ဟာလန်းကို ထိန်းချုပ်နိုင်ဖို့အတွက် လီဗာပူးတို့ ကြုံတွေ့နေရတဲ့ ပြသနာတွေကို ထုတ်ဖော်သွားခဲ့တဲ့ ယာဂန်ကလော့

ယာဂန်ကလော့က လာမည့် တနင်္ဂနွေနေ့ မန်ချက်စတာစီးတီးနဲ့ ကစားရမယ့် ပွဲစဉ်မှာ အကောင်းဆုံး ဂိုးသွင်းစွမ်းရည်ကို ပြသနေတဲ့ အာလင်းဟာလန်းကို ထိန်းချုပ်နိုင်ဖို့အတွက် သူ့ရဲ့ လီဗာပူး အသင်း ရင်ဆိုင်နေရတဲ့ အခက်အခဲတွေပြသနာတွေကို ထုတ်ဖော်သွားခဲ့ပါတယ်။ မနှစ်က ပရီးမီးယားလိဂ်မှာ ဒုတိယ ရခဲ့တဲ့ လီဗာပူး အသင်းဟာ ဒီတစ်ပတ် အန်ဖီးမှာ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ပက်ဂွာဒီယိုလာရဲ့ အသင်းမှာ လက်နက်သစ် ဟာလန်းကလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ဒေါ့မွန်ကနေ မန်စီးတီးကို ပြောင်းလာခဲ့တဲ့ ဟာလန်းဟာ အီတီဟတ်မှာ အကောင်းဆုံး ဂိုးသွင်းစွမ်းရည်ကို ပြသနေကာ ပရီးမီးယားလိဂ်မှာ ၉ ပွဲကစား ၁၅ ဂိုး သွင်းယူထားခဲ့ပြီး ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ဂိုး ၂၀ ထိ သွင်းထားခဲ့ပါတယ်။ လီဗာပူးကလည်း ဒီရာသီမှာ အတော်လေး ရုန်းကန်နေရကာပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၂ ပွဲသာ နိုင်ပွဲရသေးပြီး အဆင့် ၁၀ နေရာ ရောက်နေသလို ပေးဂိုးကလည်း ၁၂ ဂိုး ရှိထားတာကြောင့် ဟာလန်းနဲ့ ရင်ဆိုင်ရမယ့် အရေးဟာ တကယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။

ယ‌နေ့ မန်စီးတီးနဲ့ ပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကလော့က “ဒီရာသီမှာ ပြိုင်ဘက်ကို ဦးဆောင်ဂိုးတွေ ပေးနေရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ ကျွန်တော်တို့ အနေနဲ့ မှားယွင်းတဲ့ အခိုက်အတန့်တွေမှာ ဘောလုံးတွေ ပျက်နေလို့ ဖြစ်ပါတယ်။ ခင်ဗျားတို့ သိကြတဲ့အတိုင်းပဲ ကျနော်တို့ အနေနဲ့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှုးလို့ ဆိုရမယ့် သူနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ သူ့ဆီကို ဘောလုံးတွေ သိပ်ပြီး များများစားစား မရောက်အောင် သေချာ လုပ်သွားရမှာ ဖြစ်ပါတယ်။

ကျနော်တို့ ဒီလို ဖြစ်အောင် ကြိုးစားသွားမှာပါ။ ဒါပေမယ့် မန်စီးတီးနဲ့ ရင်ဆိုင် ကစားရတဲ့ အခါမှာ အခု ပြိုင်ဘက်တွေ ကြုံနေရတဲ့ ပြသနာကတော့ အကယ်၍ ကိုယ်က ဟာလန်းကို ကစားသမား အများအပြားနဲ့ ပိတ်ဆို့ဖို့ ကြိုးစားတဲ့ အခါမှာ အခြား ကမ္ဘာ့အဆင့် ကစားသမားတွေ အတွက် နေရာလွတ်တွေ ဖွင့်ပေးလိုက်သလို ဖြစ်သွားမှာပါ။ ဒါကြောင့် သူတို့နဲ့ ရင်ဆိုင်ရတာက လွယ်ကူမှုတော့ မရှိပါဘူး။ ဒါဟာ စိန်ခေါ်မှုပါ။ ဒါဟာ ဘောလုံးနဲ့ ပက်သက်တဲ့ ပြသနာ ဖြစ်ပါတယ်။ ကျနော်တို့ ဖြေရှင်းချက်ကို ရှာဖွေဖို့ ကြိုးစားသွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။

ဟာလန်းနဲ့ ပက်သက်ပြီး ကလော့က “ကျနော်တို့ သူ့ကို ဆဲဘတ်မှာ ကစားစဉ်က စောင့်ကြည့် ဖြစ်ခဲ့ပါတယ်။ သူဟာ အဲဒီမှာတုန်းက တအားကို ငယ်သေးပါတယ်။ဒါပေမယ့် သူ့ရဲ့ အလားအလာကို မြင်နေရပါတယ်။ သူဟာ တကယ့်ကို ထူးခြားနေတဲ့ တိုက်စစ်မှုး ဖြစ်ပါတယ်။ အန်ဖီးမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ သူ ပွဲထွက် ကစားသမား စာရင်းမှာ ပါခဲ့တယ်လို့ ကျနော် မထင်မိပါဘူး။ သူဟာ ဒဏ်ရာ ပြသနာကြောင့် အရန်ခုံကနေပဲ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ သူ့အကြောင်းကို တွေးနေရင်းနဲ့ အတော်လေး အလုပ်များနေခဲ့တာကို မှတ်မိနေပါသေးတယ်။

သူ့ကို ဘယ်လို close down လုပ်ရမလဲ ၊ ဘယ်လို တားဆီးသွားမလဲ ဆိုတာ စဉ်းစားနေခဲ့တာပါ။ ဒါပေမယ့်လည်း သူက ဂိုးသွင်းသွားခဲ့ပါတယ်။ ကြံ့ခိုင်မှုပိုင်းမှာ သူဟာ standard တစ်ခုကို ချထားနိုင်ခဲ့ပါတယ်။ ဒ့ါအပြင် သူဟာ တစ်ခြား အရာတွေ အများကြီး ပေါင်းစပ်ထားသူလည်း ဖြစ်ပါတယ်။ ဒါမျိုးဟာ ရှားပါးပါတယ်။ သူ့ရဲ့ အဆုံးသတ် စွမ်းရည်ကလည်း တကယ့် အံ့ဖွယ်ပါပဲ။

ဒါပေမယ့် သူ့ရဲ့ ရွေ့လျားမှုတွေက တကယ့်ကို ကောင်းတာကြောင့် ပြိုင်ဘက်တွေအတွက် ရင်ဆိုင်ရတာ ခက်ခဲ့ပါတယ်။ ကိုယ်ဟာ အကောင်းဆုံး ရွေ့လျားမှုတွေ လုပ်နိုင်မှသာ speed က အသုံးဝင်မှာပါ။ ဘာလို့လဲဆိုတော့ ပြေးနိုင်တာနဲ့ပဲ ဘာမှ အသုံးဝင်မှာ မဟုတ်ပါဘူး။ အထူးသဖြင့်
ခံစစ်ကို ကျော်ဖြတ်ပြေးရတဲ့ အခါမှာပေါ့။ လုံလောက်တဲ့ စိတ်ရှည်မှု ရှိရမှာ ဖြစ်ကာ offside မဖြစ်အောင် လုပ်ဆောင်ရပါမယ်။ ဒီ package ဟာ သူ့ကို စပယ်ရှယ် ဖြစ်စေပါတယ်။” လို့ ဆိုသွားပါတယ်။

SM