အိုမိုနီယားနဲ့ နိုင်ပွဲအပြီး အသင်းဟာ ဘယ်နေရာမှာ တိုးတက််ဖို့ လိုနေသေးလဲဆိုတာ ပြောပြရင်း ဖရန်စစ် ကို ချီိးကျူးလိုက်တဲ့ ဒီဂီယာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နံပါတ် တစ် ဂိုး သမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ ကတော့ ဒီရာသီ ပွဲစဥ်တွေ အနိုင် ကစားနိုင်ဖို့ အတွက် အဆုံးသတ် စွမ်းရည်ပိုင်းမှာ ဆက်လက် တိုးတက်ဖို့ လိုအပ်သေးကြောင်း ထုတ်ပြော သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာပဲ ယူရို ပါလိဂ် အုပ်စု အဆင့် ပွဲစဥ် 4 အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဆိုက်ပရက်အခြေစိုက် အိုမိုနီးယား နီကိုဆီးယား အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး 1 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ သွားနိုင်ခဲ့ ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက်တို့ ပွဲစဥ်ကို အပြတ်အသတ် အသာစီိး ရယူပြီး ကစားနိုင်ခဲ့ကြ ပါတယ် ။ ဒါအပြင် အခွင့်အရေးတွေလည်း ဖန်တီးထားနိုင်ခဲ့သလို ဂိုးပေါက်လည်း 34 ကြိမ် အထိ ကန်သွင်းခွင့် ပိုင်ဆိုင်ထားခဲ့ကြပါသေးတယ် ။

ဒါပေမဲ့ ပြိုင်ဖက် ဂိုးသမားရဲ့ လက်စွမ်းကောင်း ပြသမှု ၊ ဂိုးကံခေမှု ၊ အဆုံးသတ် မသေချာမှုတွေကြောင့် ယူနိုက်တက်တို့ ဂိုးရဖို့ အသည်းအသန် ကြိုးစားခဲ့ရပါတယ် ။ ဒါပေမဲဲ့ ပွဲချိန် 93 မိနစ်မှာ မက် တော်မီနေးက ဂိုးသွင်းယူနိုင်ခဲ့တဲ့ အတွက် ယူနိုက်တက်တို့ နိုင်ပွဲရခဲ့ကြပါတယ် ။

 

အခုတော့ ယူနိုက်တက် နံပါတ်တစ် ဂိုးသမားဖြစ်သူ ဒေးဗစ် ဒီဂီယာ က အသင်း အနေနဲ့ အခုထက် ပိုပြီး အဆုံးသတ်် ကောင်းမွန်ခဲ့သင့်ကြောင်း ၊ ဒီပွဲမှာ 3 – 0 ၊ 4 – 0 ဆိုတဲ့ ရလဒ်မျိုး နဲ့ အနိုင် ရရှိခဲ့သင့်ကြောင်း ပြောကြား သွားခဲ့လိုက်ပါတယ် ။

” ဒီနေ့ပွဲမှာ ကျွန်တော်တို့ အခုထက်ပိုပြီးအဆုံးသတ်ပိုင်း ပိုမို ကောင်းမွန်ခဲ့သင့်တယ်လို့ ထင်မိပါတယ် ။ အဆုံးသတ််မှာတော့ ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ကြရပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ အရှုံးမပေးခဲ့ကြပါဘူး ။ ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင်ခဲ့ကြပါတယ် ”

” ဒါဟာ စကော့တီ (မက် တော်မီနေး) ဆီက တကယ့်ကို ကောင်းမွန်တဲ့ သွင်းဂိုး တစ်ဂိုး ဖြစ်သွားခဲ့ရပါတယ် ။ ဒါဟာ ကျွန်တော်တို့ကို သုံးမှတ် ရရှိစေခဲ့တယ်လေ ။ ကျွန််တော်တို့ဟာ အုပ်စုဗိုလ် ဖြစ်လိုသူတွေ ဖြစ်တာကြောင့် ဒီဂီုးက တကယ့်ကို အရေးကြီးခဲ့ပါတယ် ”

” သူ (ပြိုင်ဖက် ဂိုးသမား) က အံ့ဖွယ် ပွဲစဥ်တစ်ပွဲ ဖြစ်စေနိုင်ခဲ့တယ်လို့ ထင်မိပါတယ် ။ သူဟာ 8 ကြိမ် ၊ 10 ကြိမ်လောက် ကောင်းကောင်း ကာကွယ်ပြနိုင်ခဲ့ပါတယ် ။ သူဟာ အသင်းဖော်တွေကို ပွဲစဥ်ထဲ ဆက်လက် ရှိစေနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အဆုံးသတ်မှာ ကျွန်တော်တို့ ဂိုးသွင်းနိုင်ခဲ့ကြပါတယ် ”

” ဘယ်လိုပဲ ဖြစ်ပါစေ ဖရန်စစ် (အိုမိုနီးယား ဂိုးသမား) ကတော့ တကယ့်ကို ခမ််းနားတဲ့ ပွဲစဥ် တစ်ပွဲကို ပိုင်ဆိုင်ခဲ့ရတာ​တော့ အမှန်ပါပဲ ။ သူဟာ စပိန်လာလီဂါမှာ ကစားခဲ့ဖူးသူပါ ။ ဒါ့ကြောင့် ဒီလိုပွဲ ဖြစ်စေနိုင်ခဲ့တဲ့ သူ့ကို ဂုဏ်ပြုပါတယ် ” လို့ ဒီဂီယာ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar