ယူနိုက်တက် အတွက် ပွဲထွက်ခွင့်ရဖို့ အာမခံချက်ရှိသူ လေးဦးသာရှိကြောင်း ပြောလိုက်တဲ့ အိုဝင် ဟားဂရေ့ဗ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူဟောင်း တစ်ဦးဖြစ်သူ အိုဝင် ဟားဂရေ့ဗ် က အဲရစ် တန်ဟတ် ရဲ့ လက်အောက်မှာ ပုံမှန် ပွဲထွက် ကစားခွင့် ရရှိနိုင်တဲ့ ကစားသမား 4 ဦးမျှသာ ရှိကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

လက်ရှိအချိန် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂိုးပေါက်် အရှေ့မှာတော့ ဒေးဗစ် ဒီဂီယာ ကပဲ ပထမ ဦိးစားပေးအဖြစ်နဲ့ ရှိနေခဲ့ရပါတယ် ။ သူဟာ ယူနိုက်တက် အတွက်် ပရီးမီးယားလိဂ် မှာသာမက ယူရို ပါလိဂ် ပြိုင်ပွဲမှာလည််း ဦးစားပေး ပွဲထွက်ခွင့် ရရှိနေခဲ့ပါတယ် ။

ဒါပေမဲ့ သူ့ရဲ့ အနာဂတ် ဘယ်မှာ ရှိမလဲ ဆိုတာကတော့ မသေချာ မရေရာ ဖြစ်နေခဲ့ရပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ အသင်းနဲ့ ရာသီကုန် အထိသာ စာချုပ် သက်တမ်း ရှိနေတော့တဲ့ ကစားသမားဟာ စာချုပ် သက်တမ်း မတိုးသေးလို့ပါပဲ ။ ဒါပေမဲ့ သူဟာ အခုထိ ယူနိုက်တက်ရဲ့ နံပါတ််တစ်ပါပဲ ။

အခြားတစ်ဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ ညာ ခံစစ် နေရာမှာ ဒီယိုဂို ဒါးလော့က နေရာတစ်ခု အပိုင်သိမ်းထားနိုင်ခဲ့ပါတယ် ။ သူဟာလည်း ဒီဂီယာ နည်းတူ ဒီရာသီ ယူနိုက်တက် အတွက် ပွဲစဥ်တိုင်းနီးပါး ကစားပေးခွင့် ရရှိထားခဲ့ပါတယ် ။

ဒါ့ကြောင့် အိုဝင် ဟားဂရေ့ဗ် က ယူနိုက်တက် အတွက် ပုံမှန် ကစားခွင့် ရရှိနိုင်မယ့် ကစားသမား လေးဦး စာရင်းထဲ ဒီဂီယာ နဲ့ ဒါးလော့ တို့ကို ထည့်သွင်းခဲ့တာပဲ ဖြစ်ပါတယ်် ။ အဲ့ဒီနောက် နွေတုန်းက ခေါ်ယူခဲ့တဲ့ ဗဟို နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ကိုလည်း ဆက်လက် ရွေးခဲ့လိုက််ပါတယ် ။

လီဆန်ဒရို မာတီနက်ဇ် က မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွားယား ၊ ဗစ်တာ လင်ဒီလော့ဖ် နဲ့ အဲရစ် ဘိုင်လီ တို့ကို ကျော်ဖြတ်ပြီး ပွဲထွက်ခွင့် ရရှိခဲ့သူပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် အိုဝင် ဟားဂရေ့ဗ် က ဘရူနို ဖာနန်ဒက်စ် ကို ရွေးချယ်လိုက်ပါတယ် ။

တကယ်တော့ ဒီနှစ် ဘောလုံး ရာသီမှာ ဘရူနို ဖာနန်ဒက်စ် ထက် ခရစ္စတီယံ အဲရစ်ဆင် က ပိုပြီး အကျိုးပြုပေးနိုင််ခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ဟားဂရေ့ဗ် က သူ့ထက် ဘရူနို ကိုပဲ ဦးစားပေး အဖြစ်နဲ့ ရွေးချယ်ခဲ့လိုက်ပါတယ် ။

” အဲဗာတန်နဲ့ ပွဲစဥ်မှာ လုခ်ရှော စတင်ကစားခွင့် ရရှိခဲ့ပါတယ် ။ လင်ဒီလော့ဖ် နဲ့ ကာစီမီရို တို့ရောပေါ့ ။ ရှောက ပွဲထွက်ခွင့်တွေ ရဖို့ ကြိုးစားရဦးမယ့်သူပါပဲ ။ ဒါ့ကြောင့် မဖြစ်မနေ ပွဲထွက်ခွင့် ရမယ့် ကစားသမား အကြောင်းကို ပြောဆိုရင် ခင်ဗျားတို့ ဒီဂီယာ ၊ ဒါးလော့ ၊ မာတီနက်ဇ် နဲ့ ဘရူနို တို့ကို ရွေးကြမှာပါပဲ ”

” အဲရစ်ဆင်လည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့ ။ သူတို့က အသင်းကြီး တစ်သင်း ပိုင်ဆိုင်ထားကြတာပါ ။ ဒါကို သေချာ နားလည်ဖို့ တန်ဟတ် အချိန်ယူရပါဦးမယ် ။ သူဟာ အလုပ်တွေ အကောင်းဆုံး လုပ်ပြနေခဲ့ပါတယ် ” လို့ ဟားဂရေ့ဗ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar