လီဗာပူးစတားဟာ ဒီရာသီမှာ ဆာလားကို ဒုက္ခပေးနေတယ်လို့ ဆိုလိုက်တဲ့ အန်နရီကေး

The Reds ဘယ်နောက်ခံလူဟောင်း ဟိုဆေးအန်နရီကေးက လီဗာပူးကို ဒါ၀င်နူးနက် ရောက်လာခြင်းဟာ မိုဟာမက်ဆာလားကို သတ်နေသလို ဖြစ်နေတယ်လို့ ဆိုလိုက်ပြီး အီဂျစ်စတားဟာ ဥရုဂွေး လက်ရွေးစင်ကြောင့် ဂိုးတွေ သွင်းယူနိုင်ရန် ရုန်းကန် နေခဲ့ရတယ်လို့ ယုံကြည်နေပါတယ်။ ဆာလားဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရိန်းဂျားကို ၇-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အရန်ခုံကနေ ထလာကာ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် အလျှင်မြန်ဆုံး ဟက်ထရစ်ဂိုးကို သွင်းယူခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆာလား ဟာ အဆိုပါ ပွဲစဉ် မတိုင်မီ ပုံမှန် ခြေစွမ်းအောက်ကို ရောက်နေခဲ့ပြီး အထူးသဖြင့် ပရီးမီးယားလိဂ်မှာ ရုန်းကန်နေခဲ့ရပါတယ်။ လီဗာပူး ကလည်း ပြည်တွင်းပြိုင်ပွဲမှာ ရုန်းကန်နေရပြီး ဆာလားကလည်း ပရီးမီးယားလိဂ်မှာ ၈ ပွဲကစားပြီး သွင်းဂိုး ၂ ဂိုးသာ ရရှိထားခဲ့ကာ ဒါဟာ လက်ရှိ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင် အတွက် ပုံမှန်အောက်ကို ရောက်နေတဲ့ စွမ်းဆောင်ရည် ဖြစ်ပါတယ်။

အန်နရီကေး ကတော့ ဒါဟာ ပြီးခဲ့တဲ့ နွေရာသီ နူးနက်ကို ဘင်ဖီကာမှ ခေါ်ယူခြင်းနဲ့ တစ်စိတ်တစ်ပိုင်း သက်ဆိုင်နေတယ်လို့ ယုံကြည်နေပြီး ယာဂန်ကလော့ဟာ ဒါ၀င်နူးနက်ကြောင့် ဆာလားကို တောင်ပံထုတ် ကစားခဲ့ကာ ဒါဟာ အီဂျစ်စတားကို ဂိုးရှေ့မှာ သက်ရောက်မှု နည်းပါးစေခဲ့တယ်လို့ ပြောလိုက်ပါတယ်။

အန်နရီကေးက “မိုဆာလား အနေနဲ့ ရိန်းဂျားနဲ့ ပွဲက ဟက်ထရစ်ကို အသုံးချကာ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်လည် ရောက်ရှိအောင် လုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော့်ရဲ့ အမြင်အရ လီဗာပူးရဲ့ တောင်ပံ တိုက်စစ် ကစားသမားတွေဟာ များသောအားဖြင့် အတွင်းကို ၀င်ကာ တိုက်စစ်မှုးတွေ ပုံစံမျိုး ကစားခဲ့ရတာ ဖြစ်ပြီး ဆာလားဟာ ရိန်းဂျားနဲ့ပွဲမှာ တိုက်စစ်မှုး အနေနဲ့ ကစားခဲ့ရပါတယ်။

ဒါပေမယ့် ဒီရာသီမှာ ဒါ၀င်နူးနက် ရောက်လာခြင်းကြောင့် လီဗာပူး နည်းပြအဖွဲ့ဟာ အပြောင်းအလဲ အနည်းငယ် ပြုလုပ်ခဲ့ပါတယ်။ နူးနက်ဟာ space တွေကို ပြေးလွှားတဲ့ တိုက်စစ်မှုးမျိုး ဖြစ်ပြီး ပြိုင်ဘက်ရဲ့ ခံစစ်ကို ပိုပြီး open ဖြစ်စေရန် တောင်ပံ ကစားသမားတွေ လိုအပ်ပါတယ်။ လူး၀စ်ဒီယက်ဟာ တောင်ပံ ကစားသမား စစ်စစ် ဖြစ်နေတာကြောင့် သူ့အတွက် ပြသနာ မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီနည်းစနစ်ဟာ ဆာလားကိုတော့ သတ်နေပါတယ်။

ယုံကြည်မှု အတွက် ဆာလား အတွက် သွင်းဂိုးတွေ လိုအပ်ပါတယ်။ မန်စီးတီးနဲ့ ပွဲမှာ သူ ဘာလုပ်သွားမလဲဆိုတာ ကျွန်တော် သေချာမသိပါဘူး။ ဘာလို့လဲဆိုတော့ သူသာ တောင်ပံမှာထက် central role မှာ ကစားရမယ်ဆိုရင် ခြားနားမှုတွေ ပြုလုပ်ကာ ဂိုးတွေ ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးဟာ ကြီးမားတဲ့ ခြေလှမ်းတစ်ခုပါ။ ဆာလားကို central role မှာ ကစားခွင့် ပေးရမှာ ဖြစ်ပြီး လက်ရှိ ကစားနေရတဲ့ winger role က သူ့အတွက် အဆင်မပြေပါဘူး။” လို့ သုံးသပ်သွားပါတယ်။

လီဗာပူးဟာ လာမည့် တနင်္ဂနွေနေ့မှာ ကြီးမားတဲ့ စမ်းသပ်မှု အဖြစ် လက်ရှိ ချန်ပီယံ မန်စီးတီးကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ်။

SM