တိုးတက်မှုတွေ အများကြီး ဖြစ်ပေါ် ခဲ့ပါတယ် ။နောက်တော့ သူ အသင်းကနေ ထွက်ခွာ သွားခဲ့ပါတယ် ၊အစပိုင်းမှာတော့ သူ အာဆင်နယ် အသင်းနဲ့ အထိုင်ကျအောင် အချိန်ယူခဲ့ရပါတယ် ။”

” ဒါပေမယ့် အချိန်ကြာလာတာနဲ့ အမျှ သူ လုပ်ဆောင်ရမယ့်အရာတွေကို ပိုပြီး ပိုင်နိုင်စွာ လုပ်လာ နိုင်ပါတယ် ။ သူ့မှာ ရည်မှန်းချက်တွေ အများကြီး ရှိတယ်ဆိုတာလည်း ကျွန်တော်တို့ အားလုံး သိပါတယ် ၊ ရလာတဲ့ အခွင့်အရေးကို သူက အမိအရ ဆုပ်ကိုင်မယ့် သူမျိုးပါ ။ ”

” သူ ကောင်းကောင်း စွမ်းဆောင်ပြနိုင်နေတာကို မြင်ရတာ ဝမ်းသာပါတယ် ၊ ခင်ဗျား အနေနဲ့လည်း သူတစ်ပါး ကောင်းကောင်း စွမ်းဆောင်ပြနိုင်တာကိုပဲ မြင်ချင်မှာပါ ။ အာဆင်နယ် က Title Challenger ဖြစ်နေပါပြီ ၊ သူတို့ ကစားနေတာ အတော်လေး ကောင်းပါတယ် ၊ သူတို့ရဲ့တိုးတက်လာမှု အတွက်လည်း ဝမ်းသာပါတယ် ။ ”

” သူတို့ ကျွန်တော်တို့ အသင်းလောက် မကောင်းဖို့တော့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ဒီတစ်ပတ်မှာ လိဒ်ယူနိုက်တက် အသင်း နဲ့ ကစားရမှာ ဖြစ်ပြီး မန်စီးတီး အသင်းကတော့ လီဗာပူး အသင်း နဲ့ ကစားရမှာ ဖြစ်ပါတယ် ။

SM